အခြေအနေ အစီရင်ခံစာ – တရုတ်ပြည်မ

နောက်ပိုင်း လူများစွာ၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းမှာ တရုတ်ပြည်၏ လက်ရှိအစစ်အမှန် အခြေအနေသည် မည်သို့ဖြစ်သနည်းဟူ၍ ဖြစ်ပါသည်။ ကျွန်တော် လွန်ခဲ့သော တစ်လက ပြောခဲ့သလိုပင် “ အရေအတွက်များသည် မှားယွင်းနေနိုင်ပါသည်။ သို့သော် သွားနေသော လမ်းကြောင်းမှာမူ အမှန် ဖြစ်ပါသည်။” ယနေ့ လက်ရှိတွင်ရော ကပ်ရောဂါပျံ့နှံ့မှု ထိပ်ဆုံး ရောက်နေချိန်တွင်ပါ တရုတ်ပြည်မှ ထွက်လာသော ကိန်းဂဏာန်းများကို သံသယရှိသည်ဟု ဆိုခြင်းတွင် အကြောင်းရင်းများ ရှိပါသည်။ သို့သော် ခြုံငုံပုံသွင်သဏ္ဍာန်မှာမူ မှန်ကန်သည်ဟု ယူဆရပါသည် –

  • RO ၃.၇ (RO ဆိုသည်မှာ ရောဂါရှိသူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်တဲ့ ပျမ်းမျှအရေအတွက် ဖြစ်ပါတယ်။) ဖြင့် ဒီဇင်ဘာနှောင်းပိုင်းမှ ဇန်နဝါရီလ ၂၀ ခန့်အထိတိုင် ဝူဟန်မြို့တွင် ရှာဖွေမတွေ့ရှိသော (သို့မဟုတ် ဖုံးကွယ်ထားသော) ကပ်ရောဂါပျံ့နှံ့မှုတစ်ခု ရှိခဲ့ပါသည်။
  • ထိုကာလအတွင်း တရုတ်နှစ်သစ်ကူးခရီးစဉ်အတွက် လူဦးရေ အကြမ်းဖျင်း ငါးသန်းခန့်သည် ဝူဟန်မြို့မှ ထွက်လာခဲ့ပြီး တရုတ်ပြည်မ ရှိ ပြည်နယ်တိုင်း၊ မြို့တိုင်းသို့ COVID-19 ကို ပျံ့နှံ့စေခဲ့ပါသည်။
  • ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်မှ စတင် ပိတ်ဆို့ခဲ့ပြီး နောက်ပိုင်းတွင် ဟူပေပြည်နယ်ရှိ အခြားမြို့ကြီးပေါင်းများစွာကိုလည်း ဆက်လက်ပိတ်ဆို့ခဲ့ပါသည်။ ထို့နောက် ပိတ်ဆို့မှုသည် တရုတ်တစ်ပြည်လုံးနီးပါး ပါဝင်လာပါသည်။ မြို့အများစုတွင် မြို့အချင်းချင်းအကြား ခရီးသွားလာခြင်းကို ဆိုင်းငံ့ကန့်သတ်ခဲ့သည်။
  • ကပ်ရောဂါပျံ့နှံ့မှုသည် ဖေဖော်ဝါရီအစောပိုင်းတွင် အမြင့်ဆုံး ဖြစ်ခဲ့သည်။
  • RO သည် ထိတွေ့မှုခြေရာခံမှုမြင့်တက်လာခြင်း၊ ရောဂါရှာဖွေစမ်းသပ်နိုင်စွမ်း အံ့သြဖွယ် မြင့်မားလာခြင်းနှင့် ဗဟိုမှ ထိန်းချုပ်သော အသွားအလာကန့်သတ်မှုများကြောင့် ဖေဖော်ဝါရီလအတွင်း ဝူဟန်မြို့တွင် .၃၂ သို့ ကျဆင်းသွားပါသည်။
  • ပီကင်းကဲ့သို့သော မြို့များသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြည်တွင်းဆိုက်ရောက်ခရီးသည်များကို အသွားအလာကန့်သတ်ခဲ့ပါသည်။
  • တိုင်းပြည်အနှံ့ ပိတ်ဆို့ခြင်းသည် မတ်လလဆန်းပိုင်းလောက်တွင် စတင်ကျဆင်းလာခဲ့ပါသည်။
  • ပီကင်းသည် မတ်လ ၁၂ တွင် နိုင်ငံတကာဆိုက်ရောက်ခရီးသည်များအားလုံးကို စတင် အသွားအလာကန့်သတ်ခဲ့ပါသည်။ ၄င်းသည် လျင်မြန်စွာပင် တစ်နိုင်ငံလုံးကျင့်သုံးသော မူဝါဒဖြစ်လာခဲ့ပါသည်။
  • ဟူပေပြည်နယ်သည် ယခုအပတ်တွင် လူနာအသစ်မရှိအကြောင်း စတင် အစီရင်ခံလာခဲ့ပြီး ဝူဟန်မြို့သည်လည်း ပိတ်ဆို့ခြင်းမှ လွတ်မြောက်လာခဲ့ပါသည်။

