အဆိုးဆုံးအတွက် ပြင်ဆင်ခြင်း – ဖိလစ်ပိုင်ရှေ့တန်းမှ သင်ခန်းစာများ

ဖိလစ်ပိုင်သည် ဗိုင်းရပ်စ်ကို တိုက်ခိုက်ရာတွင် ထိုကဲ့သို့ ထိရောက်သော စီစဉ်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့သော ဒေသတွင်း ပထမဆုံး နိုင်ငံဖြစ်လာခဲ့ပြီး လူသန်းပေါင်းများစွာသည် ထိုလမ်းညွှန်ချက်များ (Guidelines) နှင့် ပတ်သက်၍ မသေမချာ မရေမရာစွာ၊ စိတ်ရှုပ်ထွေးစွာ နိုးကြားလာခဲ့ကြပါသည်။ ဝင်ငွေနည်းမိသားစုများကို ဦးတည်သွားနိုင်သော သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလျက် “ ရှင်သန်ရေးအတွက် ရုန်းကန်တိုက်ခိုက်ခြင်း” ဟု သမ္မတရိုဒရီဂိုဒူတာတေး ပြောလေ့ရှိသော စကားနှင့် ယခုအချိန်တွင် ပို၍ အကျိုးအကြောင်းသင့်တော်ဆီလျော်သော တိုက်ပွဲတစ်ခုအကြားတွင် ရောက်ရှိနေပါသည်။

ဖိလစ်ပိုင်တွင် COVID-19 ကပ်ရောဂါပျံ့နှံ့မှု တစ်ဟုန်ထိုးတက်လာကတည်းက COVID-19 သံသယနှင့် အတည်ပြုလူနာများကြောင့် ဆေးရုံများသည် လူနာများ စုပြုံနေခြင်းသည် ပြဿနာများကို ဖန်တီးဖြစ်ပေါ်လာစေခဲ့ပါသည်။ ၄င်းကျန်းမာရေးအကျပ်အတည်းမတိုင်မီကပင် ဆေးရုံများစွာသည် အခြားသော ရောဂါများဖြင့် မအားမလပ်နိုင်ဖြစ်နေခဲ့သည်။

တင်းကျပ်သော အိမ်တွင်း အသွားအလာကန့်သတ်ခြင်း အသက်ဝင်လာလျှင်ဝင်လာခြင်း အရှေ့တောင်အာရှရှိနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်လူနာများ တစ်ဟုန်ထိုးများလာခြင်းကို တားဆီးရန် ပိုမိုတင်းကျပ်သော စီမံဆောင်ရွက်မှုများဖြင့် ပြင်ဆင်ခဲ့ပါသည်။

ကျန်းမာရေးဝန်ထမ်းများစွာသည် အသွားအလာကန့်သတ်ခံနေရချိန်တွင် ဆေးရုံများထဲတွင် လူနာများပို၍ ပြည့်လျှံလာပါသည်။ အကာအကွယ်ပစ္စည်းများ ရှားပါးနေခြင်းသည် ဆေးရုံများကို COVID-19 ဆက်စပ်ရောဂါဝေဒနာသည်များကို ဆေးရုံတက်ရန် ပို၍ ငြင်းဆန်စေရန် တွန်းအားပေးနေပါသည်။ ဆေးကုသရေးဌာနများနှင့် အကာအကွယ်ပစ္စည်းများ မရရှိနိုင်သောကြောင့် NCR ရှိ ဆေးရုံလေးခုသည် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော သံသယ သို့မဟုတ် အတည်ပြုလူနာများကို ဆက်လက် လက်ခံနိုင်ခြင်းမရှိတော့ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုအကြောင်းပြချက်များမှလွဲ၍ ၄င်းတို့သည် လူနာအချို့အတွက် အမြင့်ဆုံးသော စောင့်ရှောက်မှု ပေးနိုင်စွမ်းသည် ယုံမှားသံသယဖြစ်ဖွယ် မရှိပါ။

