COVID-19 ကို အမြစ်ဖြတ်ရန် နည်းလမ်းငါးသွယ်

ဒီစာဟာ ကျွန်တော်တို့ရဲ “ OSINT HK အသံ” လို့ ကျွန်တော် သုံးလေ့ရှိတာကို ပထမဆုံးနဲ့ တစ်ခုတည်းဖြစ်တဲ့ ချိုးဖောက်မှုတစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ သူနေနဲ့ သုံးထားပါတယ်။ ဒီဝဘ်ဆိုက်အတွက် ကျွန်တော်ပထမဆုံး ရေးခဲ့တာကတော့ အင်ပီရီရယ် COVID-19 အစီရင်ခံစာက အာရှအတွက် ဘာကို ဆိုလိုသလဲ ဆိုတာကို ရှင်းလင်းတဲ့ စာဖြစ်ပါတယ်။ Ferguson ရဲ့ အင်ပီရီရယ် အစီရင်ခံစာဟာ အခုတော့ အနည်းဆုံး နှစ်ခုမှားပြီး COVID-19 အမြစ်ဖြတ်မဟာဗျူဟာကို မကျင့်သုံးတဲ့ နိုင်ငံတိုင်းအတွက် တစ်ခု မှန်နေခဲ့ပါတယ်။

ပထမ မှားယွင်းတဲ့ ဟာကတော့ ဗိုင်းရပ်စ်ဟာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်မယ်ဆိုတာပါ။ ဟောင်ကောင်၊ ထိုက်ဝမ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ မကာအို၊ သြစတေးလျ၊ နယူးဇီလန် (နဲ့ သိပ်မကြာခင်မှာ အဲ့အုပ်စုမှာ ပါဝင်လာနိုင်တဲ့ စင်ကာပူ) နိုင်ငံတွေက အဲ့ဒါမှားကြောင်း သက်သေပြခဲ့ပါပြီ။ ဒုတိယမှားယွင်းမှုကတော့ #မျဉ်းကိုကွေးပါ ဆိုတဲ့ အချက်တစ်ခုလုံးပါ။ ရှုပ်ထွေးပါတယ်။ ဆေးရုံတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ကျော်လွန်ခြင်းဟာ ကူးစက်မှုမြင့်မားတဲ့ နေရာမှာတောင်မှ ရှားပါးပြီး သိပ်မဖြစ်ခဲ့ကြောင်း သက်သေပြနေခဲ့တာကို ကျွန်တော်တို့ ကျကျနန နားမလည်နိုင်သေးပါ။

မော်ဒယ် မှန်တဲ့ နေရာကတော့ အမြစ်ဖြတ်မဟာဗျူဟာကို မလုပ်ဆောင်နိုင်တာဟာ တိုင်းပြည်အနေနဲ့ ဗိုင်းရပ်စ်နဲ့ တိုက်တဲ့ တိုက်ပွဲမှာ နှစ်ပေါင်းများစွာကြာအောင် ရှုံးနိမ့်နေမှာကို ဆိုလိုပါတယ်။ ရွေးချယ်မှုအနေနဲ့ကတော့ ‘ဘာမှမလုပ်’ ဒါမှမဟုတ် သဘာဝအတိုင်း ရောဂါပြီးတာ (~70%) ရောက်တဲ့ အထိ ကူးစက်မှုကို ဖိနှိပ်တဲ့ မဟာဗျူဟာတွေကို လုပ်လိုက်၊ မလုပ်လိုက် လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် ကူးစက်မှုကြောင့်ဖြစ်ဖြစ် ကာကွယ်ဆေးကြောင့် ဖြစ်ဖြစ် ရောဂါပြီးတာဟာ ခဏပဲ ဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ စိုးရိမ်စရာ လက္ခဏာတွေ ရှိနေပါတယ်။ အဲ့လို ကြောက်မယ်ဖွယ် ရောဂါ ထပ်ဖြစ်တယ်ဆိုတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတဲ့ နေရာတိုင်း ဒီလို ရှေ့ပိုင်းခပ်ကျကျ အဆင့်မှာ တစ်ခုတည်း လုပ်သင့်တဲ့ မဟာဗျူဟာကတော့ ရောဂါအမြစ်ဖြတ်ပစ်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ SARS တုန်းက လုပ်ခဲ့သလိုပဲ COVID-19 ကို မျိုးသုဉ်းပစ်ရမှာ ဖြစ်ပါတယ်။

