အခြေအနေအစီရင်ခံစာ – ထိုင်းနိုင်ငံ

ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါပျံ့နှံ့မှုသည် နိုင်ငံနှင့် မြို့ရာချီ၍ ကမ္ဘာအနှံ့ ကူးစက်နေပါသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှ စ၍ COVID-19 ကပ်ရောဂါပျံ့နှံ့မှုသည် ရောဂါရှိသူလူနာပေါင်း ၉၃၅၀၂၂ နှင့် ကျန်းမာရေးဌာနပေါင်း ၄၇၂၄၅ ခုအထိတိုင် ကမ္ဘာ့ကျန်းမာရေးကို ပြင်းထန်သော သက်ရောက်မှု ဖြစ်စေခဲ့ပါသည်။ ထိုင်းနိုင်ငံရှိ အခြေအနေသည် ကနဦး SARS-Cov-2 ပိုးတွေ့ရှိခဲ့သော လွန်ခဲ့သည့် လပေါင်းများစွာကတည်းက ဆိုးဝါးနေပါသည်။ ထိုင်းနိုင်ငံရှိ စီရင်စုအသီးသီးသည် ပြင်းထန်စွာ သို့မဟုတ် ညင်ညင်သာသာ ပိတ်ဆို့ခြင်းများ (Lockdowns) ကို ဆောင်ရွက်ခြင်းဖြင့် မကြာခင်က တုံ့ပြန်ခဲ့ပါသည်။ ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာသည် စီရင်စုနယ်များ အလောတကြီး ပိတ်ဆို့ဆောင်ရွက်နေသည့်အကြား နိုင်ငံတော်အရေးပေါ်အခြေအနေ ကို မတ်လ ၂၄ တွင် ကြေညာခဲ့ပါသည်။ ဧပြီလ ၂ ရက်တွင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ နိုင်ငံအနှံ့ညမထွက်ရအမိန့် ကို ထုတ်ပြန်ခဲ့ပြီး စစ်သားများ၊ ရဲများဖြင့် အတင်းအကြပ် အသက်ဝင်အောင် လုပ်ဆောင်ခဲ့ပါသည်။ မဖြစ်မနေ လုပ်ဆောင်လည်ပတ်နေရသော စက်ရုံများတွင် အလုပ် မလုပ်သော သို့မဟုတ် သွားလာခွင့် မရရှိထားသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် အိမ်တွင်သာ နေထိုင်ရန် မျှော်လင့်ပါသည်။

ပြင်းထန်စွာ ပိတ်ဆို့ခြင်း (Hard Lockdown) အပြင် အခြားနည်းလမ်းများ ကို ဖတ်ပါ

လူနာများ၊ ဓာတ်ခွဲစမ်းသပ်ခြင်း နှင့် ခန့်မှန်းချက်များ

ဧပြီလ ၇ ရက်အထိ ထိုင်းနိုင်ငံတွင် SARS-CoV-2 ရောဂါ အတည်ပြုပြီးသူ ၂၂၅၈ ဦးရှိပါသည်။ ၈၂၄ ဦးသည် ပြန်လည်ကောင်းမွန်လာပြီး ၂၇ ဦး သေဆုံးခဲ့ပါသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေသည် ပို၍ များပြားလာနိုင်ရှိပါသည်။ အခြားအရှေ့တောင်အာရှနိုင်ငံများကဲ့သို့ပင် SARS-CoV-2 ကို ဓာတ်ခွဲစမ်းသပ်ခြင်းသည် ဓာတ်ခွဲခန်းစွမ်းဆောင်ရည်ကင်းမဲ့မှုကြောင့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါသည်။ အတည်ပြုလူနာအရေတွက်သည် လွန်ခဲ့သော ၁၁ ရက်အတွင်း နှစ်ဆတိုးလာခဲ့ပါသည်။ သို့သော် တိကျသော နှစ်ဆတိုးနှုန်းကိုမူ ရှာဖွေစမ်းသပ်နိုင်စွမ်းတိုးမြှင့်မှုမရှိဘဲ မသိနိုင်ပါ။ CMMID သည် ထိုင်းနိုင်ငံအတွက် မော်ဒယ်မထုတ်သေးပါ။ သို့သော်လည်း မလေရှားနိုင်ငံရှိ အလွန်မြင့်မားသော RO ( ၂.၉ အမြင့်ထိ ဖြစ်ကောင်းဖြစ်နိုင်) ယူဆပါသည်။ (RO ဆိုသည်မှာ ရောဂါရှိသူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်သော ပျမ်းမျှအရေအတွက် ဖြစ်သည်။)