၄င်းအခြေအနေကို တုံ့ပြန်သောအားဖြင့် ကျန်းမာရေးဌာန (DOH) သည် ဗိုင်းရပ်စ်ပိုးရှိနိုင်သော သူတစ်ဦးတစ်ယောက်ခြင်းစီကို စောင့်ကြည့်လူနာ (Person Under Investigation (PUI)) နှင့် ကြည့်ရှူလူနာ (Person Under Monitoring (PUM)) ဟူ၍ အုပ်စုနှစ်ခု ခွဲခဲ့ပါသည်။ COVID-19 သည် ကူးစက်နိုင်စွမ်းမြင့်မားပါသည်။ ထို့ကြောင့် ဒေသတွင်းကျန်းမာရေးဌာနများသည် တင်းကျပ်စွာ အကောင်အထည်ဖော်နေသော အသွားအလာကန့်သတ်ခြင်းအစီအစဉ်နှင့် ပေါင်းစပ်ပြီး သင့်တော်သော ဦးစားကုသမှုစနစ်ကို လုပ်ဆောင်ခဲ့ပါသည်။

PUM များသည် ခရီးသွားရာဇဝင်ရှိပြီး ရောဂါပိုးရှိလူနာတစ်ဦးနှင့် ထိတွေ့မှု ရှိသော လူများဖြစ်သည်။ သူတို့သည် သတ်မှတ်ရပ်ကွက်သီးသန့်ထားနေရာတွင် သို့မဟုတ် အိမ်တွင်းတွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်ခြင်းကို တင်းကျပ်စွာ လုပ်ဆောင်သင့်ပါသည်။ PUI များသည်မူ PUM ကဲ့သို့ပင် ထိတွေ့မှုများရှိပြီး ပြင်းထန်သည်ဖြစ်စေ၊ ပျော့သည်ဖြစ်စေ COVID-19 လက္ခဏာများနှင့် အခံရောဂါ ရှိသူများ ဖြစ်ပါသည်။ သို့သော်လည်း တစ်ဦးစီတွင် ပြင်းထန်သော လက္ခဏာများ ပေါ်လာမှသာလျှင် PUI များသည် ရောဂါ ဓာတ်ခွဲရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်ပါလိမ့်မည်။

ဦးစားကုသခြင်းစနစ် လမ်းညွှန်ချက်အတွက် DOH သည် သံသယနှင့် အတည်ပြု COVID-19 ရောဂါရှိသူများကို ကောင်းမွန်စွာ လမ်းညွှန်ရန် ပုံဖြင့် အလွယ်တကူ ရနိုင်အောင် အွန်လိုင်းတွင် ဖြန့်ဝေထားပါသည်။

ပုဂ္ဂလိကနှင့် အစိုးရနှစ်ခုလုံးရှိ ဆေးရုံကိုယ်စားလှယ်များသည် COVID-19 လူနာလွှဲပြောင်းစင်တာ သုံးခုစလုံးသို့ ငွေကြေး၊ လုပ်အားနှင့် နည်းပညာအကူအညီများပေးရန် ကတိတဝတ်ပြုထားပြီး တစ်သွေးတည်းတစ်သားတည်း အတူတကွ တုံ့ပြန်လုပ်ဆောင်ရန် နည်းလမ်းဖြင့် မဟာမိတ်ဖွဲ့ထားပါသည်။ ထိုစင်တာသုံးခုမှာ –

  • ဖိလစ်ပိုင် အဆုတ်စင်တာ (Lung Center of the Philippines)
  • ကာလိုကန်မြို့ တာလာရှိ ရိုဒရီဂုဆေးရုံ (Rodriguez Hospital in Tala, Caloocan)
  • ဖိလစ်ပိုင်တက္ကသိုလ်-ဖိလစ်ပိုင်အထွေထွေရောဂါကုဆေးရုံကြီး (University of the Philippines-Philippine General Hospital (UP-PGH))

ရင်းမြစ်ကန့်သတ်ချက်များကြောင့် ထိုမနီလာမြို့တော်နယ်နိမိတ်အတွင်းရှိ ဆေးရုံများကို COVID-19 လူနာလွှဲပြောင်းစင်တာများအဖြစ် သတ်မှတ်ထားပါသည်။ သို့သော်လည်း (အသက် ၆၀ အထက်နှင့် အခြားရောဂါတစ်ခုခုတွဲလျက်ရှိသော) ပိုမိုဆိုးရွားလာနိုင်ခြေများသည့် ရောဂါပျော့သော PUI များ (စောင့်ကြည့်လူနာများ) နှင့် အလယ်အလတ်မှ ပြင်းထန်လာနိုင်သော PUIs များကိုသာ ကန့်သတ်ကုသပေးပါသည်။

