အရေးပေါ် လူ 4 ယောက် အတူတကွ စက်ဖြင့် အသက်ရှူခြင်းအတွက် ပုံနှင့်တကွ ဖော်ပြသော ညွှန်ကြားချက်

ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှေ့တန်းကျန်းမာရေးလုပ်သားတွေ COVID-19 ကို တိုက်ခိုက်ရာမှာ ကူညီပေးနိုင်မယ့် အချက်အလက် ဒါမှ မဟုတ် လမ်းညွှန်ချက်တွေကို ရှာဖွေရင်း အချိန်ကုန်လွန်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာပြန်ဆရာတစ်ဦးဟာ အသက်ရှူစက်တစ်ခုတည်းကနေ လူနာလေးယောက်အတွက် ဘယ်လို အသုံးပြုနိုင်မလဲဆိုတဲ့ Youtube ဗီဒီယိုတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ tweet လေးတစ်ခုနဲ့ သုတေသနစာတမ်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အင်ပီရီရယ်မော်ဒယ်ရှင်းလင်းချက်မှာ သတိပေးခဲ့တဲ့ အတိုင်းပါပဲ ညံ့ဖျင်းတဲ့ အထူးကြပ်မတ်ဆောင်တွေရဲ့ စက်မရှိလို့ အသက်ရှူစက် လိုအပ်ပြီး အသက်ရှူစက် မရရှိနိုင်တဲ့ COVID-19 လူနာတိုင်းဟာ သေဆုံးနိုင်ခြေရှိပါလိမ့်မယ်။

ဖိလစ်ပိုင်မှာ အထူးကြပ်မတ်ဆောင်ကုတင် ဆယ်လုံးရှိရင် အသက်ရှူစက်တစ်လုံးရှိတယ်လို့ ကျွန်တော်တို့ရဲ့ ဖိလစ်ပိုင်အခြေအနေအစီရင်ခံစာမှာ မှတ်သားမိထားပါတယ်။ အဲ့ဒါဟာ အရှေ့တောင်အာရှနိုင်ငံအများစုမှာလည်း မှန်ကန်နေတာဖြစ်လို့ ကျွန်တော်တို့ တုန်လှုပ်မိပါတယ်။ သုတေသနစာတမ်းရော ခြောက်မိနစ်စာ ဗီဒီယို နှစ်ခုလုံးကို အကျဉ်းချုပ်ပြီး ရိုးရှင်းတဲ့ ‘ဘယ်လိုလုပ်ရမလဲ’ဆိုတဲ့ လမ်းညွှန်ချက်ကို ပုံရေးဆွဲ ဘာသာပြန်စေပြီး ဆေးရုံတွေကို ဖြန့်ဝေဖို့ ကွန်ပျူတာပုံရေးဆွဲသူတစ်ဦးကို ကျွန်တော်တို့ တာဝန်ပေးခဲ့ပါတယ်။ အောက်က ဖော်ပြထားတဲ့ အရာကတော့ ထူးဆန်းအံ့ဖွယ်မဟုတ်ပါဘူး။ ဒါပေမယ့် တိကျတဲ့ အခြေအနေတစ်ခုအောက်မှာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မှာ ဖြစ်တဲ့ စက်ပိုင်းဆိုင်ရာပြင်ဆင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဖြည့်စွက်ပြင်ဆင်ချက် – ၄င်းကို အဆုတ်ရောဂါပါရဂူမှ စိစစ်ကြည့်ရှုသုံးသပ်ထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အကြံဉာဏ်အတိုင်း လူနာတစ်ဦးက တစ်ဦးကူးစက်နိုင်ခြေနဲ့ ဒါဟာ ကြာရှည်အဖြေမဖြစ်နိုင်ဘူးဆိုတဲ့ စဉ်းစားဖို့ သတိပေးချက်တွေကိုလည်း ထပ်မံဖြည့်စွက်ပါလိမ့်မယ်။

Illustration by Mary Monette Crall

၂၀၀၆ ခုနှစ်တွင် Dr’s Greg Nayman နှင့် Charlene Babcock Irvin သည် အကြပ်အတည်းကာလအတွင်း အသက်ရှူစက်တစ်လုံးသည် တစ်ချိန်တည်းမှာပင် လူနာလေးယောက်အထိ အောင်မြင်စွာ အသုံးပြုနိုင်ကြောင်း အယူအဆတစ်ခုကို ဖော်ထုတ်ခဲ့ပါသည်။ ဆေးရုံများသည် COVID-19 လူနာများပြားပြည့်လျှံလာခြင်းကို ရင်ဆိုင်ထိန်းချုပ်နေရသောကြောင့် ကျန်းမာရေးစနစ်သည် ကျွန်တော်တို့ရဲ့ လက်ရှိအစစ်အမှန်အခြေအနေကို အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နိုင်ချိန်အထိ ထိုကဲ့သို့သော လူနာဆိုင်ရာ ဆောင်ရွက်မှုများသည် လူ့အသက်များကို ကယ်တင်ရန်အလို့ငှာ မရှိမဖြစ်အရေးပါလာပါသည်။