CMMID မလေးရှား ခန့်မှန်း RO Malaysia R0 Estimate
မြင့်လေ ကောင်းလေ

Outbreak.Asia COVID-19 စမ်းသပ်နည်းလမ်းများ ကို ဖတ်ရှုပါ

ထိုင်းနိုင်ငံတွင်း PCR ဖြင့် စမ်းသပ်နိုင်စွမ်းသည် လူတစ်သန်းတွင် ၃၅၃ ကြိမ်သာ ရှိပြီး နိမ့်လွန်းနေပါသည်။ မတ်လ ၃၁ ရက် အထိ ထိုင်းနိုင်ငံအတွင်းတွင် SARS-CoV-2 ကို ရှာဖွေစမ်းသပ်ရန် ခွင့်ပြုထားသော ဓာတ်ခွဲခန်းပေါင်း ၅၇ ခု ရှိပါသည်။ နောက်ထပ် ၄၀ ကျော်သည်လည်း ခွင့်ပြုချက်ရရှိရန် လုပ်ဆောင်နေပါသည်။ “ စီရင်စုတစ်ခုတွင် ဓာတ်ခွဲခန်းတစ်ခု – ၂၄ နာရီ အစီရင်ခံခြင်း” စီမံချက်မှတစ်ဆင့် ထိုင်းအစိုးရသည် PCR စစ်ဆေးခြင်းကို လုပ်ဆောင်နိုင်ရန် အသိအမှတ်ပြု အစိုးရနှင့် ပုဂ္ဂလိက ဓာတ်ခွဲခန်း ၁၁၀ ရှိလာဖို့ မျှော်လင့်ထားပါသည်။ အသိအမှတ်ပြုပြီးဖြစ်သော ဓာတ်ခွဲခန်း ၅၇ ခုစလုံး စစ်ဆေးမှု စတင်ပါက ထိုင်းနိုင်ငံ၏ လက်ရှိအနီးဆုံးပန်းတိုင်သည် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဧရိယာများတွင် တစ်နေ့လျှင် စစ်ဆေးမှု ၁၀၀၀၀ နှင့် ကျန်သော အခြားစီရင်စုများမှ နောက်ထပ် စစ်ဆေးမှု ၁၀၀၀၀ ပြုလုပ်နိုင်ရန် ဖြစ်ပါသည်။ ဧပြီလ ၄ ရက်၊ စနေနေ့ အထိ ထိုင်းနိုင်ငံသည် ကပ်ရောဂါပျံ့ပွားမှု စတင်သည်မှစ၍ လူပေါင်း ၂၅၈၅၇ ဦးတွင် စစ်ဆေးမှု ၇၁၈၆၀ ကြိမ် ပြုလုပ်ခဲ့ပါသည်။ တွေ့ရှိနှုန်းမှာ ၉ ရာနှုန်း ဖြစ်ပါသည်။ PCR စစ်ဆေးခြင်းကို လက်ခံရရှိရန် စောင့်ဆိုင်းချိန်မှာ သုံးရက်မှ လေးရက် ဖြစ်ပါသည်။ ရယူထားသော PCR နမူနာများစွာသည် စစ်ဆေးခြင်းမရှိဘဲ ရက်ပေါင်းများစွာ စောင့်ဆိုင်းရပါသည်။ ဖိလစ်ပိုင် မှာကဲ့သို့ပင် မြောက်များစွာသော စစ်ဆေးမှုအလုပ်ကြွေး ဖြစ်နေပါသည်။