လူနာများအတွက် ပို၍ လွယ်ကူသော တိုးတက်မှုစောင့်ကြည့်မှတ်တမ်းတင်ခြင်းနှင့် လုံလောက်သော ရင်းမြစ်ခွဲဝေစီမံပို့ဆောင်ရေးအတွက် ထိုသတ်သတ်မှတ်မှတ်ဆေးရုံများ လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်ကို ရေးသားလျက် ဖိလစ်ပိုင်သမားတော်ကောလိပ် (the Philippine College of Physicians) နှင့် ဖိလစ်ပိုင်ခွဲစိတ်အထူးကုကောလိပ် (the Philippine College of Surgeons) တို့မှ တောင်းခံချက်ကို အတည်ပြုလုပ်ဆောင်ပါသည်။

၄င်းကို လုပ်ဆောင်ခြင်းအတွက် အခြားမရှိမဖြစ် အရေးပါသော အကြောင်းပြချက်များစွာအနက်မှ တစ်ခုမှာ COVID-19 ရောဂါမရှိသော အတွင်းလူနာများ၊ ပြင်ပလူနာများနှင့် ထိတွေ့မှုကို ရှောင်ရှားရန် ဖြစ်ပါသည်။ ဤသတ်မှတ်ချက်သည် ကျန်းမာရေးဝန်ထမ်းများကို COVID-19 လူနာများသာမကပဲ တန်းတူပြင်းထန်သော လူနာများကိုပါ အာရုံစိုစိုက်နိုင်အောင် ပြုလုပ်ပေးပါသည်။ ၄င်းသည် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းများကဲ့သို့သော အရေးပေါ်လူနာများကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ ခွဲစိတ်အထူးကုများသည်လည်း ခွဲစိတ်လူနာများကို လာရောက်ပြီး စစ်ဆေးကြည့်ရှုနိုင်ပါသည်။

DOH အစိုးရဆေးရုံများသည် အကျပ်အတည်းကာလအတွင်း ဖော်ပြပါဆေးရုံများမှ မကိုင်တွယ်နိုင်သော COVID-19 မရှိသည့် လူနာများကို လက်ခံပေးရန် ဆန္ဒရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဤစာရေးနေချိန်တွင် ဖိလစ်ပိုင်အစိုးရသည် နည်းပညာအကြံဉာဏ်များပံ့ပိုးရန်နှင့် ဆေးဘက်ဆိုင်ရာကုသမှုအတွေ့အကြုံများကို မျှဝေရန် စေလွှတ်လာသော တရုတ်ဆေးပညာကျွမ်းကျင်အဖွဲ့များနှင့် တွေ့ဆုံနေဆဲကာလဖြစ်ပါသည်။

‘ဓာတ်ခွဲစမ်းသပ်ပါ၊ ဓာတ်ခွဲစမ်းသပ်ပါ၊ ဓာတ်ခွဲစမ်းသပ်ပါ’

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ ညွှန်ကြားရေးမှူးချုပ်သည် COVID-19 နှင့် ပတ်သက်ပြီး ဓာတ်ခွဲစမ်းသပ်ခြင်း၊ သီးသန့်ထားခြင်းနှင့် ထိတွေ့မှုရာဇဝင်ကို လိုက်ခြင်းသည် COVID-19 ရောဂါတုံ့ပြန်မှု၏ အဓိကပင်မကျောရိုးမကြီး ဖြစ်ကြောင်း သူ၏ မိန့်ခွန်းတစ်ရပ်တွင် ထပ်လောင်းပြောကြားခဲ့သည်။

ထိုဖော်ပြပါအဆင့်များအနက် ဖိလစ်ပိုင်သည် ဓာတ်ခွဲစမ်းသပ်ခြင်းကို ပိုမို တိုးမြှင့်ရမည် ဖြစ်သည်။ WHO သည် ကျန်းမာရေးအကျပ်အတည်းကာလတွင် အထင်ကရအဖွဲ့အစည်းဖြစ်ပြီး အတွေ့အကြုံအရှိဆုံး ကမ္ဘာ့အကောင်းဆုံး ဆရာဝန်များ၊ သိပ္ပံပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ ကျွန်တော်တို့သည် မျက်စိကို အဝတ်စည်းလျက် မီးကို မငြိမ်းသတ်နိုင်သောကြောင့် ၄င်းအဖွဲ့သည် နိုင်ငံများကို သံသယလူနာများအား ဓာတ်ခွဲစမ်းသပ်ရန် တိုက်တွန်းထားပါသည်။

