COVID-19 ကုသခြင်းဆိုင်ရာ သိပ္ပံအချက်အလက်များနှင့် သိပ္ပံယိုးမှား ယုံတမ်းစကား

ဗိုင်းရပ်စ်ကို နားလည်ခြင်း

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေထဲမှာ COVID-19 ဟာ အီလက်ထရွန် အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ရင် သရဖူလိုပုံစံမျိုးနဲ့ ရှုပ်ရှုပ်ထွေးထွေး ဖွဲ့စည်းထားတာကြောင့် အင်မတန်ကို ထူးခြားပါတယ်။ ဗိုင်းရပ်စ်ရဲ့ သရဖူလိုပုံစံကြောင့် ကိုရိုနာလို့ နာမည်တွင်နေတာ ဖြစ်ပါတယ်။ ကိုရိုနာရဲ့ အဓိပ္ပါယ်ဟာ သရဖူဖြစ်ပါတယ်။ ဗိုင်းရပ်ရဲ့ ပွားတဲ့ အပိုင်းဖြစ်တဲ့ ပရိုတိန်းဓာတ်ပါဝင်တဲ့ စာအိတ်ပုံအရာတစ်ခုနဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ထားပါတယ်။ အဲ့လို ဗီဇ ပုံစံမျိုးကို အရင်က တစ်ခါမှ မြင်ဖူးခဲ့ခြင်း မရှိတာကြောင့် ဆေးဝါး ကုမ္ပဏီတွေအနေနဲ့ ဗိုင်းရပ်စ်ရဲ့ ပွားနိုင်စွမ်းကို ဦးတည်ရပ်တန့်စေနိုင်တဲ့ ဆေးကို ထုတ်လုပ်ဖို့ အချိန်များစွာ ယူရဦးမှာ ဖြစ်ပါတယ်။