အကျပ်အတည်းကာလတွင် လူအပို သို့မဟုတ် စက်အပို မရှိပါက အသက်ရှူစက်တိုးချဲ့ပြင်ဆင်ခြင်းသည် လက်ရှိစက်၏ လုပ်ဆောင်နိုင်မှုကို မြှင့်တင်ရန် ဆေးရုံများအတွက် နည်းလမ်းတစ်ခုအဖြစ် ယူဆလုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ရိုးရှင်းသော ပစ္စည်းများကို အသုံးပြုခြင်းမှတစ်ဆင့် အသက်ရှူစက်တစ်လုံးသည် တစ်ဦးတည်းအတွက် မဟုတ်တော့ဘဲ လူနာ နှစ်ဦး သို့မဟုတ် လေးဦးအထိ အသုံးပြုနိုင်ပါသည်။ သူတို့၏ စမ်းသပ်ချက်တွင် နေမန်းနှင့် ဘက်ကော့သည် ဘရစ်၏ “ မှုတ်ဆေးတွင် အသုံးပြုသော အသက်ရှူကုထုံးပညာရှင်၏ ပစ္စည်းထည့်ခြင်းထဲမှ T ပုံစံပြွန်” ကို အသုံးပြုပါသည်။ သူတို့သည် အိတ်ကို ဖြတ်ပြီး ပြွန်များကို “ H” ပုံစံနှစ်ခုအဖြစ် ချိတ်ဆက်ပေးပါ။ “ H” များပြုလုပ်ပြီးသည့်နောက် သူတို့သည် ၄င်းတို့ကို ကြားဆက်ကိရိယာနှင့် ပြွတ်သွယ်ထားသော ဟက်ဆန် အသက်ရှူစက်နှင့် ချိတ်ဆက်ပေးပါသည်။ သို့မှသာ အသက်ရှူစက်မှလေသည် ပုံဟန်ပြလူနာလေးယောက်ထံ ညီညာစွာ ခွဲဖြာထွက်ပြီး ပြန်လာသော လေသည် တူညီသော ပိုက်တစ်ခုတည်းသို့ ပြန်လာပါလိမ့်မည်။ ၄င်းပစ္စည်းများသည် မရရှိနိုင်ပါက ဆေးဘက်ဆိုင်ရာဝန်ထမ်းကို လက်ထဲတွင် ရှိသည့် အရာဖြင့် အဆင်ပြေအောင် လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

သူတို့၏ စမ်းသပ်ချက်သည် ဖိအားထိန်းချုပ်ခြင်းနှင့် အသံထိန်းချုပ်ဆက်တင်အပါအဝင် ဆယ့်နှစ်နာရီကြာခဲ့သည်။ အသက်ရှူစက်ကို အလုပ်ရှုပ်သော အနေအထားတွင် စမ်းကြည့်ရန်အတွက် ကျပန်းအချိန်တွင် ပြတ်တောင်းပြတ်တောင်း သွားရောက်စစ်ဆေးပါသည်။ စမ်းသပ်မှုတစ်လျှောက်လုံးတွင် လေပြွန်ဖိအားသည် အသက်ရှူစက်ကြောင့် အဆုတ်ထိခိုက်ခြင်း ပမာဏထက် မကျော်လွန်ပါ။ တစ်ဦးချင်း ပုံမှန် ရှူသွင်း၊ ရှူထုတ်လေပမာဏသည် ၇၀ kg လူတစ်ဦးအတွက် ၇ mL/kg ခန့်ဖြစ်ပြီး ပုံမှန်အားဖြင့် ၇၁-၅၀၇ mL ဖြစ်ပါသည်။ အချို့သော လေ့လာချက်များတွင် ၆-၈ mL/kg အတွင်း စက်ဖြင့် အသက်ရှူခြင်းသည် ထိခိုက်ဒဏ်ရာရနေသော အဆုတ်အလားအလာပိုမိုကောင်းမွန်လာစေနိုင်ပါသည်။

သူမ၏ ဗီဒီယိုနှင့် လေ့လာချက်တွင် Dr. Babcock သည် အသက်ရှူစက်တိုးချဲ့ပြင်ဆင်ခြင်းကို ထည့်သွင်းစဉ်းစားသူ မည်သူမဆိုအား အကြံပြုချက်များစွာ ပြုလုပ်ထားပါသည် –

  • လူနာများသည် တူညီသော အဆုတ်အရွယ်အစား ရှိရမည်
  • ခံနိုင်စွမ်းသည်လည်း တူညီကြောင်း သေချာပါစေ။
  • လူနာအားလုံးအတွက် ပြွန်သည် တူညီသော အရှည်နှင့် လူနာခေါင်းကို အသက်ရှူစက်ဘက်လှည့်ထားပါက လူနာများကို “ ကြယ်တစ်ခြမ်း” အပြင်အဆင်ပုံစံတွင် ထားပါ။

