ပြင်းထန်စွာ ပိတ်ဆို့ခြင်း (Hard Lockdown) အပြင် အခြားနည်းလမ်းများ

ပိတ်ဆို့ခြင်း (Lockdown) ၏ တန်ဖိုးကို နားလည်ရန် အောက်ပါ အတွေးစမ်းသပ်ချက်ကို သုံးသပ်ကြည့်ပါ – မလုပ်မဖြစ် အလုပ်လုပ်နေရသော သူများမှ လွဲ၍ ကမ္ဘာပေါ်ရှိ လူတိုင်းသည် နှစ်ပတ်ကြာ အိမ်တွင်သာ နေထိုင်ပါက ဤကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါပျံ့နှံ့မှုကြီးသည် နိဂုံးကမ္ပတ်အဆုံးသတ်သို့ ရောက်ရပါလိမ့်မည်။ ၄င်းကို ပြုလုပ်ခြင်းသည် အိမ်ပြင်ပရှိ မည်သည့်သူတစ်ဦးကိုမျှ ဗိုင်းရပ်စ်ပိုးကူးစက်ရန် အခွင့်အရေး ပေးတော့မည်မဟုတ်ပါ။ SARS-nCOV-2 ကြောင့် ဖျားနာနေသော မည်သူမဆို နှစ်ပတ်တာကာလ အတွင်းတွင် ရောဂါလက္ခဏာများ ပြသလာပါလိမ့်မည်။ ရောဂါလက္ခဏာပြလာသော သူများ၏ မိသားစုဝင်များကို နောက်ထပ်နှစ်ပတ်ကြာမျှ အသွားအလာကန့်သတ်ခြင်း ဆက်လက်ပြုလုပ်ပါလိမ့်မည်။ ထိုအချိန်ကာလတွင် ရောဂါရှိသူများကို ရှာဖွေအတည်ပြုရန် စမ်းသပ်ခြင်းကို အပြင်းအထန် တိုးချဲ့လုပ်ဆောင်ပါလိမ့်မည်။

အစိုးရပေါင်းများစွာနှင့် စီးပွားရေးအီလစ်များသည် သူတို့၏ စီပွားရေးအား ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်ရမည်ကို တွန့်ဆုတ်နေကြပါသည်။ စစ်အုပ်ချုပ်ရေးအမိန့်နှင့် ကွဲကွဲပြားပြား မရှိသော အခြားတစ်နေရာရာသို့ “လူထုအသွားအလာကန့်သတ်ခြင်း” ကို ဖိလစ်ပိုင်ကဲ့သို့သော နေရာများတွင် လူထုများသည် အပြစ်မြင်လာကြပါသည်။ ဤစာတွင် ကျွန်တော်တို့သည် မဟာဗျူဟာ နှစ်မျိုးကို ဆွေးနွေးမျှဝေသွားပါမည် – တစ်မျိုးမှာ ‘ပြင်းထန်စွာ’ ပိတ်ဆို့ခြင်း၏ အခြားနည်းလမ်းဖြစ်ပြီး နောက်တစ်မျိုးမှာ တစ်နည်းနည်းအားဖြင့် ဖြစ်ကို ဖြစ်လာတော့မည် အလေ့အကျင့် တစ်ရပ်အကြောင်း ဖြစ်ပါသည်။

ပြင်းထန်စွာ ပိတ်ဆို့ခြင်း (Hard Lockdowns)