လာမယ့် နှစ်လ သုံးလအတွင်း COVID-19 ကို အမြစ်ပြတ်အောင် တက်တက်ကြွကြွ မကြိုးစားတဲ့ နိုင်ငံမှန်သမျှဟာ COVID-19 ကို ရင်ဆိုင်ရာမှာ ရှုံးနိမ့်မဲ့ တိုက်ပွဲတွေအကြား တိုင်းပြည်ကို နှစ်ပေါင်းများစွာကြာအောင် ပြတ်ပြတ်သားသား ထားရှိလိုက်တာပဲ ဖြစ်ပါတယ်။ အမြစ်ဖြတ်ခြင်းဟာ နေရာတိုင်းမှာ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း အဲ့ဒါအတွက် စမ်းကြည့်ဖို့ အချိန် သိပ်မရှိတော့ပါဘူး။ တရုတ်၊ ဗီယက်နမ်နဲ့ စင်ကာပူမှာ အားလုံး ကျင့်သုံးခဲ့တဲ့ ဗဟိုချုပ်ကိုင် အသွားအလာကန့်သတ်ခြင်းဟာ ဝူဟန်မြို့မှာ RO ကို ၀.၃၈ ရောက်အောင် ဆွဲချခဲ့ပါတယ်။ နေရာတိုင်းမှာ အနည်းဆုံးတော့ အားထုတ်ကြည့်သင့်ပါတယ်။ လက်ရှိမှာတော့ တိုင်းပြည်အများစုဟာ ကူးစက်မှုစတင်ခါစနေ့တွေတုန်းက ဝူဟန်မြို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကို လုပ်နေကြပါတယ်။ ဓာတ်ခွဲစမ်းသပ်အဖြေကို စောင့်ဆိုင်းဖို့ အိမ်ကို ပြန်လွှတ်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒါဟာ အိမ်တွင်း ကူးစက်မှုကို ဖြစ်စေပြီး သေဆုံးမှုကို ပိုများလာစေပါတယ်။

Wuhan’s Epidemic Curve

အတွေးစမ်းသပ်ချက်တိုလေးတစ်ခုကို စဉ်းစားကြည့်ရအောင်။ PCR ဓာတ်ခွဲစမ်းသပ်နည်းကို တည်ထွင်ခဲ့တာ ရာစုနှစ်တစ်ခုတောင် မပြည့်သေးတဲ့ အချိန် ၁၉၉၀ ခုနှစ် တုန်းကသာ ကူးစက်မှု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ဘယ်လို တိုက်ခိုက်မလဲ။ ဒီဖြစ်ရပ်မှာဆိုရင် ကျွန်တော်တို့တွေမှာ COVID-19 ဓာတ်ခွဲစမ်းသပ်နည်း ရှိတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပဲ ရနိုင်တယ်။ ကျွန်တော်တို့ဟာ အချိန်နဲ့ တစ်ပြေးညီ အချက်အလက်တွေ ထုတ်ပြန်တာဟာ ယနေ့ခေတ်ထက်လည်း အနည်းငယ် နောက်ကျနိုင်တယ်။ သမိုင်းတစ်လျှောက် ဘယ်အချိန်မဆိုနဲ့ နှိုင်းယှဉ်ရင် (ဒီရောဂါကို တစ်ကမ္ဘာလုံးကို အမြန်ဆုံး ပြန့်သွားစေဖို့) နိုင်ငံတကာ ခရီးသွားတာကလည်း အမြင့်ဆုံးဖြစ်ပါတယ်။ ဘယ်မူဝါဒကို အသုံးပြုမလဲဆိုတာ ရွေးချယ်ဖို့ ကူးစက်ရောဂါပညာရှင်တွေရဲ့ တွက်ချက်နိုင်စွမ်းကလည်း ပီပီပြင်ပြင် မဟုတ်သေးတဲ့ SIER မော်ဒယ်ကို သုံးနေရတယ်။ အများအပြား ဓာတ်ခွဲမစစ်ဆေးနိုင်ဘဲ ဆေးကုသမှုနည်းနဲ့ ရောဂါရှာဖွေတာဟာ ဘယ်လိုပုံစံဖြစ်ပါမလဲ။ ဘယ်သူတွေ ကူးစက်ခံနေရတယ်ဆိုတာကို အပြည့်အဝ နားမလည်ဘဲနဲ့ ဘယ်လို တားဆီးကာကွယ်းရေးနည်းလမ်းတွေကို ကျင့်သုံးမလဲ။