ဓာတ်ခွဲစမ်းသပ်မှုမပါဘဲ တိုင်းပြည်သည် သေဆုံးခြင်းအပါအဝင် လူနာသစ်များအားလုံးကို မှတ်တမ်းတင်နိုင်မည်မဟုတ်ပါ။ စောင့်ကြည့်လူနာ (PUI) များစွာသည် ဓာတ်ခွဲစမ်းသပ်ခြင်းမရှိဘဲ သေဆုံးပါသည်။ ထို့ကြောင့် COVID-19 ကြောင့် သေဆုံးမှုများသည် မှတ်တမ်းတင်ထားခြင်း မရှိပါ။ ထို့ပြင် ဖိလစ်ပိုင်ကျန်းမာရေးအာမခံကော်ပိုရေးရှင်း (PhilHealth) သည် ဆေးရုံများတွင် COVID-19 ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်မှုကုန်ကျစရိတ်ကို ကျခံပေးပါလိမ့်မည်။

#များများစစ်ပါ

အင်တာနက်လူ့အဖွဲ့အစည်းမှ လူများစွာသည် လူမှုကွန်ရက်တွင် #များများစစ်ပါ ဟူသော စာသားဖြင့် ပို့စ် တင်ခဲ့ပြီး အမြောက်အများစမ်းသပ်ရန် တောင်းဆိုခဲ့ကြပါသည်။ သေချာစွာ လေ့လာပြီးနောက် DOH သည် ၄င်း၏ ဓာတ်ခွဲစမ်းသပ်ခြင်း မူဝါဒကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများတွင် ပျော့သော တုတ်ကွေးကဲ့သို့ လက္ခဏာများရှိရုံမျှသည်ပင်လျှင် အန္တရာယ်ရှိ အချက်ပြအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲစမ်းသပ်ရန် ညွှန်ကြားခဲ့ပါသည်။

ကျန်းမာရေးလုပ်သားအင်အားသည် နည်းပါးနေပါသည်။ သူတို့သည် ရောဂါမရှိဟု အဖြေထွက်ပါက လုပ်ငန်းခွင်သို့ ပြန်သွားနိုင်ပါသည်။ တိုင်းပြည်သည် ဧပြီ ၁၄ ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသံသယ လူနာများကို အမြောက်အမြားဓာတ်ခွဲစမ်းသပ်ရန် အစပြုနေ့အဖြစ် သတ်မှတ်ထားပါသည်။

 တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်နေ့ပြီးတစ်နေ့

ဂျက်မားနှင့် အလီဘာဘာဖောင်ဒေးရှင်းမှ စမ်းသပ်ကိရိယာ ၁၅၀၀၀၀ လှူဒါန်းသည့်တိုင် ဓာတ်ခွဲစမ်းသပ်မှုအပိုင်းတွင် အခက်အခဲများ ရှိနေဆဲ ဖြစ်ပါသည်။

PCR စစ်ဆေးခြင်း၏ ရှုပ်ထွေးလွန်းသောကြောင့် ကျန်းမာရေးဌာန-အပူပိုင်းဆေးပညာ သုတေသနတက္ကသိုလ် (DOH-RITM) သည် COVID-19 ဓာတ်ခွဲစမ်းသပ်မှုကို စိတ်ဝင်စားသော မော်လီကျူလာ ရောဂါရှာဖွေဓာတ်ခွဲခန်းများအနေဖြင့် နည်းပညာရှင်များ၏ စွမ်းဆောင်ရည်နှင့် အကဲဖြတ်မှု စစ်ဆေးခြင်းကို ဦးစွာ လက်ခံလိုက်နာခံယူရမည်ဟု ထပ်လောင်းပြောကြားပါသည်။

ဓာတ်ခွဲခန်းများအနေဖြင့် လုပ်ဆောင်ထားရမည်ဖြစ်သော အရေးကြီးသည့် ဇီဝလုံခြုံရေး ဥပဒေသများ –