အတိုချုပ်ဆိုရလျှင် တရုတ်ပြည်သည် တစ်လကြာခန့် တိုင်းပြည်တစ်ခွင် ရှာဖွေ့မတွေ့နိုင်ဖြစ်နေသော ကပ်ရောဂါပျံ့နှံ့မှုကြီး ဖြစ်ပွားနေသည့် အမေရိကန်ကဲ့သို့ လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ပါသည်။ တရုတ်နှစ်သစ်ကူးနှင့် အချိန်ကိုက်ဖြစ်သွားခြင်း၊ ၄င်းကြောင့် ခရီးသွားခြင်းနှင့် ဇန်နဝါရီလဖုံးကွယ်ထားခြင်းသည် ပြည်သူ့ကျန်းမာရေးအတွက် ပို၍ ဆိုးဝါးစွာ မဖြစ်စေခဲ့ပါ။ အံ့သြဖွယ်ဖြစ်သော – ယေဘုယျအားဖြင့် ကြမ်းတမ်းသည့် – တုံ့ပြန်မှုသည် ဟူပေပြည်နယ်ပြင်ပရှိ လူထူကြားကပ်ရောဂါပျံ့ပွားမှုကို အမှန်တကယ် ရပ်တန့်သွားစေနိုင်ခဲ့ဟန် တူပါသည်။

တိုင်းပြည်၏ နေရာ အတော်များများသည် ၆-၈ ပတ်ကြာကြာ ပိတ်ဆို့ခြင်း ပြုလုပ်ခဲ့ကြသည်။ အာဏာပိုင်များသည် အားသွန်ခွန်ခိုက် ရှာဖွေစမ်းသပ်ခဲ့ပြီး ရောဂါရှိနိုင်သူတိုင်းကို သီးခြားထားခဲ့ပါသည်။ ထို့နောက် ကပ်ရောဂါပျံ့နှံ့မှုပိုမိုဖြစ်လာစေနိုင်သော တင်သွင်းမှုများအားလုံးကို အသွားအလာကန့်သတ်ခြင်း စတင်ခဲ့ပါသည်။ ထိုစီမံလုပ်ဆောင်ချက်များအားလုံးသည် အလုပ်ဖြစ်သင့်ခဲ့ပြီး အပြင်ပန်းအားဖြင့်လည်း (ရောဂါဖြစ်သူ အသစ်တွေ့ရှိသော အစစ်အမှန် အရေအတွက်သည် အမှန်တကယ်အားဖြင့် သုည မဖြစ်ခဲ့လျှင်ပင်) အလုပ်ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့သည် ဝူဟန်မြို့ပြင်ပ အရေအတွက်များ အထူးသဖြင့် သေဆုံးမှုအရေအတွက်ကို အလွန် သံသယဖြစ်ပြီး မှတ်တမ်းတင်ထားသည်ထက်ပို၍ လူထုကြား ကပ်ရောဂါပျံ့နှံ့မှုသည် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ထင်ပါသည်။ ထိုကပ်ရောဂါပျံ့နှံ့မှုများသည် ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်းကို အတော့်ပင် ယုံကြည်နေမိပါသည်။

တရုတ်ပြည်၏ တရားဝင်ထုတ်ပြန်ထားသော အရေအတွက်အပေါ် ရှိသည့် သံသယကို ပြန်လည် ချိန်ညှိခြင်းသည် CCP (တရုတ်ပြည်ကွန်မြူနစ်ပါတီ) ၏ နိုင်ငံရေးဝါဒ ဖြစ်ပါသည်။ သူတို့သည် လွန်ခဲ့သော သုံးလက အခြေအနေကို ထပ်ကျော့ မသွားလိုတော့ပါ။ သူတို့သည် စီးပွားရေးကို အသည်းအသန် ပြန်လည်စတင်လိုကြပြီး ကမ္ဘာကြီးနှင့် သူ၏ နိုင်ငံသားများကို “ တရုတ်ပြည်၏ အောင်မြင်မှု ဖြစ်ရပ်” အကြောင်း ပြောကြားလိုသည်နှင့်အမျှ သူတို့သည် သူတို့၏ အခြေအနေ မည်မျှ ထိလွယ်ရှလွယ်ရှိသည်ကို နားလည်ပြီး ပြင်ပကမ္ဘာကြီးက မည်သည့်အခါမှ မကြားရလျှင်ပင် သူတို့သည် ဗိုင်းရပ်စ်ကို တစ်ဖန် ဖိနှိပ်နိုင်အောင် လုပ်ဖို့ လိုသမျှကို လုပ်မည်ဟု ကျွန်တော် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိပါသည်။

