ရှင်းလင်းတင်ပြချက် – COVID-19 စမ်းသပ်နည်းလမ်းများ

COVID-19 စမ်းသပ်ခြင်းသည် အစိုးရနှင့် ကျန်းမာရေးပညာရှင်များအနေဖြင့် လူထုအတွင်း ရောဂါကူးစက်မှု အတိုင်းအတာနှင့် နက်ရှိုင်းမှုကို သိရှိနားလည်အောင် လုပ်ဆောင်ပေးသောကြောင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် အလွန်ပင် အရေးကြီးပါသည်။ အမြောက်အမြား စမ်းသပ်ခြင်းသည် ပြည်သူလူထုအား ကပ်ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ပိုမိုထိရောက်သော မူဝါဒများကို ကောက်ကြောင်းဖော်ရာတွင် ကူညီပေးပါသည်။ COVID-19 အတွက် အသုံးပြုသော စမ်းသပ်ရန် အဓိကနည်းလမ်း သုံးနည်း ရှိပါသည်။

COVID-19 ရောဂါဖြစ်စေသော SARS-Cov-2 ဗိုင်းရပ်စ်ကို စမ်းသပ်သိရှိရန် ယခုအချိန်အထိ အသုံးအများဆုံး စမ်းသပ်နည်းလမ်းမှာ Reverse Transcriptase-Polymerase Chain Reaction (RT-PCR) စမ်းသပ်နည်း ဖြစ်ပါသည်။ RT-PCR စမ်းသပ်နည်းသည် ဆေးကုသဌာနတစ်ခုမှ စစ်ဆေးရန်အတွက် ပို့ဆောင်လာသော နှာခေါင်း သို့မဟုတ် လည်ချောင်းမှ နမူနာများ ရောက်ရှိလာခြင်းမှ စတင်ပါသည်။ ဖိလစ်ပိုင်ကဲ့သို့သော နေရာများတွင် အတည်ပြုချက်ရရှိပြီးသော ဓာတ်ခွဲခန်းအနည်းငယ်သို့ စပ်းသပ်နမူနာများ ပို့ဆောင်သည့် အဆင့်သည် စမ်းသပ်ကိရိယာများရရှိခြင်းအဆင့်ထက်စာလျှင် ပို၍ တစ်ဆို့ကြန့်ကြာနေသည့် အဆင့် ဖြစ်နေပါသည်။ RT-PCR စမ်းသပ်နည်းသည် RNA ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ပေးနိုင်သော အဆင့်များစွာပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ၄င်းတို့သည် အဖြေများကို ခန့်မှန်း 71% အထိ တိတိကျကျ ရရှိစေနိုင်ပါသည်။

ဆီရမ်အသုံးပြု စမ်းသပ်နည်းသည် လက်ရှိတွင် ရရှိနိုင်ပြီ ဖြစ်ပါသည်။ ၄င်းနည်းလမ်းသည် နမူနာများတွင် ဗိုင်းရပ်စ်ရှိနေခြင်းနှင့် ချိတ်ဆက်နေနိုင်သော ပဋိပစ္စည်းများ သို့မဟုတ် အင်တီဂျင်များကို ရှာဖွေစမ်းသပ်သော ကိုယ်ခံအားစမ်းသပ်နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ကိုယ်ခံအားစမ်းသပ်နည်းများသည် RT-PCR စမ်းသပ်နည်းများထက် အဖြေများကို ပို၍ မြန်မြန် (တစ်ချို့သည် 15 မိနစ်အတွင်း) ထုတ်ပေးနိုင်ပါသည်။ ၄င်းစမ်းသပ်နည်းများသည် အသုံးပြုရန် ပိုမိုရိုးရှင်းသော်လည်း စောစီးစွာ လုပ်ဆောင်ပါက ပိုးမရှိဟူသော အဖြေမှားများကို ရရှိစေနိုင်ပါသည်။ TFDA သည် ဆီရမ်အသုံးပြု ပဋိပစ္စည်းစမ်းသပ်နည်းများကို ရောဂါလက္ခဏာများ စတင်ပြီး ငါးရက်ကြာမှ စမ်းသပ်လုပ်ဆောင်ရန် အကြံပြုထားပါသည်။ ၄င်းအချိန်သည် COVID-19 လူနာတစ်ဦးအနေဖြင့် ပဋိပစ္စည်းကို စမ်းသပ်တွေ့ရှိနိုင်လောက်သော ပမာဏသို့ ရောက်ရှိအောင် ထုတ်လုပ်ရန် လုံလောက်သော အချိန်ဖြစ်ပါသည်။ PCR စမ်းသပ်နည်းကို အသုံးပြုပါက ၄င်းသည် လူနာတစ်ဦးတွင် COVID-19 ရှိမရှိကိုသာ ပြသနိုင်ပြီး ဆီရမ်အသုံးပြုစမ်းသပ်နည်းလမ်းများသည် တစ်စုံတစ်ဦးတွင် ယခင်က COVID-19 ကူးစက်ခဲ့ဖူးခြင်းရှိမရှိကိုပါ ပြသနိုင်ပါသည်။

လက်ရှိတွင် ပဋိပစ္စည်းစမ်းသပ်နည်းများကို COVID-19 လူနာများတွင် အသုံးမပြုသင့်ကြောင်း WHO နှင့် CDC လမ်းညွှန်ချက်များတွင် ဆိုထားပါသည်။ သို့သော်လည်း ပြင်းထန်စွာ ပိတ်ဆို့ခြင်း များကြောင့် ကျွန်တော်တို့ ကြိုသိထားသည့်အတိုင်း နည်းပါးသော်လည်း ဝေးလံသည့် ဓာတ်ခွဲခန်းများသို့ PCR စမ်းသပ်ပစ္စည်းများကို ပို့ဆောင်ရာတွင် သိသိသာသာ အခက်အခဲများ ကြုံနေရသော နေရာများစွာ ရှိပါသည်။ ပိုမို တိကျပြီး ရရှိရန် လွယ်ကူသောကြောင့် ပဋိပစ္စည်းစမ်းသပ်နည်းများသည် (မှန်ကန်စွာ အသုံးပြုလျှင်) အရှေ့တောင်အာရှဒေသအများအပြားတွင် အသုံးပြုရန် လက်တွေ့ကျပြီး တစ်ခုတည်းသော ရောဂါ ရှာဖွေဖော်ထုတ် နည်းလမ်းတစ်ရပ် ဖြစ်နိုင်ပါသည်။

COVID-19 ကို စမ်းသပ်တွေ့ရှိရန် အခြားစမ်းသပ်နည်းလမ်းတစ်မျိုးမှာ CT စကန်ဖြစ်ပါသည်။ ဝူဟန်မြို့ရှိ သမားတော်များသည် “ COVID-19 ရောဂါအတွက် CT ၏ ပိုးတွေ့ရှိကို မှန်ကန်စွာ ဖော်ပြနိုင်စွမ်းသည် 98% ဖြစ်သည်” ဟု တွေ့ရှိခဲ့ပါသည်။ CT စကန်များသည် ရောဂါဖော်ထုတ်ရာတွင် အလွန့်အလွန် တိကျပါသည်။ သို့သော် အထူးကိရိယာနှင့် လေ့ကျင့်ထားသော ဝန်ထမ်းများ လိုအပ်ပါသည်။ ထို့အပြင် လူနာများသည် စစ်ဆေးမှုကို ခံယူရန်အတွက် စက်ရှိသော နေရာတွင် ရှိနေရန် လိုပါသည်။ ထိုအချက်များသည် ၄င်းတို့ကို အများအပြားလုပ်ဆောင်ရန် အဆင်မပြေ ဖြစ်စေပါသည်။

COVID-19 CT စကန်

အစိုးရများစွာသည် စမ်းသပ်ကိရိယာများကို ရယူရာတွင် အခက်အခဲများ ရှိကြပြီး တရုတ်ပြည်မှ ဝယ်ယူခြင်းနှင့် အလှူအတန်းများမှတစ်ဆင့် စမ်းသပ်နိုင်စွမ်းကို တိုးမြှင့်ရန် မျှော်လင့်နေကြပါသည်။ ဤလှူဒါန်းထားသော စမ်းသပ်ကိရိယာများကို အသုံးပြုရန်အတွက် အစီအစဉ်များကို လုပ်ဆောင်နေချိန်တွင် အာဏာပိုင်များသည် ချက်ခြင်းလိုအပ်နေမှုများ၊ စမ်းသပ်ကိရိယာ၏ စိတ်ချရမှုနှင့် ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်များကို ချိန်ညှိရန် လိုအပ်ပါလိမ့်မည်။ (မတ်လ 30 ရက်တွင် RT-PCR စမ်းသပ်ခြင်းအတွက် ခွင့်ပြုချက်ရရှိပြီးဓာတ်ခွဲခန်း 5 ခုသာ ရှိသော) ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများသည် RT-PCR ဓာတ်ခွဲခန်းများနှင့် CT စက်များ၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန် ကိုယ်ခံအားစမ်းသပ်နည်းလမ်းဖြင့် ရောဂါစစ်ဆေးခြင်းကို စဉ်းစားသင့်ပါသည်။ လူများနှင့် သတ်မှတ်အကွာအဝေးတွင် ဆက်ဆံနေထိုင်ခြင်း၊ လူနာနှင့် ထိတွေ့သူများကို နောက်ကြောင်းပြန်လိုက်ခြင်းနှင့် အခြား အစီအစဉ်များ ပေါင်းစပ်လုပ်ဆောင်ပါက ၄င်းသည် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် ကူညီနိုင်မည် ဖြစ်ပြီး လူသားများကို သာမန်ဘဝသို့ ပြန်လည် ရရှိစေနိုင်မှာ ဖြစ်ပါသည်။

One Reply to “ရှင်းလင်းတင်ပြချက် – COVID-19 စမ်းသပ်နည်းလမ်းများ”

  1. ချိတ်ဆက်မှုပြန်လှန်အသိပေးချက် - အခြေအနေအစီရင်ခံစာ – ထိုင်းနိုင်ငံ – Outbreak.Asia

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.