မြင့်လေ ကောင်းလေ

ထိုင်းနိုင်ငံသည် တရုတ်ပြည်မှ လွဲလျှင် ပထမဆုံးသော COVID-19 လူနာကို အတည်ပြုသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ တရားဝင်အတည်ပြုလူနာများသည် နည်းပါးပါသည်။ သို့သော တရားမဝင်အားဖြင့် ထိုင်းအာဏာပိုင်များသည် သံသယလူနာများစွာ ကို တားဆီးကာကွယ်ရေးစီမံချက်များလုပ်ဆောင်နေစဉ်ကာလအတွင်း စုံစမ်းစစ်ဆေးနေခဲ့ပါသည်။ မတ်လ ၂၁ ရက်တွင် Outbreak.Asia သည် ထိုင်းဆေးကျောင်း ပူးပေါင်းအဖွဲ့အစည်းမှ အစီရင်ခံစာတစ်စောင်ကို ဖော်ပြခဲ့ပါသည်။ ၄င်းတို့သည် နောက်ထပ် ရက်ပေါင်း ၃၀ အတွင်း ဗိုင်းရပ်စ်ကို နှိမ်နှင်းရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ခဲ့ပါက လူပေါင်း ၃၅၁၇၉၂ ကို ရောဂါကူးစက်သွားလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ပါသည်။ ထိုလူနာများထဲမှ ၅၂၇၉၂ ဦးသည် ဆေးရုံတက်ရန်လိုအပ်ပြီး ၇၀၃၉ ဦးသည် သေဆုံးပါလိမ့်မည်။ ထိရောက်သော ပိတ်ဆို့ခြင်းများ (Lockdowns) များကို ပြုလုပ်ပါက ရောဂါကူးစက်မှုနှုန်းသည် ၂၄၂၆၉ ဦးသို့ ကျဆင်းသွားပြီး သေဆုံးမှုများသည် ၄၈၅ ဦးဖြစ်သွားပါလိမ့်မည်။

ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်း မှ

မတ်လအစောပိုင်း တွင် ထင်ရှားသော နိုင်ငံလုံးလွှမ်းခြုံကျန်းမာရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရောဂါကူးစက်မှုကို တုံ့ပြန်ရန် “ အမျိုးသားကျန်းမာရေးလုံခြုံမှုအဖွဲ့ (NHSO) ကော်မတီသည် Covid-19 အတွက် မီးစိမ်းပြခဲ့ပါသည်။” NHSO သည် COVID-19 စစ်ဆေးရန်အတွက် ဘတ်သန်းတစ်ထောင် ဘတ်ဂျက်ချထားခဲ့ပြီး လိုအပ်ပါက နောက်ထပ်ဘတ် ၂.၅ ဘီလီယံကိုလည်း ဘတ်ဂျက်ထပ်တိုးရန် လျာထားပါသည်။ ဘတ်သန်း ၆.၂ ဘီလီယံကို ဗိုင်းရပ်ကို နှိမ်နှင်းရန်အတွက် သုံးမည်ဖြစ်သည့် ဆေးပစ္စည်းများကို ဝယ်ယူရန် လျာထားပါပသည်။ ထို့အပြင် ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ “ သွေးစည်းညီညွတ်မှု စမ်းသပ်ခြင်း (Solidarity Trial)” တွင် ပါဝင်ရန် WHO နှင့် ချိတ်ဆက်ထားခဲ့ပြီး ဖြစ်ပါသည်။ အာဏာပိုင်များသည် ရောဂါကူးစက်ခံရသော လူနာများအတွက် နောက်ထပ် ဆေးရုံကုတင်များ လုံလောက်စွာရရှိစေရန် အားထုတ်နေပါခဲ့ပြီး COVID-19 နှင့် ဆက်စပ်ပြီး ဆေးရုံတက်ရခြင်းသည် တစ်နေ့လျှင် ၁၀၀၀ အောက် ရှိနေသမျှကာလပတ်လုံး သူတို့သည် အကျပ်အတည်းအခြေအနေကို မတွေ့ကြုံနိုင်ဟု ယုံကြည်နေပါသည်။ စနစ်သည် ယခုလက်ရှိတွင် တောင့်တင်းခိုင်မာသည်ဟု ထင်ရသော်လည်း လူတစ်ဦးနှင့် တစ်ဦး အဝေးတွင် နေထိုင်ခြင်းအစီအမံမရှိခဲ့ပါက ၄င်းသည် အလွယ်တကူပင် ဒုက္ခရောက်သွားနိုင်ပါသည်။

