COVID-19 ကုသခြင်းဆိုင်ရာ သိပ္ပံအချက်အလက်များနှင့် သိပ္ပံယိုးမှား ယုံတမ်းစကား

ဗိုင်းရပ်စ်ကို နားလည်ခြင်း

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေထဲမှာ COVID-19 ဟာ အီလက်ထရွန် အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ရင် သရဖူလိုပုံစံမျိုးနဲ့ ရှုပ်ရှုပ်ထွေးထွေး ဖွဲ့စည်းထားတာကြောင့် အင်မတန်ကို ထူးခြားပါတယ်။ ဗိုင်းရပ်စ်ရဲ့ သရဖူလိုပုံစံကြောင့် ကိုရိုနာလို့ နာမည်တွင်နေတာ ဖြစ်ပါတယ်။ ကိုရိုနာရဲ့ အဓိပ္ပါယ်ဟာ သရဖူဖြစ်ပါတယ်။ ဗိုင်းရပ်ရဲ့ ပွားတဲ့ အပိုင်းဖြစ်တဲ့ ပရိုတိန်းဓာတ်ပါဝင်တဲ့ စာအိတ်ပုံအရာတစ်ခုနဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ထားပါတယ်။ အဲ့လို ဗီဇ ပုံစံမျိုးကို အရင်က တစ်ခါမှ မြင်ဖူးခဲ့ခြင်း မရှိတာကြောင့် ဆေးဝါး ကုမ္ပဏီတွေအနေနဲ့ ဗိုင်းရပ်စ်ရဲ့ ပွားနိုင်စွမ်းကို ဦးတည်ရပ်တန့်စေနိုင်တဲ့ … Read More

အခြေအနေ အစီရင်ခံစာ – တရုတ်ပြည်မ

နောက်ပိုင်း လူများစွာ၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းမှာ တရုတ်ပြည်၏ လက်ရှိအစစ်အမှန် အခြေအနေသည် မည်သို့ဖြစ်သနည်းဟူ၍ ဖြစ်ပါသည်။ ကျွန်တော် လွန်ခဲ့သော တစ်လက ပြောခဲ့သလိုပင် “ အရေအတွက်များသည် မှားယွင်းနေနိုင်ပါသည်။ သို့သော် သွားနေသော လမ်းကြောင်းမှာမူ အမှန် ဖြစ်ပါသည်။” ယနေ့ လက်ရှိတွင်ရော ကပ်ရောဂါပျံ့နှံ့မှု ထိပ်ဆုံး ရောက်နေချိန်တွင်ပါ တရုတ်ပြည်မှ ထွက်လာသော ကိန်းဂဏာန်းများကို သံသယရှိသည်ဟု ဆိုခြင်းတွင် အကြောင်းရင်းများ ရှိပါသည်။ သို့သော် ခြုံငုံပုံသွင်သဏ္ဍာန်မှာမူ မှန်ကန်သည်ဟု ယူဆရပါသည် –

Read More

ရှင်းလင်းတင်ပြချက် – COVID-19 စမ်းသပ်နည်းလမ်းများ

COVID-19 စမ်းသပ်ခြင်းသည် အစိုးရနှင့် ကျန်းမာရေးပညာရှင်များအနေဖြင့် လူထုအတွင်း ရောဂါကူးစက်မှု အတိုင်းအတာနှင့် နက်ရှိုင်းမှုကို သိရှိနားလည်အောင် လုပ်ဆောင်ပေးသောကြောင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် အလွန်ပင် အရေးကြီးပါသည်။ အမြောက်အမြား စမ်းသပ်ခြင်းသည် ပြည်သူလူထုအား ကပ်ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ပိုမိုထိရောက်သော မူဝါဒများကို ကောက်ကြောင်းဖော်ရာတွင် ကူညီပေးပါသည်။ COVID-19 အတွက် အသုံးပြုသော စမ်းသပ်ရန် အဓိကနည်းလမ်း သုံးနည်း ရှိပါသည်။

COVID-19 ရောဂါဖြစ်စေသော SARS-Cov-2 ဗိုင်းရပ်စ်ကို စမ်းသပ်သိရှိရန် ယခုအချိန်အထိ အသုံးအများဆုံး စမ်းသပ်နည်းလမ်းမှာ Reverse Transcriptase-Polymerase … Read More

ပြင်းထန်စွာ ပိတ်ဆို့ခြင်း (Hard Lockdown) အပြင် အခြားနည်းလမ်းများ

ပိတ်ဆို့ခြင်း (Lockdown) ၏ တန်ဖိုးကို နားလည်ရန် အောက်ပါ အတွေးစမ်းသပ်ချက်ကို သုံးသပ်ကြည့်ပါ – မလုပ်မဖြစ် အလုပ်လုပ်နေရသော သူများမှ လွဲ၍ ကမ္ဘာပေါ်ရှိ လူတိုင်းသည် နှစ်ပတ်ကြာ အိမ်တွင်သာ နေထိုင်ပါက ဤကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါပျံ့နှံ့မှုကြီးသည် နိဂုံးကမ္ပတ်အဆုံးသတ်သို့ ရောက်ရပါလိမ့်မည်။ ၄င်းကို ပြုလုပ်ခြင်းသည် အိမ်ပြင်ပရှိ မည်သည့်သူတစ်ဦးကိုမျှ ဗိုင်းရပ်စ်ပိုးကူးစက်ရန် အခွင့်အရေး ပေးတော့မည်မဟုတ်ပါ။ SARS-nCOV-2 ကြောင့် ဖျားနာနေသော မည်သူမဆို နှစ်ပတ်တာကာလ အတွင်းတွင် ရောဂါလက္ခဏာများ ပြသလာပါလိမ့်မည်။ ရောဂါလက္ခဏာပြလာသော သူများ၏ မိသားစုဝင်များကို … Read More

စာရွက်စာတမ်း – ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်း COVID-19 အစီရင်ခံစာ

ကျွန်တော်တို့ဟာ ဒီအစီရင်ခံစာကို ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်းကနေ မနေ့က လက်ခံရရှိခဲ့ပါတယ်။ မူလထိုင်းဗားရှင်းကို ဒီမှာ ရရှိနိုင်ပါတယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ ခြုံငုံအလားအလာဟာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားတွေလို အိမ်နီးချင်းနိုင်ငံတွေနဲ့ သေချာပေါက် ဆင်တူ နီးပါးဖြစ်နေမယ်လို့ ယူဆတဲ့အတွက် ကျွန်တော် ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။

အကြောင်းအရာ – ကိုရိုနာဗိုင်းရပ်စ် 2019 (COVID-19) ကူးစက်ခြင်းကို ကြားဖြတ်ရန် ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များနှင့် နည်းလမ်းများကို ပေးရန်

သို့ – ထိုင်းနိုင်ငံရှိ ဆေးကျောင်းတိုင်း၏ မဟာဌာနမှူးများ

တရုတ်ပြည်၊ … Read More