ဒီအတွေးစမ်းသပ်ချက်ရဲ့ အဓိကအချက်ကတော့ ဒီဗိုင်းရပ်ကို အမြစ်ဖြတ်ဖို့အတွက် ကျန်းမာရေးမဟာဗျူဟာ ချမှတ် အကောင်အထည်ဖော်ဖို့ ကမ္ဘာတစ်ဝှမ်းလုံးဟာ နည်းပညာအပေါ် မလိုအပ်ဘဲ မှီခိုနေတာကို တွေ့မြင်နေရပါတယ်။ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ယူကေ၊ အမေရိကန်နဲ့ အခြားနေရာအသီးသီးမှာ ဒီအရှုပ်အထွေးကြီးကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ လူထူးလူချွန်တွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းဟာ X အဆင့်ကို မရောက်သရွေ့ နောက်တစ်ဆင့်ကို မသွားဘူးဖြစ်နေကြပါတယ်။ သူတို့ဟာ နည်းပညာက အဲ့ဒါကို ဖြေရှင်းပြီးမှာကို စောင့်ဆိုင်းပြီး ပိတ်ဆို့ခြင်းဗျူဟာမှာ အထိုင်ချနေကြပါတယ်။ ကျွန်တော်အထိုင်ချတဲ့ နေရာ၊ ကမ္ဘာပေါ်မှာ တစ်ဦးချင်းစီအပေါ်မူတည်ပြီး ဓာတ်ခွဲစစ်ဆေးမှု အမြင့်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ နေရာမှာ ဂူဂယ်မြေပုံကို မသုံးခိုင်းဘဲ အနီးဆုံး မှတ်မိသိရှိတဲ့ကာလမှာ ပထမဆုံးအကြိမ် ရှေး စာရွက်မြေပုံကို အားကိုးဖို့ ဖိအားပေးခံခဲ့ရတာနဲ့ မနီးယိုးစွဲ တူပါတယ်။ ဂူဂဲယ်မြေပုံမရှိခဲ့ရင် သူတို့ လမ်းပျောက်သွားကြပါတယ်။ အဲဒါအပြင် စာရွက်မြေပုံ ရှိခဲ့ဖူးတာကိုတောင်မှ သူတို့ မေ့သွားခဲ့ကြပါတယ်။

တရုတ်ပြည်မှ ကပ်ရောဂါ ပျံ့နှံ့မှုဟာ PCR ဓာတ်ခွဲစမ်းသပ်မှု မရရှိခင် နှစ်လခန့်အကြာကတည်းကနေ စတင်ပြီး အမြစ်တွယ်လာပါတယ်။ နောက်ပိုင်း လာမယ့် လတွေမှာလည်း ဓာတ်ခွဲစမ်းသပ်မှုတွေဟာ ရောဂါရှိနေတာကို မရှိပြပြီး ဒုက္ခပေးခဲ့ပါတယ်။ တရုတ်ဟာလည်း တစ်ခြားနိုင်ငံတွေလိုပါပဲ တူညီတဲ့ ပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေး ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဆင့်မြင့် နည်းပညာ (အရမ်းမြင့်တာလည်း ဖြစ်နိုင်ပါတယ်) အသုံးပြု ဖြေရှင်းမှုတွေဟာ မတ်လနှောင်းပိုင်းမှပဲ ရရှိလာပါတယ်။ ဒါပေမယ့် ဆရာဝန်တွေနဲ့ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေဟာ ဖေဖော်ဝါရီ အလယ်မှည အများအားဖြင့် မျက်မမြင်လိုပဲ ဖြစ်ခဲ့ပါတယ်။ အမြင့်ဆုံး ကူးစက်မှု တစ်သိန်းအောက်ဖြစ်ပေမယ့် COVID-19 ကို မောင်းထုတ်နိုင်ပြီဖြစ်ကြောင်း တံဆိပ်ခပ်နှိပ်နိုင်ခဲ့ပါတယ်။