ရုတ်တရက် စီးပွားရေးကျဆင်းခြင်း

များမကြာမီက ကြေညာခဲ့သော နိုင်ငံတော်အရေးပေါ်အခြေအနေသည် နိုင်ငံခြားသားများကို နိုင်ငံတွင်းသို့လာရောက်ခွင့် ပိတ်ပင်လိုက်ပါသည်။ ၄င်းတွင် သံတမန်ရေးရာ သို့မဟုတ် အလုပ်လုပ်ခွင့်ပြုထားသူများ မပါချေ။ ၄င်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားကြားရှိ နယ်စပ်ဂိတ်များကို ပိတ်စေခဲ့ပါသည်။ ၄င်းသည် နဂိုကတည်းကပင် ထိခိုက်ရင်းစွဲရှိနေသော ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများကို ပိုမို ကြီးမားစွာ ထိခိုက်စေခဲ့ပါသည်။ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) သည် ဇွန်လ ၂၀၂၀ တွင် ရင်းနှီးမြုပ်နှံ့ငွေ အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ ဆုံးရှုံးခဲ့ပြီး သုံးလတစ်ကြိမ် အသားတင်ဆုံးရှံးမှုမှာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံရှိသည်ဟု တွက်ချက်ခဲ့ပါသည်။ ရှောင်လွှဲမရသော ကုန်ကျစရိတ်၏ ထိပ်ဆုံးသည် များပြားလှစွာ ခရီးစဉ်များ ဖျက်သိမ်းခြင်းကြောင့် လေကြောင်းလိုင်းသည် ရောင်းချပြီး အသုံးမပြုရသေးသော လက်မှတ်ဖိုးများကို ဖောက်သည်များကို ငွေပြန်အမ်းရသော ဝန်ထုတ်ဝန်ပိုးပင် ဖြစ်ပါသည်။ ထိုင်းလေကြောင်းလိုင်း ခုနစ်လိုင်း (Bangkok Airways, THAI Smile, Thai VietjetAir, Thai AirAsia X, Thai AirAsia, Thai Lion Air နှင့် Nok Air) သည် သတင်းများအရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဘတ် ၁၆ သန်း အကူအညီကို ရှာဖွေနေပါသည်။ လေကြောင်းလိုင်းများသည် ၄င်းတို့၏ ဝန်ဆောင်မှုများ ဆိုင်းငံ့ထားချိန်တွင် ဝန်ထမ်းများအား ဆက်ထားနိုင်ရန်အတွက် ရေရှည်ချေးငွေရယူနိုင်ရန်၊ ငွေပြန်ရရန်လွယ်ကူမှုကို တိုးမြှင့်ရန်နှင့် ဝန်ထမ်းလစာ အစိုးရထံမှ ထောက်ပံ့ငွေရရှိရန် မျှော်လင့်ပါသည်။ ကပ်ရောဂါသည် ဟိုတယ်များနှင့် ဆိုင်ပိုင်ရှင်များအပေါ်လည်း သက်ရောက်ပါသည်။ အကူအညီများ မရရှိပါက ဆိုင်များစွာသည် သူတို့၏ ဝန်ထမ်းများကို အလုပ်ဖြုတ်ရန် မလုပ်မနေလုပ်ရပါတော့မည်။

COVID-19 ကပ်ရောဂါအကြားတွင် ထိုင်းဗဟိုဘဏ် (Bank of Thailand) သည် နိုင်ငံ GDP ၅.၃ % ကျဆင်းသွားမည်ဟု ခန့်မှန်းခဲ့ပါသည်။ ၄င်းအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းအစိုးရသည် ဘတ် ၁.၉ ထရီလီယံ ဘဏ္ဍာရေးလှုံ့ဆော်မှုအစု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဘတ်ငွေ တစ် ထရီလီယံကို ချေးငွေပေးခဲ့ပါသည်။ ၄င်းအစုတွင် ပါဝင်သည်များမှာ –

  • နောက်ခြောက်လ ရေနှင့် လျှပ်စစ်မီးဖိုးအတွက် ၃ % လျော့ချ ပြီး အစားထိုးပေးငွေ (မျှော်မှန်းသုံးစွဲငွေ ဘတ် ၅.၁၆ ဘီလီယံ)
  • ဘတ် သန်း ၅၀၀ မှာ အလတ်စားနှင့် အသေးစားလုပ်ငန်းများအတွက် အတိုးနှုန်းနိမ့်ချေးငွေအထောက်အပံ့
  • ဘတ် သန်း ၁၀၀ အောက်ချေးငွေများတွင် အကြွေးတရားဝင် ဆိုင်းငံ့ထားခြင်း
  • ကျန်းမာရေးဆိုင်ရာ အစီအစဉ်များနှင့် ငွေကြေးအထောက်အပံ့များတွင် ဘတ် သန်း ၆၀၀
  • ဤငွေကြေးအထောက်အပံ့၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကပ်ရောဂါကြောင့် ထိခိုက်သော ကျပန်းလုပ်သားများနှင့် တိုင်းပြည်၏ မိမိကိုယ်ပိုင်စီးပွားရေးလုပ်သူ ခန့်မှန်းဦးရေ ၉ သန်းခန့်အတွက် တစ်လလျှင် ဘတ် ၅၀၀၀ ထောက်ပံ့ငွေပေးခြင်းသည် သုံးလမှ ခြောက်လအထိ တိုးသွားနိုင်ပါသည်။