တရုတ်ပြည်မှ ထွက်ပေါ်လာသော တရားဝင် အရေအတွက်နှင့် ပတ်သက်ပြီး ဆက်လက်ရှိနေသော ဝေဖန်ချက်များထဲမှ တစ်ခုမှာ သူတို့သည် သူတို့၏ အစီရင်ခံသော အရေအတွက်များတွင် ရောဂါလက္ခဏာ မရှိသူများကို ထည့်သွင်းထားခြင်းမရှိသည်ကို ကျွန်တော်တို့ သိရှိထားခြင်းပင် ဖြစ်ပါသည်။ ၄င်းကို ရောင်ပြန်ဟပ်နေသော အတွင်းအရေအတွက်ကို စိုးရိမ်ပူပန်ရန် ခိုင်မာသော အကြောင်းပြချက်ရှိပါလိမ့်မည်။ ရောဂါလက္ခဏာမရှိသူများကို သီးသန့်ခွဲထားခြင်း မရှိသလို ထိတွေ့မှုကိုလည်း လိုက်ထားခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ ယမန်နေ့က သူတို့သည် ရောဂါလက္ခဏာမရှိသူများ၏ အရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်းမှာ သူတို့သည် ရောဂါကို ခြေရာခံလိုက်နေပြီး ဖြစ်ပေါ်လာသော အန္တရာယ်ကို သေသေချာချာ နားလည်ကြောင်း သက်သေပြနေပါသည်။

ကျွန်တော့်အမြင်တွင် တရုတ်များကို နိုင်ငံတကာသို့ အသွားအလာကန့်သတ်ခြင်းမရှိဘဲ သွားလာခွင့်ပေးရန် ယခုအချိန်တွင် လုံလုံခြုံခြုံ ခွင့်ပေးနိုင်ပြီဖြစ်သည်။ အခြားတစ်နေရာတွင် ကျွန်တော် ရေးခဲ့သည့်အတိုင်းပင် ကပ်ရောဂါပျံ့နှံ့မှု အစောပိုင်းကာလတွင် ခရီးသွားခြင်းကို ပိတ်ပင်ခြင်း၏ ဖြစ်ရပ်မှန်မှာ အစိုးရအများစုသည် ခရီးသွားကန့်သတ်ခြင်းများစွာကို မလုပ်ဆောင်မီ တရုတ်အာဏာပိုင်များသည် – အထူးသဖြင့် ဖြစ်နိုင်သော တင်သွင်းကူးစက်မှုများမှ – သူတို့၏ နိုင်ငံသားများကို သီးသန့်ထားခြင်း (ဆိုလိုသည်မှာ ဟောင်ကောင်သို့ HSR ရထားများနှင့် လေယာဉ်များကို ပိတ်ပင်ခြင်း) ဖြင့် ကာကွယ်နေခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် မည်သည့်တရုတ်တင်သွင်းကူးစက်မှုများကိုမဆို တွေ့ရှိပါက ထိုအကဲဖြတ်ခြင်းသည် ပြောင်းလဲသွားနိုင်ပါသည်။ ကျွန်တော် သတိထားမိသော နောက်ဆုံးတင်သွင်းကူးစက်မှုမှာ လွန်ခဲ့သော နှစ်ပတ်ခန့်က ဖြစ်ပါသည်။

တရုတ်ပြည်ဟာ တစ်ပတ်ခန့်အတွင်း ဝူဟန်မြို့ပြင်ပ ဘယ်လူထုကြား ကပ်ရောဂါကူးစက်မှုတစ်ခုကိုမှ အစီရင်ခံထားတာ မတွေ့ရပါ။ သူတို့ဟာ အခုပဲ ဆိုမာလီယားနိုင်ငံကို ရောဂါသည်တစ်ဦးပို့ခဲ့ပြီးဖြစ်ပါတယ်။

ဆိုမားလီးယားနိုင်ငံ – မိုဂါဒါရှုမြို့

#covid-19 ပထမဆုံး လူနာတစ်ဦးကို နိုင်ငံအတွင်း အတည်ပြုပြီး ဖြစ်တယ်။
တရုတ်ပြည်မှ ပြန်လာသော ဆိုမားလီးယားနိုင်ငံသား ဖြစ်ပါတယ်။

ဝန်ကြီးဌာနဟာ နိုင်ငံတကာလေယာဉ်အားလုံးကို လာမယ့် ဗုဒ္ဓဟူးနေ့မှ စတင်ပြီး ၁၄ ရက် ကြာကြာ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
#nCoVAfrica

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.