Centralized Quarantine in Wuhan

အဲ့ဒီမှာ သူတို့ လုပ်ခဲ့တဲ့ နည်းလမ်းတွေဟာ နေရာတိုင်းအတွက် အခြေခံ အမြစ်ဖြတ် အသေးစိတ်အစီအမံနမူနာပုံစံတွေ ဖြစ်လာသင့်ပါတယ်။ အနောက်တိုင်း ကူးစက်ရောဂါပညာရှင်တွေဟာ ဆက်စပ်စဉ်းစားရမယ့် အခြေအနေနဲ့ မှန်ကန်တဲ့ အရေအတွက်ကို ပေးနိုင်စေဖို့ မတူတဲ့ နေရာတွေမှာ အဲ့ဒီ တားဆီးကာကွယ်ရေးဆောင်ရွက်ချက်တွေဟာ ဘယ်လို သက်ရောက်သလဲဆိုတာကို တွက်ချက်မှုတွေကို စတင်လုပ်ဆောင်သင့်နေပါပြီ။ ဘယ်လောက် ခက်ခဲပါစေ အမြစ်ဖြတ်အသေးစိတ်အစီအမံနမူနာပုံစံဟာ အောက်ပါအတိုင်း ဖြစ်ပါတယ် –

  1. အများအပြား ဓာတ်ခွဲစမ်းသပ်မှုကို စောင့်ဆိုင်း မနေပါနဲ့။ စိတ်ကူးယဉ် ကမ္ဘာကြီးထဲမှာ တိုင်းပြည်တိုင်းဟာ ကိုရီးယားလို ဗိုင်းရပ်စ်ကို ဖိနပ်အောက် မနင်းနိုင်ခင် တစ်ရက်ကို နှစ်သောင်းလောက်စစ်နိုင်ဖို့အတွက် ပြင်ဆင်ထားကြပါတယ်။ အများအပြားဓာတ်ခွဲစစ်ဆေးတာရဲ့ ပန်းတိုင်ဟာ အရှိအရှိအတိုင်းပြောရရင် ကောင်းတဲ့ ကိစ္စဖြစ်ပြီး လမ်းပိတ်ဆို့မှုကို သိမြင်နားလည်စေတာလည်း ဖြစ်ပါတယ်။ “ အများအပြား စစ်ဆေးတာ မရှိဘဲ ကျွန်တော်တို့ ပြန်မဖွင့်နိုင်ဘူး” လို့ ပြောတဲ့၊ ဖုန်းကို အသုံးပြုပြီး ထိတွေ့မှုကို လိုက်တာဟာ ဒီအပေါက်ကို ပိတ်နိုင်လိမ့်မယ် မျှော်လင့်နေတဲ့ တစ်ချို့တူညီတဲ့ နေရာတွေမှာ လက္ခဏာမရှိတဲ့ အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့မှုကို ဘယ်လို စီမံမလဲဆိုတာ မစဉ်းထားကြသေးပါဘူး။ ဆေးပညာရှင်တွေဟာ ၁၉၉၀ မှာတုန်းက ရောဂါရှာဖွေအမည်တပ်တာ (ဆိုလိုတာက ဓာတ်ခွဲစမ်းသပ်တာဟာ ဇိမ်ခံပစ္စည်းလို ယခု ဖြစ်နေတဲ့ နေရာများစွာမှာလို ထည့်သွင်းစဉ်းစားစရာ) ဟာ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာကို မေးမြန်းဖို့ လိုအပ်ပါတယ်။
  2. ပိတ်ဆို့ခြင်းကို မမှီခိုပါနဲ့။ အဲ့ဒီပိတ်ဆို့ခြင်းဆိုတဲ့ စကားရပ်အပေါ် အတော်အတန် ငြင်းခုန်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒီမှာကတော့ လုပ်သား ၉၀% ကျော်ကို အိမ်မှာ နေစေပြီး အကာအကွယ်ဝတ်ထားတဲ့ ပို့ဆောင်ရေးလုပ်သားတွေဟာ စားစရာနဲ့ ဆေးဝါးကို တာဝန်ယူ ပို့ဆောင်ခွင့်ပေးထားတာလို့ ဆိုလိုပါတယ်။ အနီရောင်အဆင့်ဒေသတွေမှာ သုံးလဝန်းကျင်အထိ ဘယ်သူတစ်ဦးမှ အိမ်ပြင် သိပ်မထွက်ဘဲ နေသင့်ပါတယ်။ ထွက်ရင်လည်း ကူးစက်နိုင်ခြေမြင့်မားတယ်လို့ သတ်မှတ်ပြီး မျက်နှာကာတွေကို မဖြစ်မနေ ဝတ်ဆင်ခိုင်းရပါမယ်။ တစ်ချိန်တည်းမှာပဲ ပိတ်ဆို့ခြင်းကို ဒေသတွင်း အမြစ်ဖြတ်မူဝါဒတစ်ခု လုပ်ဖို့ စားသောက်ဖွယ်၊ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း ဝယ်ယူချိန်နဲ့ ပတ်သက်ပြီး မတူညီတဲ့ နည်းလမ်းနဲ့ ပြန်လည် စီစဉ်ဆောင်ရွက်ဖို့လိုပါတယ်။ ပိတ်ဆို့ခြင်းတစ်ခုတည်းကနေ RO ကို ၁ အောက်ကျအောင် ချနိုင်တယ်လို့တော့ သက်သေသာဓက မရှိသေးပါဘူး။
  3. ကူးစက်အတည်ပြု၊ လက္ခဏာရှိ ဓာတ်ခွဲအဖြေမရသေး၊ အနီးကပ် ထိတွေ့သူနဲ့ လက္ခဏာမပြတဲ့၊ လက္ခဏာ ပျော့တဲ့ COVID-19 အတည်ပြုလူနာ စတဲ့ အုပ်စုလေးခုကို ဗဟိုချုပ်ကိုင် အသွားအလာကန့်သတ်တာ။ ရည်ရွယ်တာကတော့ ဖြစ်နိုင်တဲ့ ကူးစက်နိုင်တဲ့ လမ်းကြောင်းမှန်သမျှကို ဖြတ်ဖို့ အဲ့သူတွေကို လူအများကြားကနေ အိမ်တွင်းကနေ ဖယ်ထားဖို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကူးစက်နိုင်ခြေနည်းလေလေ၊ သက်တောင့်သက်သာနေဖို့ ရွေးနိုင်စရာ ပိုများလာလေလေ (ဆိုလိုတာက အနီးကပ် ထိတွေ့သူတွေအတွက် ဟိုတယ်နေ အသွားအလာကန့်သတ်ခြင်း) ဖြစ်ပါတယ်။ ရောဂါကူးစက်နိုင်တဲ့ ပိုးသယ်ဆောင်သူ ဖြစ်နိုင်သူတွေအားလုံးကို သီးသန့်မထားဘဲ၊ ဖယ်ရှားနိုင်တဲ့ ကူးစက်လမ်းကြောင်းတိုင်းကို မဖြတ်တောက်နိုင်ဘဲ ဗိုင်းရပ်ကို နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ဓာတ်ခွဲစမ်းသပ်တာရဲ့ အခန်းကဏ္ဍဟာ လိုအပ်တဲ့ သူတွေကို လိုအပ်တဲ့ နေရာမှာထားဖို့ ပိုးမတွေ့တဲ့ သူတွေကို ဖြစ်နိုင်သမျှ မြန်မြန် ပြန်ခိုင်းဖို့၊ အတည်ပြုလူနာတွေကို ကောင်းကောင်း စောင့်ရှောက်မှုပေးနိုင်တဲ့ နေရာကို ရွေ့ဖို့ ဖြစ်ပါတယ်။
  4. ခရီးသွားကန့်သတ်ခြင်း။ COVID-19 ကပ်ရောဂါပျံ့နှံ့မှုမြေပုံကို ကြည့်လိုက်ပါ။ ယနေ့အချိန်မှာ လူနာ နည်းပြီး စီမံနိုင်တဲ့ အခြေအနေရှိတဲ့ နေရာတွေကို မြို့ကြီးတွေကနေ ရောဂါကူးစက်လာတဲ့ လှိုင်းတွေကို မြင်တွေ့ရမှာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် (၁) ပြန့်ထွက်နေတဲ့ လှိုင်းတွေကို နောက်ထပ် မပျံ့နှံ့အောင် ကာကွယ်ဖို့လိုပါတယ် (၂) လူနာနည်းတဲ့ မရှိတဲ့ နေရာတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ထိုင်ဝမ်နဲ့ ဗီယက်နမ်တွေမှာ ဖြစ်တဲ့ အတိုင်းပါပဲ။ ရောဂါကူးစက်မှုကို ကူးစက်မှုနည်းတုန်းမှာ ထိန်းသိမ်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ အရေအတွက် နည်းတုန်းမှာ ကာကွယ်ရေးနည်းလမ်းတွေကို စတင်ဖို့နဲ့ ကူးစက်မှုကို နည်းအောင် လုပ်ဖို့ ဖြစ်ပါတယ်။ “ လှေသင်္ဘောစုဟာ အနှေးဆုံးလှေရဲ့ အရှိန်နဲ့ ရွက်လွှင့်ရတယ်” ဆိုတဲ့ စကားလိုပဲ အစိုးရလုပ်ငန်းစဉ်ဟာ ကူးစက်မှုကို မထိန်းချုပ်တဲ့၊ မထိန်းချုပ်နိုင်တဲ့၊ ထိန်းချုပ်မှာ မဟုတ်တဲ့ အားအနည်းဆုံး ဒေသအစိုးရမှာ တည်နေတယ်ဆိုတဲ့ အန္တရာယ်ရှိ အနေအထားမှာ ရှိနေပါတယ်။ အောင်မြင်တဲ့ ကူးစက်မှုကို ဖိနှိပ်ခြင်း အားထုတ်မှုတွေကို အကာအကွယ်ပေးရပါမယ်။ ယေဘုယျအားဖြင့် ခရီးသွားကန့်သတ်ခြင်းတွေဟာ အရေအတွက် နည်းတဲ့ အချိန်မှာ (သာလျှင် ကူးစက်မှုကို တားဆီးနိုင်တယ်) အကောင်းဆုံး တားဆီးနိုင်ပါတယ်။
  5. ကမ္ဘာကြည့်ကြည့်ပြီး ကိုယ့်နေရာဒေသနဲ့ ကိုက်ညီအောင် လုပ်ပါ။ အရေအတွက်ဟာ အခြေအနေအများကြီးမှာ အမှန်တရားတွေကို အတော့်ကို ပြောပြနေပါတယ်။ နိုင်ငံများစွာမှာ လက်ရှိ နိုင်ငံတော်အဆင့်အထိ အခြေအနေတွေက မျှော်လင့်ချက်မဲ့နေပုံရနေကြပါတယ်။ အနီရောင်ဒေသတွေကနေ ပျံ့ထွက်လာမယ့် လိုင်းတွေကနေ ကာကွယ်ဖို့နဲ့ သင်နေတဲ့ နေရာကို ထိန်းချုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားပါ။ ဗဟိုချုပ်ကိုင် အသွားအလာကန့်သတ်ခြင်းဟာ နိုင်ငံအဆင့်မှာ ရှိတဲ့ အရေအတွက်ကို စဉ်းစားတဲ့အခါ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒေသတွင်းအဆင့်မှာ အတော့်ကို ပိုပြီး စီမံနိုင်ပုံပေါ်ပါတယ်။ (တက္ကသိုလ်အဆောင်တွေ၊ ပြခန်းတွေ၊ အားကစားခန်းတွေ၊ လူမရှိတဲ့ ဟိုတယ်တွေ ဘယ်လောက်ရှိသလဲ။) ဝင်လာသူတွေ၊ အနီးကပ်ထိတွေ့သူတွေ၊ သံသယလူနာတွေ၊ လက္ခဏာမရှိတဲ့ အတည်ပြုလူနာတွေကို မြို့အဆင့်၊ ရွာအဆင့်၊ ပြည်နယ်အဆင့်အထိ အလိုအလျောက် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ခြင်းများမှတစ်ဆင့် အနီရောင်အဆင့် ဒေသကနေ အခြားနေရာတွေကို ရောဂါ မတင်ပို့အောင် နိုင်ငံအတွင်း ခရီးသွား ကန့်သတ်တာနဲ့ စီမံကာကွယ်ထားသင့်ပါတယ်။