အဲ့ဒီထူးခြားချက်ကြောင့် ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်အသိုင်းအဝိုင်းဟာ တိကျတဲ့ ကုသနည်းကို ရှာဖွေဖို့ ဗိုင်းရပ်စ်အကြောင်းကိုရော ဗိုင်းရပ်စ်နဲ့ ခန္ဓာကိုယ် ဘယ်လို အပြန်အလှန်တုံ့ပြန်ကြတယ်ဆိုတဲ့ အကြောင်းကိုပါ လေ့လာတဲ့ နေရာမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေများစွာ တွေ့ကြုံနေရပါတယ်။ ကာကွယ်ဆေးထုတ်ဖို့ စမ်းသပ်ဖို့ အတည်ပြုဖို့ စုစုပေါင်း အချိန် ၁၂ လကနေ ၁၈ လအထိ ကြာမြင့်နိုင်တယ်လို့ ပညာရှင်အများစုကတော့ ခန့်မှန်းထားကြပါတယ်။ ကာကွယ်ဆေးသုတေသနနဲ့ ပတ်သက်ပြီး ပညာရှင်တွေ အဓိက ကြုံရတဲ့ ပြဿနာကတော့ ပိုးကို သွင်းပေးတာနည်းရင် လိုအပ်တဲ့ ပဋိပစ္စည်းမထွက်တာ၊ ပိုးကို ထိုးသွင်းတာ သိပ်များသွားခဲ့ရင်လည်း လူကို ဖျားနာလာစေတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရောက်မလာခင် ကျွန်တော်တို့ အမျှော်လင့်နိုင်ဆုံးကတော့ ဗိုင်းရပ်စ်ရဲ့ ပွားနိုင်စွမ်းကို တားမြစ်ပေးတဲ့ (ဗိုင်းရပ်ဆန့်ကျင်) ကုသနည်း၊ ဒါမှမဟုတ် အပြင်းထန်ဆုံး ရောဂါဝေဒနာကို သက်သာစေတဲ့ ကုသနည်းတစ်နည်းနည်းကို ရှာဖွေတွေ့ရှိဖို့ပဲ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်က ဆဲလ်တွေထဲမှာ ပွားပါတယ်။ အဲ့ဒါကြောင့် ဆဲလ်တွေကို မထိခိုက်ဘဲ ဗိုင်းရပ်ကို သီးသန့် တိုက်ခိုက်မယ့် ဆေးကို ရှာဖို့ဆိုတာ အင်မတန်ကို ခက်ပါတယ်လို့ ဂျွန်ဟော့ပကင်းတက္ကသိုလ်က ဘလွန်ဘတ်ပြည်သူ့ကျန်းမာရေးကျောင်းက အဏုဇီဝနဲ့ ရောဂါပြီးဗေဒပါမောက္ခ Diane Griffin ကလည်း မှတ်ချက်ပေးထားပါတယ်။ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဟာ ရည်ရွယ်ချက်ရှိရှိ ပုံထဲက ပြထားတဲ့အတိုင်း ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတွေကို ထပ်မပွားစေဖို့ တိုက်ခိုက်ရပါမယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်လိုတုံ့ပြန်ပြီး ကျွန်တော်တို့ကို ကာကွယ်မယ့် ပဋိပစ္စည်းကို ဘယ်လို ထုတ်လုပ်သလဲဆိုတာ ဖြစ်ပါတယ်။ ဗိုင်းရပ်ဟာ ကိုယ်ခံအားစနစ်က ကာကွယ်ရေးတွေ မစနိုင်ခင်မှာပဲ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးမှုများစွာကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က သိပ်မကြာခင်က စည်းလုံးခြင်း အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲ့အစီအစဉ်ဟာ လက်ရှိမှာ ရှိပြီးသားဖြစ်တဲ့ ဆေးလေးမျိုးကို ကုသမှုဆိုင်ရာ စမ်းသပ်မှုပြုလုပ်ရာမှာ တစ်ကမ္ဘာလုံးက တိုင်းပြည်တွေအနေနဲ့ ပါဝင်ဖို့ တိုက်တွန်းလုပ်ဆောင်ပါတယ်။ အဲ့ဆေးလေးမျိုးထဲက တစ်ခုကတော့ ငှက်ဖျားကုသဆေး ဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 ကို ဆန့်ကျင်ဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ရေချိုးခန်းထဲက လက်ဆေး ဆပ်ပြာဟာ ဗိုင်းရပ်စ်ရဲ့ ပုံသဏ္ဍာန်ကို ပျက်စီးစေတဲ့ အဆီအရည်ဖျော်ပစ္စည်းဖြစ်ပါတယ်။ အီတနောနဲ့ ကလိုရင်းဟာလည်း မျက်နှာပြင်ပေါ်က ဗိုင်းရပ်စ်ပိုးတွေကို သတ်နိုင်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲကို ရောက်သွားပြီး ပွားနေတဲ့ အချိန်မှာဆိုရင်တော့ ဆပ်ပြာဟာ အမှန်တကယ့်ကို အသုံးမဝင်တော့ပါဘူး။