  • ဇီဝလုံခြုံရေးအဆင့် ၂ ဌာန
  • ဇီဝလုံခြုံရေးနှင့် PCR လုပ်ငန်းစဉ်များတွင် စနစ်တကျ လေ့ကျင့်ထားသော ဓာတ်ခွဲစမ်းသပ်နည်းပညာရှင်
  • ပုံမှန် စံ ချိန်ညှိနေသော ပစ္စည်းကိရိယာများ
  • စမ်းသပ်ရလဒ်များ၏ အရည်အသွေးအာမခံချက်နှင့် ပတ်သက်သည့် ကောင်းစွာ အခြေခိုင်သော လုပ်ထုံးလုပ်နည်း

ဤစာကို ရေးသားနေချိန်တွင် အသိအမှတ်ပြု ဓာတ်ခွဲခန်းရှစ်ခုသည် အပြည့်အဝစမ်းသပ်မှုအဆင့်ကို ရောက်ရှိနေကြပြီဖြစ်သည်။ တစ်ရက်လျှင် ဓာတ်ခွဲစမ်းသပ်နိုင်သော အရေအတွက် ၁၀၀၀ ကျော်စစ်နိုင်သည်အထိ တိုးတက်လာပါသည်။ ဓာတ်ခွဲစမ်းသပ်မှု အစမှ အဆုံးပြီးစီးချိန်သည် ခုနှစ်ရက်မှ ဆယ်ရက်အထိ ကြာရာမှ နမူနာများကို လက်ခံရရှိသည့်အချိန်မှစပြီး နှစ်ရက် သုံးရက်အထိသို့ လျော့ကျသွားပါသည်။

PUI နှင့် PUM များကို အများအပြားစမ်းသပ်ရန်အတွက် အခြားပြည်နယ်အဆင့် အခြားဓာတ်ခွဲခန်းများကို အသိအမှတ်ပြုခြင်းကို မြန်ဆန်စေရန်လည်း ကျန်းမာရေးဌာနအနေဖြင့် ဆုံးဖြတ်ချက်ချထားပါသည်။

ကျန်းမာရေးလုပ်သားလုံခြုံမှုကို ထိခိုက်စေနိုင်သော အန္တရာယ်များ

လူတိုင်း အသက်ရှင်သန်ရေးအတွက် ရှေ့တန်းတိုက်စစ်မှူးများသည် နေ့စဉ် အသက်နှင့် ရင်းပြီး ဆောင်ရွက်နေရပါသည်။ အချို့သော သဘောထားကျဉ်းမြောင်းသည့် ပြည်သူများသည် ထိုသူများကို ခွဲခြားဆက်ဆံလာကြသည်။ အချို့သည် ရောဂါပိုးများပါလာနိုင်သောကြောင့် လက်ရှိနေထိုင်ရာအဆောင်များသို့ ပြန်လာခြင်းကို တားမြစ်ခံနေရပါသည်။ သူနာပြုဆရာမတစ်ယောက်သည် ဂျူတီမှ အပြန်လမ်းတွင် ပြင်းထန်စွာ ရိုက်နှက်ခံရပြီး မျက်နှာကို အရောင်ချွတ်ဆေးဖြင့် မျက်နှာကို ပက်ပြီး လမ်းမပေါ်တွင် ထားခဲ့သည့် သတင်းကိုမူ ဖော်ပြရန် မလိုပါ။

ဆေးကုသရေးဆိုင်ရာနှင့် ပတ်သက်၍ WHO ညွှန်ကြားရေးမှူးချုပ်သည် ကျွန်တော်တို့အနေဖြင့် မှန်ကန်ရာကို လုပ်ဆောင်နေလျှင်ပင် ကျန်းမာရေးလုပ်သားများ၏ လုံခြုံရေးအတွက် အကာအကွယ် အပြည်အစုံကို ဦးစားပေး မလုပ်ဆောင်ထားပါက လုပ်သားများသည် ဗိုင်းရပ်စ်တွေကို သယ်ဆောင်ပြီး နေမကောင်းဖြစ်လာပါလိမ့်မည်ဟု ဖော်ပြခဲ့ပါသည်။ နောက်ပိုင်းတွင် ၄င်းသည် ဆေးရုံလုပ်အားကို လျော့ကျစေနိုင်ပြီး လူနာစာရင်းကို တက်လာစေပါတယ်။ ဤသို့ အန္တရာယ်များသော ကျန်းမာရေး လုပ်သား အင်အားနည်းလာခြင်း ဆက်တိုက်ဆင့်ကဲဖြစ်ပွားခြင်းသည် ဖြစ်လာနိုင်ခြေရှိပါသည်။