ပြင်းထန်စွာ ပိတ်ဆို့ခြင်းသည် လူအားလုံးကို အိမ်တွင်းတွင်သာ နေစေရန်အတွက် ရဲ၊ စစ်တပ် သို့မဟုတ် အရန်စစ်တပ်များကို သုံး၍ အပြင်မထွက်ရ အမိန့်ကို ဥပဒေနှင့်အညီ အာဏာတည်စေခြင်းဖြစ်သည်။ ၄င်းတို့ကို ပြင်းထန်မှုအဆင့်အလိုက် တရုတ်ပြည်အနှံ့တွင် အသုံးပြုခဲ့ပါသည်။ ယေဘုယျအားဖြင့် ဆေးရုံနှင့် ဆေးဆိုင်များ မပါဘဲ ဆိုင်အားလုံးကို အမိန့်ပေး ပိတ်ခိုင်းသည်။ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဆိုင်များကိုမူ ပို့ဆောင်စေသည် (သို့မဟုတ် လာရောက်ဝယ်သော ဖောက်သည်များကို ထုတ်ပိုးယူသွားခိုင်းသည်)။ အဆိုးဆုံးအခြေအနေတွင် မိသားစုဝင်တစ်ဦးကိုသာ စျေးဝယ်ထွက်ရန် ခွင့်ပြုပါသည်။ အီတလီတွင်လည်း အလားတူ အမိန့်များထုတ်ပြန်ထားပြီး ရက်အနည်းငယ်အကြာတွင် အိန္ဒိယကလည်း အလားတူအမိန့်မျိုး ထုတ်ပြန်ခဲ့ပါသည်။

Translation – @BBCWorld အိန္ဒိယနိုင်ငံ၊ ဂိုယာမြို့မှာ သောင်တင်နေတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေပါ။ နိုင်ငံဟာ လွန်ခဲ့တဲ့ သုံးရက်က ဆိုင်အားလုံးကို ပိတ်ခဲ့ပြီး ဖြစ်ပါတယ်။ နေထိုင်သူများနဲ့ နိုင်ငံခြားခရီးသွားတွေဟာ ဘယ်အရေးကြီး ပစ္စည်းတွေကိုမှ ဝယ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ရဲတွေရဲ့ အကြမ်းပတမ်းရက်စက်မှုတွေ၊ ဗီဒီယိုရိုက်ထားတဲ့ ရိုက်နှက်တာတွေ ရှိပါတယ်။ လူတွေမှာ ရေလည်း သောက်စရာမရှိ အစာလည်း ငတ်နေပါပြီ။

ပိတ်ဆို့မှုများသည် မြို့ကြီးများအကြားနှင့် ပြည်နယ်များအကြားခရီးသွားခြင်းကို တားမြစ်ခြင်းနှင့် ဆက်စပ်လေ့ ရှိပါသည်။ ဖိလစ်ပိုင်သည် ဤချဉ်းကပ်နည်းကို နယ်မြေအနှံ့ဖြန့်ထုတ်ဆောင်ရွက်သော်လည်း ပိုပြီး စစ်တပ်ဆန်သော ဗားရှင်းဖြင့် အကောင်အထည်ဖော်နေပါသည်။ လူဇင်ကျွန်းနှင့် မနီလာမြို့တစ်လျှောက် ပြည်နယ်နယ်စပ်များပေါ်တွင် အိမ်နီးနားခြင်းအသီးသီးကြားတွင် သွားလာရန်အတွက် ပုံမှန်သွားလာသူများအနေဖြင့် ဖြတ်သန်းခွင့်လိုအပ်သော လက်နက်ကိုင်ဂိတ်များရှိပါသည်။ နယ်မြေအနှံ့ဖြန့်ထုတ်ဆောင်ရွက်သော ချဉ်းကပ်မှုဆိုသည်မှာ ပြည်သူလူထုအနေဖြင့် အားလုံးခြုံငုံမူဝါဒကို နားလည်ရန် ခက်ခဲပြီး ကျွန်တော်တို့အနေဖြင့် စိုးရိမ်ဖွယ်ကောင်းလောက်အောင် အစားအသောက် လေလွင့်ဆုံးရှုံးမှုကို စတင်မြင်တွေ့လာရခြင်းကို ဆိုလိုပါသည်။

Translate -သယ်ပြီး သွားမရောင်းနိုင်တဲ့နောက်မှာ မြောက်ပိုင်းဖိလစ်ပိုင်မှ အသီးအရွက်စိုက်ပျိုးသူတွေဟာ သူတို့ရဲ့ သီးနှံများရိတ်သိမ်းပြီး ပုံထားကြပါတယ်။ #ကိုရိုနာဗိုင်းရပ်စ် ဓာတ်ပုံ – Jaren Catama Lamhi