သိပ္ပံယိုးမှား ယုံတမ်းစကား ပြန့်ပွားလာပုံ

ကုသဖို့နည်းလမ်း ရှိတာနဲ့အမျှ ကမ္ဘာအနှံ့က တိုင်းပြည်တွေဟာ သူတို့ရဲ့ တစ်တိုင်းပြည်ချင်းအလိုက် ကုသရေးဆေးတွေကို အသက်ကယ်ဆေး ဖြစ်နိုင်တယ်ဆိုပြီး အားပေးနေကြပါတယ်။ တရုတ်ဟာ တရုတ်တိုင်းရင်းဆေးကို ကပ်ရောဂါပျံ့နှံ့ချိန်မှာ အသုံးပြုခဲ့ပြီး ဒီသိပ္ပံနည်းမကျတဲ့ ကုသနည်းကို နိုင်ငံတကာကနေ အသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်ကနေ ဖိလစ်ပိုင်ဟာလည်း ဖိလစ်ပိုင်တက္ကသိုလ်၊ ဖိလစ်ပိုင်အထွေထွေဆေးရုံကြီးက တင်ပြလာတဲ့ သန့်စင်တဲ့ အုန်းဆီမှာ ပါတဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဓာတ်ကို လေ့လာခဲ့ပါတယ်။ အိန္ဒိယရဲ့ အာဏာရ Bharatiya Janata ပါတီ (BJP) ကလည်း နွားဆီးနဲ့ ဝမ်းကို ရောဂါကုနိုင်စွမ်းရှိတယ်ဆိုပြီး သောက်သုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ဟာလည်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ ယခုအချိန်မှာ ကလိုရိုကွင်းဆေးကို အားပေးခြင်းနဲ့ ဒီသိပ္ပံယိုးမှား ယုံတမ်းစကားအုပ်စုမှာ ပါဝင်လာပါတယ်။ ကလိုရိုကွင်းကို ဗိုင်းရပ်တွေ ဆဲလ်တွေ ပူးကပ်ရာမှာ ပိတ်ဆို့ပေးနိုင်တဲ့ သူ့ရဲ့  စွမ်းရည်နဲ့ အဲ့အကျိုးဆက်က ဆဲလ်တွေကို ပိုးပွားလာစေတာကြောင့် ငှက်ဖျားရောဂါကို ကုသရာမှာ နှစ်ပေါင်း ၇၀ လောက်သုံးလာခဲ့ပါတယ်။ ကနဦးလေ့လာချက်တွေမှာ ကလိုရိုကွင်းနဲ့ ဟိုက်ဒရောက်ဇီကလိုရိုကွင်းကို ပမာဏအမျိုးမျိုးပေးပြီး  ထိရောက်မှုကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ ကလိုရိုကွင်းကို နိုင်ငံတကာအလယ်မှာ မီးမောင်းထိုးပြခဲ့တဲ့  မူလပြင်သစ်လေ့လာချက်ဟာ သိပ္ပနည်းကျစံသတ်မှတ်ချက်တွေနဲ့ မညီညွတ်လို့ ထုတ်ဝေသူကနေပြီး ပြန်ရုတ်သိမ်းထားတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အကြံဉာဏ်ကို လိုက်နာပြီး အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ပြီး အခြားအခြေအနေတွေအတွက် ဆေးဝါးလိုအပ်သူတွေ အနေနဲ့ အခြားတစ်ခုခုကို ရှာဖွေတွေ့ရှိဖို့ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

အရင်က ဖော်ပြထားပြီးခဲ့သလိုပါပဲ COVID-19 အတွက် ဦးတည်တဲ့ ကုသမှုဟာ ကာကွယ်ဆေးကို အကာအကွယ်စီမံမှုအဖြစ်အနေနဲ့ တွဲသုံးဖို့ လိုအပ်ပါလိမ့်မယ်။ ယခင်နဲ့ လက်ရှိ ဆေးဝါးတွေဟာ သက်သာစေတဲ့ ဆေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အထောက်အကူပြု ကုသမှုဆိုင်ရာ အချက်အလက်တွေ လိုအပ်ပါတယ်။ အဲ့ဆေးတွေဟာ အကျိုးထက် အပြစ် ပိုများနိုင်ပါတယ်။ လက်ရှိမှာ အဲ့ဆေးတွေကို အသုံးပြုတာဟာ ထိရောက်လည်း မရှိ၊ အန္တရာယ်လည်း ပိုများနိုင်ပါတယ်။

အလားအလာကောင်းတဲ့ ကုသနည်းဟာ လေ့လာနေဆဲပါ

ပုံ ၂ – ပုံရင်းမြစ် – ARTIS Ventures

လက်ရှိမှာ တိကျတဲ့ ကုထုံး မရရှိနိုင်သေးတာကြောင့် တိကျတဲ့ ဆေးမရခင်မှာ ဗိုင်းရပ်ပိုး အမျိုးအစား များများကို ဆန့်ကျင်တဲ့ ဆေးကတော့ ရွေးချယ်လို့ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါလိမ့်မယ်။

ဇီဝနည်းပညာဆိုင်ရာ ကုမ္ပဏီတွေဟာ မှန်ကန်တဲ့ ဆေးဝါးကို ထုတ်ဖို့ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ Gilead Sciences ကတော့ Remdesivir ထုတ်လုပ်ပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို သိမ်းပိုက်ထားပါတယ်။ အဲ့ဆေးဟာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာစု (MERS-Cov) နဲ့ ရုတ်တရက်ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာစု (SARS) အတွက် တိရိစ္ဆာန်တွေမှာ လေ့လာမှုတွေလုပ်နေတဲ့ အလားအလာကောင်းတဲ့ ဆေးတစ်မျိုးဖြစ်ပြီး COVID-19 မှာလည်း အလားတူ အကျိုးရလဒ်ကောင်းဖို့ မျှော်လင့်ရပါတယ်။