အဓိက အလုပ်ဖြစ်နိုင်သော အကူအညီပေးသည့် စီမံမှုများ

Inquirer.net မှ ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာရာဖေးအာကက်စတီလိုသည် ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျခြင်းကို လျော့နည်းအောင်လုပ်ရန် နည်းလမ်းကို အကြံပြုခဲ့ပါသည် –

  • ပဏာမကျန်းမာရေးစောင့်ရှောက်ရေး ဆရာဝန်များနှင့် အခြား စေတနာ့ဝန်ထမ်းများသည် အပျော့စား၊ အလတ်စား ပြင်းထန်လူနာများကို ကြိုတင် အကဲဖြတ်မှု ပြုလုပ်နိုင်ပါသည်။ နောက်ဆက်တွဲ ပြသခြင်းကို ရပ်ကွက်ကျန်းမာရေးလုပ်သားများကို တာဝန်ပေးထားပါသည်။ ဖုန်းအသုံးပြုခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို လုံလုံလောက်လောက် လျော့နည်းစေပါတယ်။
  • သမ္မတဒူတာတေး၏ အရေးပေါ်ပါဝါ သုံးပြီး Telcos ကို ဤအကျပ်အတည်းကာလအတွင်း ဖုန်းအသုံးပြုခ ကင်းလွတ်ခွင့်ပေးဖို့ လုပ်ဆောင်စေပါသည်။
  • စေတနာ့ဝန်ထမ်းဆရာဝန်နှင့် ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးခြင်း၊ နှုတ်တိုက်ပြောသော ဆေးညွှန်းများနှင့် ဆေးဆိုင်များကို ခွင့်ပြုသင့်ပါသည်။
  • စက်ရုံအလုပ်ရုံများသည် စမ်းသပ်ကိရိယာ၊ ရှေ့တန်း တိုက်စစ်မှူးများတွက် တစ်ကိုယ်အကာအကွယ်ပစ္စည်းနှင့် အခြေခံအသက်ရှူစက်များ ထုတ်လုပ်ခြင်းကို အာရုံစိုက်သင့်ပါသည်။

အလေ့အကျင့်ကောင်းများ

တိုင်းပြည်သည် ၄င်း၏ ရရှိနိုင်သော ရင်းမြစ်များကို အကောင်းဆုံး ထိန်းချုပ်အသုံးချချိန်တွင် ထိရောက်သော ဦးစားပေးစနစ်သည် အသေးငယ်ဆုံးသော ကျန်းမာရေးဌာနမှသည် အသိအမှတ်ပြု ရည်ညွှန်းစင်တာများအထိ အလွန်ပင် အကူအညီ ဖြစ်စေပါသည်။

လူနာ၏ ဖြစ်ပေါ်လာသော လက္ခဏာများနှင့် ထိတွေ့မှုများအပေါ်မူတည်ပြီး ရပ်ကွက်အဆင့် အဆင့် ၂ နှင့် ၃ ဆေးရုံများသည် ကျန်းမာရေးစနစ်တစ်ခုလုံး လက်ပန်းမကျမှီတွင် လူနာအကဲဖြတ်စနစ်ကို ကျင့်သုံးရန် အကောင်းဆုံး ပြုလုပ်ပြင်ဆင်ထားသင့်ပါသည်။

ဖော်ပြခဲ့ပြီးသလိုပင် စီရင်စုအဆင့်ရှိ အမျိုးသားရည်ညွှန်းဆေးရုံသုံးရုံနှင့် DOH အသိအမှတ်ပြုဆေးရုံတို့သည် ဆေးရုံ၏ အချို့ ဧရိယာများကို နေရာခွဲဝေပေးရန် လျာထားပါသည်။ ဤသို့ အစပြုခြင်းမရှိဘဲ သင့်တော်သော ရင်းမြစ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးကို လုပ်ဆောင်ရန် ခက်ခဲပါလိမ့်မည်။