နိုင်ငံမြို့တော်ဒေသအပြင်ဘက် မြို့ငယ်များနှင့် ကျေးရွာစီရင်စုများကို COVID-19 ရောက်ရှိခွင့်ပြုခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်း ကျွန်တော်တို့ နားလည်သောကြောင့် ကျွန်တော်တို့အနေဖြင့် ဤသို့ပိတ်ဆို့ရန်အတွက် ဤအကြောင်းပြချက်ပေးသည်ကို အလွန်အမင်းပင် ထောက်ထားစာနာမိပါသည်။ သို့သော်လည်း အခြားနည်းလမ်းရှိပါလိမ့်ဟု ကျွန်တော်တို့ ယူဆပါသည်။

Translation – ယုံကြည်ဖို့ တကယ့်ကို ခက်ခဲပါတယ်။ ဒါပေမယ့် အပြင်ပန်းအားဖြင့် #COVID19 ပြန့်နှံ့မှုကို ရပ်တန့်ဖို့ ဆိုပြီး #ဖိလစ်ပိုင် မှာ အပြင်မထွက်ရအမိန့်ကို ချိုးဖောက်သူတွေကို ခွေးလှောင်အိမ်ထဲကို တကယ့်ကို ထည့်ထားခဲ့ပါတယ်။ အခြေခံအားဖြင့် အုပ်စုထဲက သူတစ်ယောက်ယောက်ဟာ #Covid_19 ရှိခဲ့ရင် သူတို့အားလုံး ကူးစက်ကုန်မှာဆိုတာ သေချာပါတယ်၊ အခွင့်အရေးချိုးဖောက်ခံရတာဖြစ်ပါတယ်။ တကယ့်ကို တရားလွန်ပါပဲ! https://hrw.org/news/2020/03/2

ညင်ညင်သာသာ ပိတ်ဆို့ခြင်းများ (Soft Lockdowns)

ဟောင်ကောင်၊ မကာအို၊ ထိုက်ဝမ်၊ ကိုရီးယားနှင့် စင်ကာပူတို့သည် ကပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် ယခုအချိန်ထိတိုင် မည်သည့် ပုံမှန် ပိတ်ဆို့ခြင်း အမိန့်များ မရှိဘဲ အခြားနေရာများထက် ပိုမိုကောင်းမွန်စွာ စီမံနိုင်စွမ်းရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် ကိုရီးယားကို မည်သည့်အချိန်ကမှ ပိတ်ဆို့ခြင်း မလုပ်ခဲ့ဘဲ ပြင်းထန်သော ကပ်ရောဂါကူးစက်မှုကို ရင်ဆိုင်ရသော နေရာအဖြစ် ပုံမှန်အားဖြင့် တိုက်ရိုက်ကိုးကားလေ့ ရှိပါသည်။ သို့သော်လည်း ပိတ်ဆို့ခြင်းပုံစံအချို့မရှိဟု ဆိုခြင်းသည် ဖြစ်ခဲ့သည်နှင့် ဖြစ်နေဆဲဖြစ်သည်များကို အဓိပ္ပါယ်ကောက်လွဲသွားစေနိုင်ပါသည်။

ကိုရီးယားတွင် ဖြစ်ခဲ့ခြင်းများသည် ဟောင်ကောင်တွင် ဖြစ်ခဲ့သည့် ပုံစံနှင့် ဆင်တူပါသည် – လူများနှင့် စီးပွားရေးလုပ်ငန်းများကို အိမ်တွင် နေထိုင်လုပ်ကိုင်ရန် ပြောစရာမလိုခဲ့ပါ။ စီးပွားရေးလုပ်ငန်းများသည် “ အခြေအနေကို သိပြီး” လုပ်သားများကို အဝေးရောက်အလုပ်လုပ်ကြရန် ညွှန်ကြားသည်။ ကိုရီးယားကပ်ရောဂါပြန့်ပွားမှုအမြင့်ဆုံးအချိန်တွင် ဒဲဂူးမြို့သည် တစ္ဆေမြို့ကြီးကဲ့သို့ ဖြစ်နေပါသည်။ ဟောင်ကောင်တွင် ဖြစ်နေသကဲ့သို့ပင် အစိုးရနှင့် အရပ်သားကဏ္ဍနှစ်ရပ်လုံးသည် အန္တရာယ်ကို တိကျစွာ သတိမူမိပြီး အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခဲ့ပါသည်။