Remdesivir ရဲ့ လုပ်ဆောင်မှုဖြစ်စဉ်က သူ့ရဲ့ တိကျမှုကို အရင် သက်သေပြရပါဦးမယ်။ သို့ပေမယ့်လည်း ၄င်းဟာ ဗိုင်းရပ်စပ်ရဲ့ ပွားတဲ့ လုပ်ဆောင်ချက်ကို ဖျက်စီးပစ်နိုင်ပါတယ်။ ၄င်းဟာ ဗိုင်းရပ်စ်ကို သူ့ရဲ့ ကိုယ်ပိုင် ဗီဇပစ္စည်းကူးရာမှာ ပိတ်ပင်ပြီး နောက်ဆက်တွဲအနေနဲ့ ၄င်းဟာ ဆဲထဲမှာ ပွားလိုက်ပါတယ်။ ခွင့်ပြုချက်မရသေးပေမယ့် အမေရိကန်၊ တရုတ်နဲ့ အီတလီဟာ ဒီဆေးကို ပြင်းထန်တဲ့ ဝေဒနာရှင်တွေမှာသာ အသုံးပြုနေပါတယ်။

အခြားတစ်ဖက်မှာ ဂျပန်က အလားအလာ သိပ်ကောင်းတဲ့ ဖူဂျီဖလင် ကော်ပိုရေးရှင်းကထုတ်တဲ့ ‘Avigan’ ဟာ ဖိလစ်ပိုင်အစိုးရ အပါအဝင် အမှာစာတွေများစွာ လက်ခံရရှိနေပါတယ်။ ၄င်းရဲ့ ဝဘ်ဆိုက်အရ ၂၀၁၄ တုန်းက တုတ်ကွေးဗိုင်းရပ်စ်ဆန့်ကျင်ဆေးအနေနဲ့ ပထမဆုံး အသုံးပြုခဲ့ပြီး  အဲ့ဒီဆေးဟာ “ဗိုင်းရပ်စ်ပိုး ပွားများခြင်းကို တားဆီးပေးပါတယ်” လို့ ဖူဂျီဖလင်ကော်ပိုရေးရှင်းဟာ ဆိုထားခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ရောဂါပြီးဗေဒပညာရပ်နဲ့ လျော်ညီအောင်လုပ်ထားပြီး ဆေးရုံတွေမှာလည်း လက်တွေ့သုံးနေတဲ့ နောက်ထပ် ကုထုံးတစ်ခုကတော့ “နလန်ထစလူနာရဲ့ သွေးရည်ကြည်”ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ COVID-19 ကုထုံးမှာ အမြဲတမ်း နှစ်ခု ရှိတယ်ဆိုတာကို အာရုံထား ပြောလိုပါတယ်။ တစ်ခုကတော့ ဆေးအသုံးပြုမှု ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားကာကွယ်မှုစနစ်ရဲ့ အရန် တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်။ နလန်ထစလူနာရဲ့ သွေးရည်ကြည်ဆိုတာ COVID-19 ဖြစ်ပြီး ပြန်ကောင်းလာတဲ့ လူနာကနေ သွေးအစိတ်အပိုင်းအချို့ကို သုံးတဲ့ ကုထုံးတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီသွေးရည်ကြည်ဟာ ပဋိပစ္စည်းတွေပါဝင်ပြီး ပြင်းထန်စွာဖျားနာနေတဲ့ ဝေဒနာသည်တွေကို ထိုးလိုက်ပါ ဗိုင်းရပ်စ်ကို ဖျက်ဆီးပစ်မှာဖြစ်တဲ့ ကိုယ်ခံအားပစ္စည်းတွေ ထုတ်လုပ်မှုကို အစပျိုးပေးပါတယ်။

ဖိလစ်ပိုင်ဟာ အဲ့နည်းလမ်းကို စဉ်းစားနေပြီး လက်ရှိမှာ COVID-19 မှ ရှင်သန်ကျန်ရစ်သူသုံးဦးဟာ သွေးရည်ကြည်ထုတ်ယူခြင်းအတွက် အလှူရှင်စစ်ဆေးခြင်းကို ခံရပြီးနောက်မှ လက်ရှိမှာ စမ်းသပ်တဲ့ အဆင့်ရောက်နေတာ ဖြစ်ပါတယ်။ ဒီကပ်ဘေး ပြီးဆုံးလု မနီးခင်မှာ ကျွန်တော်တို့မှာ ဒီကုသနည်းလမ်းတွေကို သုံးနိုင်လိမ့်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.