ထိုအကြံပြုချက်များသည် တူညီသော အောက်ဆီဂျင်လိုအပ်ချက်ရှိသည့် လူနာများအနေဖြင့် အတူတကွထားနိုင်သည်ကို သေချာစေပါသည်။ လိုအပ်ချက် မတူညီသော လူနာများသည် တူညီစွာ ပြုပြင်ထားသည့် အသက်ရှူစက်တွင် ထားပါက တစ်ဦးချင်းစီသည် သူတို့၏ လိုအပ်သော အောက်ဆီဂျင်ပမာဏကို ရရှိသည်မှာ သေချာအောင် လုပ်ဆောင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပါ။

အသက်ရှူစက်ပြုပြင်ခြင်းသည် သီအိုရီအရ ထိရောက်သည်။ သို့သော်လည်း ၄င်းကို လူသားများတွင် တစ်ကြိမ်သာ အောင်မြင်စွာ အသုံးပြုဖူးပါသည်။ ဒေါက်တာ ကီဗင်မီနီသည် လပ်ဗေးဂတ်စ်မြို့ ပစ်ခတ်မှုပြီးနောက်တွင် လူနာနှစ်ဦးတွင် အသုံးပြုရန် အသက်ရှူစက်များကို ပြုပြင်ပြင်ဆင်ရာတွင် Y ပုံပြွန်များကို အသုံးပြုရန် ညွှန်ကြားခဲ့ပါသည်။ သူ၏ လျင်မြန်သော တွေးတောဆင်ခြင်မှုဖြင့် သူသည် ပြင်ပ အထောက်အပံ့များ ရောက်မလာခင်အချိန်အထိ လူနာများကို နာရီအနည်းငယ်ကြာ ပို၍ အသက်ရှင်သန်နိုင်စေရန် ထိန်းထားနိုင်ခဲ့ပါသည်။ အထောက်အထားကန့်သတ်ချက်၊ အသက်ရှူစက်ပြုပြင်ခြင်းနည်းလမ်း စမ်းသပ်လေ့လာအသုံးပြုခြင်း အကန့်အသတ်တို့ ရှိခြင်းကြောင့် အသက်ရှူစက်ပြောင်းလဲပြင်ဆင်ခြင်းနှင့် ပတ်သက်၍ များစွာသော အရာများသည် မသိရှိဘဲ ဖြစ်နေဆဲ ဖြစ်ပါသည်။ လူနာတစ်ဦးမှ နောက်တစ်ဦးသို့ လူနာအချင်းချင်း ဗိုင်းရပ်စ်အပြန်အလှန် ကူးစက်နိုင်သော အန္တရာယ်သည်လည်း အကဲမဖြတ်မလေ့လာရသေးပါ။ လေစီးကြောင်းသည် တစ်ဖက်တည်းစီးသောကြောင့် ဖြစ်နိုင်ချေနည်းပါးသည်ဟု ဒေါက်တာ ဘက်ကော့မှ သီအိုရီထုတ်ခဲ့သော်လည်း နောက်ထပ်လေ့လာချက်များမရှိဘဲ ၄င်းသည် သေချာပါသည်ဟု ဆိုရန် မဖြစ်နိုင်သေးပါ။

အသက်ရှူစက်များသည် လူနာတစ်ဦးထက်ပိုပြီး အသုံးပြုရန် ဒီဇိုင်းထုတ်ထားသည် မဟုတ်ပါ။ အသက်ရှူစက် ပြောင်းလဲပြင်ဆင်ခြင်းသည် လက်ရှိ ရင်းမြစ်များမှာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မဖြစ်နိုင်မှသာလျှင် အသုံးပြုရန် စဉ်းစားသင့်ပါသည်။ ဒေါက်တာ ဘက်ကော့ကို ကိုးကားရလျှင် “ အဲ့ဒါဟာ ကျွန်တော်ဖြစ်ပြီး ကျွန်တော့်မှာ လူနာလေးယောက်ရှိတယ်၊ ဒါပေမယ့် အသက်ရှူစက်တစ်လုံးတည်းရှိတယ်ဆိုရင် ရိုးရိုးပါပဲ ကျွန်တော်ဟာ သူတို့ လေးယောက်လုံးရဲ့ မိသားစုဝင်တွေနဲ့ တစ်ချက်ဆွေးနွေးမယ်။ ပြီးတော့ ပြောမယ်။ ကျွန်တော်တစ်ယောက်ကိုပဲ အသက်ရှင်ဖို့ ရွေးချယ်ရမှာလား ဒါမှမဟုတ် လေးယောက်လုံးကိုပဲ အသက်ရှင်နိုင်ဖို့ ရွေးချယ်ရမှာလား။ အဲဒီလေးယောက်အတွက် သုံးတဲ့ နည်းလမ်းက တရားဝင်တော့ သုံးခွင့်မရှိပါဘူး။ သေရေးရှင်ရေးသမျှအရေးကြီးအနေတဲ့ အနေအထားမှာပဲ အသုံးပြုရတာပါ။ အဲ့ဒါကို ကျွန်တော်တို့ Covid-19 ရောဂါမှာလည်း တွေ့နိုင်ပါတယ်။”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.