အစိုးရငွေချေးစာချုပ်မတည်ငြိမ်မှုကို လျော့ချရန် ထိုင်းဗဟိုဘဏ် (Bank of Thailand) သည် မတ်လ ၁၃-၂၀ ရက်၊ ၂၀၂၀ အတွင်း ချေးငွေစာချုပ် ဘတ် ၁၀၀ ဘီလီယံ ဝယ်ယူခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန အစုရှယ်ယာနှင့် ငွေကြးလှဲလှယ်ရေးကော်မရှင်နှင့် ထိုင်းဗဟိုဘဏ်သည် အကြွေးသက်တမ်းတိုးရေးတွင် ကူညီရန် ကော်ပရိတ်များမှ အရည်အသွေးမြင့် ချေးငွေစာချုပ်များတွင် ရင်းနှီးမြုပ်နှံရန် ဘတ် ၇၀-၁၀၀ ဘီလီယံ ကော်ပရိတ်ငွေချေးစာချုပ်တည်ငြိမ်ရေးရန်ပုံငွေ (CBSF) ကို ထူထောင်ခဲ့ပါသည်။ အစီအစဉ်အားလုံးထဲတွင် အကောင်းဆုံးမှာ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဧပြီလနှင့် ဇူလိုင်လကြားကာလတွင် ပိုမိုထိရောက်သော အစီအစဉ်များကို ရေးဆွဲ လုပ်ဆောင်ရန် ကတိပြုခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းလူမျိုးများစွာသည် အိမ်မှာ နေထိုင်ရင်း အစိုးရ ချမှတ်ထားသည့် ခပ်ခွာခွာနေ အစီအမံကို လိုက်နာနေကြပါသည်။ ၄င်းသည် အိမ်အရောက်ပို့ဝန်ဆောင်မှု လုပ်ငန်းများနှင့် အီးကောမတ်ဝန်ဆောင်မှုများအတွက် အကျိုးအမြတ်ကြီးစွာ ရစေခဲ့ပါသည်။ များစွာသော အစားအသောက် အိမ်အရောက်ပို့ဝန်ဆောင်မှုများသည် ကပ်ရောဂါ စတင်ချိန်မှ စတင်ပြီး မှာယူမှု နှစ်ဆတိုးသွားကြောင်း အစီရင်ခံခဲ့ကြပါတယ်။ မူလကပင် လျင်မြန်စွာ ကြီးမားလာသော အစားအသောက်ပို့ဆောင်ရေးကဏ္ဍသည် ဆေးဘက်ဆိုင်ရာ လုပ်ငန်းများ၊ ကျန်းမာရေးနှင့် အသက်အာမခံလုပ်ငန်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ရေး ဝန်ဆောင်မှုများနှင့် အခြား ဒစ်ဂျစ်တယ်နည်းပညာပလက်ဖောင်းများနည်းတူ ကပ်ရောဂါပျံ့နှံ့မှုမှ အကျိုးအမြတ်ကြီးစွာ ရရှိခဲ့သော လုပ်ငန်းနယ်ပယ်များထဲမှ တစ်ခု ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ အဓိက ဆန့်တင်ပို့သော နိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။ နှစ်ဦးပိုင်းတွင် ထိုင်းဆန်တင်ပို့မှုသည် ဘတ်ငွေတန်ဖိုးမြင့်ပြီး မိုးခေါင်မှုများသည် စိုက်ပျိုးရေးကဏ္ဍအတွက် ၂၀၁၉ ကို ဆိုးဝါးသော ခုနှစ်တစ်ခု ဖြစ်စေခဲ့သောကြောင့် ဆိုးဝါးနေသော အနေအထားရှိနေခဲ့ပါသည်။ COVID-19 ကပ်ရောဂါသည် အရာရာကို အံ့သြဖွယ်ပြောင်းလဲပစ်ခဲ့ပါသည်။ ဆန်စျေးနှုန်းများသည် ၂၀၁၃ မှ ယခုအချိန်အတွင်း အမြင့်ဆုံးဖြစ်နေပါသည်။ ပြိုင်ဘက် ဆန်တင်ပို့နိုင်ငံများဖြစ်သော အိန္ဒိယနှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးသည် ကုန်တင်ပို့မှု အနှောင့်အယှက်များ ကြုံနေရပါသည်။ ဤလုပ်ငန်းနယ်ပယ်တွင် အလားအလာကောင်းလာမည်ဟု အကောင်းမြင်မှုများကို ဦးတည်သွားနိုင်သော မကြာမီက ဖြစ်ရပ်များကို ဆန့်ကျင်ပြီး ကပ်ရောဂါသည် ထိုင်းနိုင်ငံနှင့် ၄င်း၏ တင်ပို့သော ဆန်များအပေါ်မှီခိုနေရသော နိုင်ငံများကို အခက်အခဲဒုက္ခကြုံစေခဲ့ပါသည်။ အခြားသော ကဏ္ဍများနှင့် မတူညီဘဲ စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်သည် အတိအကျလုပ်ဆောင်စွာ စိုက်ပျိုးရိတ်သိမ်းခြင်းကို လုပ်ဆောင်ရသည့်အတွက် “ အချိန်ကြာကြာ ပိတ်ဆို့ခြင်းကြောင့် မဟုတ်ဘဲ အချိန်ကိုက်ပိတ်ဆို့သကဲ့သို့ ဖြစ်နေခြင်းကြောင့် ကြီးမားစွာ ထိခိုက်ခဲ့ရပါသည်။” ထိုင်းလုပ်သားများသည် နေမကောင်းဖြစ်ပါက သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်သည် ပိတ်ဆို့ခြင်းကြောင့် ပျက်စီးသွားပါက ဆိုးဝါးသော စိုက်ပျိုးရေးရာသီသည် ကျန်တစ်နှစ်လုံးအတွက် ရိတ်သိမ်းဆွတ်ခူးမှုကိုလည်း ပျက်စီးစေနိုင်ပါသည်။ အလားတူပင် နိုင်ငံသည် ကပ်ရောဂါပျံ့ပွားမှုကို တုံ့ပြန်သောအားဖြင့် အခြားအရှေ့တောင်အာရှနိုင်ငံများကဲ့သို့ ဆန်သိုလှောင်ခြင်းကို စတင်ခဲ့ပါက ဒေသအနှံ့အပြားတွင် လူများစွာသည် အငတ်ဘေး ကြုံတွေ့သွားရနိုင်ပါသည်။