ဝူဟန်မြို့တွင် ကိုယ်တွေ့ သိရှိခဲ့သော ထိုအတွေ့အကြုံများသည် တိုင်းပြည်များအနေဖြင့် ဤအကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းရန် သင်ခန်းစာများ ပေးခဲ့ပါသည်။ အခြား အရှေ့တောင်အာရှတိုင်းပြည်များကြားတွင် ခြေတစ်လှမ်းစော၍ စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ခြင်းသည် ဖိလစ်ပိုင်ကို ရှေ့သို့ ခြေတစ်လှမ်းအမြဲဦးနေသော ဗိုင်းရပ်စ်အား လိုက်မှီသွားအောင် လုပ်ပေးခဲ့ပါသည်။

စီရင်စုအခြေအနေ

  • ကာဗိုက်စီရင်စု – မြို့တော်ဝန်ရီမူလာသည် DOH-RITM စံနှုန်းဖြင့် ကိုက်ညီပြီး သင့်တော်သော နေရာဌာနကို တွေ့ရှိလျှင်တွေ့ရှိခြင်း ဓာတ်ခွဲစမ်းသပ်အစီအစဉ်ကို စတင်လုပ်ဆောင်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
  • တာလက်စီရင်စု – မြို့တော်ဝန်စူဇန်ရပ်သည် စည်ပင်အသွားအလာကန့်သတ်နေရာအား ကူညီပေးရန် ဆေးပညာနောက်ခံနှင့် အတွေ့အကြုံရှိသော စေတနာ့ဝန်ထမ်းများကို တောင်းဆိုထားပါသည်။
  • ဘီကိုဒေသ – ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မြှင့်တက်ခြင်းလာခြင်းကြောင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးဖွံ့ဖြိုးမှုစင်တာ (DOH-CHD) သည် ဒေသန္တရာအစိုးရအဖွဲ့ (LGU) များနှင့် ဆေးရုံများအား လူနာတင်ယာဉ်များကို စတင်ကိုင်တွယ်စေခဲ့ပါတယ်။
  • ဘန်စမိုရိုအစိုးရ – ကျန်းမာရေးဌာန (DOH) သည် COVID-19 အတွက် ဆေးရုံရရှိရေးကို ဆောင်ရွက်နေပါသည်။
  • ကာဂါရန်ဒီအိုရိုမြို့ – (DILG)-10 သည် ယာယီအားဖြင့် သီးသန့်ထားခြင်းနှင့် အသွားအလာကန့်သတ်နေရာများအဖြစ် ပြောင်းလဲနိုင်သော အစိုးရပိုင်နေရာဌာနများကို ရှာဖွေရန် ဒေသန္တရာအစိုးအား တိုက်တွန်းထားပါသည်။
  • အနောက်တိုင်း နီးဂရိုး စီရင်စု – အနောက်တိုင်းနီးဂရိုးစီရင်စု၊ ဘကိုလို့မြို့၊ ကိုရာဇုန် လော့ဆင်းမွန်တီလီဘာနိုင် အမှတ်တရ ဆေးရုံဆေးရုံ (CLMMRH) ၏ အကြီးအကဲ ဒေါက်တာဂျူးလိယက်ဒရီလွန်သည် စီရင်စုလိုအပ်ချက်များကို အစိုးရ၏ တုံ့ပြန်မှုအပေါ် အရမ်းကို တုန်လှုပ်မိပြီး လှူဒါန်းမှုတစ်ခုတည်းဖြင့် သူတို့ ရပ်တည်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
  • ပန်ဂါစီနင် စီရင်စု – ဒါဂုပန်မြို့ရှိ ဒေသ (၁) ဆေးကုစင်တာ (RIMC) သည် DOH ထံမှ ဆေးဝါးပစ္စည်းများစောင့်ဆိုင်းနေစဉ်တွင် ပြည်သူများ၊ ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ အထောက်အပံ့များနှင့် လှူဒါန်းမှုများဖြင့် ရှင်သန်နေရပါသည်။
  • ဘင်ဂွက်စီရင်စု – လာထရိုင်နီဒက်မြို့နှင့် ဘဂွီမြို့အနီးရှိ ကျန်းမာရေးလုပ်သားများသည် ထောက်ပံ့ပစ္စည်းနည်းလာသောကြောင့် မျက်နှာအကာများကို အက်စီတိတ်များဖြင့် အသုံးပြုပြီး ပြုလုပ်နေကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.