Outbreak.Asia သည် OSINT HK ၏ COIVD-19 စောင့်ကြည့်လေ့လာရာ ပလက်ဖောင်းတစ်ရပ်ဖြစ်ပါသည်။ OSINT HK သည် လွတ်လပ်စွာ ရယူနိုင်သော ရင်းမြစ်များကို ထောက်လှမ်း ခွဲခြမ်းစိတ်ဖြာလေ့လာသူ ပညာရှင်နှင့် အလွတ်တမ်းပညာရှင်စေတနာ့ဝန်ထမ်းများ စုစည်းထားခြင်း (သင့်အနေဖြင့် ကျွန်တော်တို့၏ လုပ်ဆောင်ချက်ကို ဤနေရာတွင် ပိုမိုဖတ်ရှုနိုင်ပါသည်) ဖြစ်ပါသည်။ OSINT HK သည် ဗိုင်းရပ်စ်နှင့် ၄င်းကြောင့်ဖြစ်သော နာမကျန်းမှုများတွင် အမည်တစ်ခုအနေဖြင့် မရှိသေးခင်ကတည်းကပင် COVID-19 ကပ်ရောဂါပျံ့ပွားမှုအကြောင်းကို လေ့လာစောင့်ကြည့်နေခဲ့ပါသည်။ ကျွန်တော်တို့၏ COVID-19 စောင့်ကြည့်လေ့လာခြင်းများသည် ထိပ်တန်းသတင်းစာများနှင့် တက္ကသိုလ်များတွင်ထက်ပင် ပထဝီဝင်အရ ပို၍ ကြည်လင်ပြတ်သားသော မြေပုံဖန်တီးခြင်းဖြင့် စတင်ခဲ့ပါသည်။ အသီးသီးသော ပစ္စည်းများ ပြတ်လပ်နေသည့် နေရာများအကြောင်းကို ပိုမို သိနားလည်အောင် ကြိုးပမ်းရန် လူထုထံမှ ရရှိသော အချက်အလက်ကို အခြေခံသော ပြတ်လပ်မှုမှတ်တမ်းတင်ကိရိယာ ဝဘ်အက်ပ် (Shortage Tracker web app) ကိုလည်း ဖန်တီးပြုလုပ်ထားပါသည်။

အမည်မသိသူ၏ ရက်ရောသော လှူဒါန်းမှုများဖြင့် ကျွန်တော်တို့သည် COVID-19 စောင့်ကြည့်လေ့လာရေး ပလက်ဖောင်း Outbreak.Asia ကို စတင်ချပြဆောင်ရွက်နိုင်ခဲ့ပါသည်။ ကျွန်တော်တို့သည် ယခင်က ထိုပထဝီဝင်အရ ကြည်လင်ပြတ်သားသော မြေပုံများကို ထုတ်လုပ်ရန် အချက်အလက်များကို ကိုယ်တိုင်ရှာဖွေရယူထည့်သွင်းခဲ့ရာမှ ယခုအခါတွင် အချိန်နှင့် တပြေးညီဖြစ်လုနီးပါး မြေပုံတစ်ခုကို ဆော့ဖှ်ဝဲဖြင့် အလိုအလျောက် အချက်အလက် စုစည်းနိုင်သော လုပ်ငန်းစဉ်တစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့ပါပြီ။ ကျွန်တော်တို့သည် ဖိလစ်ပိုင်နိုင်ငံရှိ အစားအသောက်ဖူလုံရေးအကျပ်အတည်း ကို တိုင်းတာလေ့လာစောင့်ကြည့်ရန် ပြတ်လပ်မှုမှတ်တမ်းတင်ကိရိယာကို အသုံးပြုရန်လည်း ကြိုးစားနေပါသည်။ ၄င်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရော အရှေ့တောင်အာရှနိုင်ငံများတွင်ပါ အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဦးဆောင် စံနှုန်းတစ်ခုဖြစ်သွားလိမ့်မည်ကို ကျွန်တော်တို့ စိုးရိမ်နေမိပါသည်။

ကျွန်တော်တို့သည် အုပ်စုတစ်ခုအဖြစ် စတင်သန္ဓေတည်စကတည်းက OSINT HK သည် လွတ်လပ်စွာ ရယူနိုင်သော ရင်းမြစ်များကို ထောက်လှမ်းခြင်းသည် မည်သည့်အရာများဖြစ်သည်၊ မည်သည်တို့ကို လုပ်ဆောင်နိုင်သည်ဟူသော နယ်ပယ်သစ်တစ်ရပ်ကို ရှာဖွေနေခဲ့ပါသည်။ ကော်ပိုရေးရှင်းများအနေဖြင့် ရယူလိုသော အန္တရာယ်ဖြစ်နိုင်ခြေခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များ သို့မဟုတ် စုံစမ်းထောက်လှမ်းအစီရင်ခံစာများနှင့် မနီးယိုးစွဲဖြစ်သော အရာတစ်ခုအဖြစ် ကျွန်တော်တို့သည် ဤပလက်ဖောင်းကို ရှုမြင်ပါသည်။ ကျွန်တော်တို့သည် သိပ္ပံအချက်အလက်များကို လိုက်မီနိုင်စေရန် ကြိုးစားသည်။ လူအများသိသင့်တော့ အရေးကြီးအချက်အလက်များအကြောင်းကို ရှင်းလင်းတင်ပြချက်များအနေဖြင့် ရေးသားဖော်ပြပါသည်။ ကျွန်တော်တို့ ဒေသတွင်းရှိ နိုင်ငံအသီးသီးအတွက် ပုံမှန်အခြေအနေအစီရင်ခံစာများ တင်ပြပါသည်။ ဆေးဘက်ဆိုင်ရာနှင့် အခြားပြဿနာများအတွက် လွတ်လပ်စွာ ရယူနိုင်သော ရင်းမြစ်မှာ ရရှိသည့် ဖြေရှင်းနည်းလမ်းများကို မျှဝေပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် – Trey, Nathan, Abe, Kodenol, Leo, or Snufkin