အဲ့ဒီနည်းလမ်းဟာ အလုပ်ဖြစ်လိမ့်မည်လို့ ကျွန်တော် သေချာပေါက် မပြောနိုင်ပါ။ အချို့နေရာတွေမှာ အချိန်တွေဟာ များစွာ လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော် အနူးအညွတ် တောင်းဆိုနေတာက နိုင်ငံကို မူဝါဒရေးဆွဲနေသူတွေအနေနဲ့ သူတို့ရဲ့ အစီရင်ခံစာတွေမှာ ဒီလို တားဆီးကာကွယ်ရေး အစီအမံတွေကို ထည့်သွင်းဖို့ပါ။ လက်တွေ့မကျဘူးလို့ ဆိုခဲ့ရင်တောင် နှစ်လကနေ သုံးလအတွင်း ဒီကူးစက်ရောဂါကို နှိမ်နှင်းနိုင်ဖို့ မြို့၊ ရွာ၊ ပြည်နယ်တိုင်းမှာ ရွေးချယ်စရာ ရှိပါတယ်။ တိုးတက်မှုတွေဟာ ကမ္ဘာမှာရော နိုင်ငံတွေမှာရော မတူညီနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒါကြောင့်လည်း ခက်ခက်ခဲခဲ လုပ်ရတဲ့ ကူးစက်မှု ထိန်းချုပ်အောင်မြင်တာကို ဆက်လက်အောင်မြင်စွာ ထိန်းချုပ်ဖို့ နိုင်ငံတွင်း ခရီးသွားကန့်သတ်ခြင်းနဲ့ အသွားအလာကန့်သတ်ခြင်းတွေ လုပ်ဆောင်ထားသင့်တာဖြစ်ပါတယ်။