ဖိလစ်ပိုင် အစားအသောက် ဖူလုံရေး အကြပ်အတည်း ကို ဖတ်ပါ။

ကြောက်မက်ဖွယ် စီးပွားရေးနှင့် ကျန်းမာရေး ရလဒ်များကို ဆန့်ကျင်ပြီး ကပ်ရောဂါကြောင့် ထိခိုက်နိုင်မှုကို အနည်းဆုံး ဖြစ်စေရန် မျှော်လင့်ချက် ရှိပါသေးသည်။ ထိုင်းလူမျိုး၏ ၇၀ ရာနှုန်းသည် ထိုင်းအစိုးရမှ ချမှတ်ထားသော ခပ်ခွာခွာနေ အစီအမံကို လိုက်နာနေကြကြောင်း စိတ်ကျန်းမာရေးဦးစီးဌာနမှ ကောက်ယူခဲ့သော လူ ၂၆၀၀၀ အားမေးမြန်းထားသည့် မကြာမီက လုပ်ဆောင်ခဲ့သော လေ့လာချက်အရ တွေ့ရှိခဲ့ရပါသည်။ လူဦးရေ၏ ၈၀ ရာနှုန်းသည် အမျိုးမျိုးသော ပိတ်ဆို့ခြင်းကာလတွင် အောင်မြင်စွာ ခပ်ခွာခွာ နေနိုင်ပါက ဧပြီလ ၁၅ ရက်တွင် ခန့်မှန်းလူနာသည် ယခင်ပိုမိုကြောက်မက်ဖွယ် ခန့်မှန်းထားချက်အတိုင်းမဟုတ်ဘဲ ၇၇၄၅ အထိ လျော့နည်းသွားနိုင်ပါသည်။ စိတ်ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် Dr. Kiattiphoom Vongrachit ကို ကိုးကားလိုပါသည်။ “ ခပ်ခွာခွာနေခြင်းသည် Covid-19 ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စွမ်းအားကြီးလွန်းသော လက်နက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလက်နက်ဟာ ထိုင်းပြည်သူလူထုအားလုံး တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.