ကျွန်တော် ကြောက်တာက ဟောင်ကောင်၊ ထိုက်ဝမ်၊ သြစတေးလျ၊ ဗီယက်နမ်နဲ့ အခြားဒေသတွေမှာ အောင်အောင်မြင်မြင် အမြစ်ဖြတ်နိုင်တာဟာ ကမ္ဘာမှာ ကူးစက်မှု အမြစ်မဖြတ်နိုင်ခဲ့ရင် ဘာမှ ဟုတ်တော့မှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို လက်ရှိမှာ နိုင်ငံတကာ ခရီးသွားမှုကို ပိတ်ဆို့ထားခြင်းနဲ့ ကာကွယ်ထားပါတယ်။ အဲ့ဒါက တစ်နှစ်ထက်ကြာအောင် လုပ်ထားနိုင်မလား။ ဥရောပ၊ ယူကေနဲ့ အမေရိကတွေဟာ ၁၈-၂၄ လအထိ အကြမ်းဖျင်း ရက်ပေါင်း ၉၀ တိုင်း ပိတ်ဆို့လိုက်၊ ဖွင့်လိုက် သံသရာလည်နေခဲ့ရင် ကျွန်တော်တို့ စီးပွားရေးရဲ့ တစ်ခြားကျန်တဲ့ နေရာတွေမှာ ဘာတွေ ဖြစ်လာမလဲ။ ကမ္ဘာ့စီးပွားရေး ပျက်ခဲ့ရင် ကျွန်တော်တို့ အားလုံးလည်း ဒုက္ခအကြီးအကျယ် ရောက်ပါလိမ့်မယ်။ COVID-19 နဲ့ “ အတူနေထိုင်ခြင်း” လို့ ဆိုရုံသာ ဖြစ်သွားခဲ့ရင် ကျွန်တော်တို့ အားလုံး ရှုံးနိမ့်သွားပါလိမ့်မယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.