ပြည်သူများ၏ ပူးပေါင်းပါဝင် တုံ့ပြန်မှုအပြင် လူတစ်ယောက်သည် ကိုယ်အပူချိန်မစစ်ဆေးဘဲ သို့မဟုတ် လိမ်လည်မှုအတွက် ဥပဒေနှင့်အညီ တရားဝင်တာဝန်ခံစေသော ပြစ်မှုအကျိုးဆက်ရှိသည့် ကျန်းမာကြောင်းကြေညာစာတွင် လက်မှတ်မထိုးဘဲ ဤနေရာရှိ ဆေးရုံများ သို့မဟုတ် ဆေးခန်းများသို့ ဝင်ခွင့်မရှိပါ။ အားကစားရုံများသည်လည်း တံခါးပေါက်တွင် အပူချိန်တိုင်းတာစက်များရှိပြီး အာဏာပိုင်များမှ ရောဂါရှိကြောင်းအတည်ပြုလူနာသည် မကြာမီက လာရောက်ခဲ့ကြောင်း ပြောပါက အားကစားရုံကို ပိတ်လိုက်ပါသည်။ မြို့လယ်ရှိ အကောင်းဆုံး ကုန်တိုက်တစ်ခုသည် ထိုနေရာတွင် စျေးဝယ်နေစဉ် ရောဂါအတည်ပြုလူနာတစ်ဦးကို တွေ့ရှိရရုံမျှကြောင့် ယခုလက်ရှိတွင် ပိတ်လိုက်ရပါသည်။

ထိုကဲ့သို့ စီစဉ်ဆောင်ရွက်မှုများကို “ ညင်ညင်သာသာ ပိတ်ဆို့ခြင်း” ဟု ခေါ်ဆိုနိုင်ပါသည်။ အလုပ်သမားများစွာကို အိမ်ပြန်ပို့ပြီး ကျောင်းကို ပိတ်ထားပါက “ ရောက်လေရာတွင်နေရန်” အမိန့်များနှင့် စစ်တပ်ဂိတ်များ မလိုအပ်ပါဟူသော အယူအဆသည် အငြင်းပွားဖွယ်ဖြစ်ပါသည်။ အမှန်တကယ်တွင် ဖျားနာနေသော ဆရာများနှင့် ကျောင်းသားများကို အိမ်တွင်သာ နေထိုင်ရန် သတိဝီရိယဖြင့် အားထုတ်ခြင်းကြောင့် စင်ကာပူတွင် ကျောင်းများကိုပင် ပိတ်ထားရခြင်းမရှိပါ။ အတင်းအကျပ်ခိုင်းစေရန် မလိုဘဲ လုံလောက်စွာ တပ်လှန့်ထားသော၊ အသိပေးထားသော ပြည်သူများသည် အိမ်တွင်သာ နေထိုင်ကြပါလိမ့်မည်။

ထို့အပြင် ဗီဒီယိုများသည် မလွဲဧကန်ပင် ရယ်ဖွယ်များ ဖြစ်နေချိန်တွင် ကျွန်တော်တို့သည် အီတလီတွင် မြင်ခဲ့သော စီစဉ်ဆောင်ရွက်မှုအချို့ကို အလွန်ပင် အယုံအကြည်ကင်းမဲ့နေပါသည်။ မျက်နှာကာမပါဘဲ အကွာအဝေး ခြောက်ပေထက်နည်းပြီး ဆယ့်ငါးမိနစ်ကြာ COVID-19 ကူးစက်ခံရသူနှင့် “ အနီးကပ်ထိတွေ့ခြင်း” ကို ဟောင်ကောင်ကျန်းမာရေး အာဏာပိုင်များသည် သရုပ်ဖော်ပြခဲ့သော်လည်း ခွေးဖြင့်လမ်းလျှောက်ခြင်းနှင့် ရွရွပြေးခြင်းကို တားမြစ်ရန်အတွက်မူ လက်တွေ့မျက်မြင်သုတေသနအခြေခံများစွာ မရှိဟန်တူပါသည်။ ပြင်းထန်စွာ ပိတ်ဆို့ခြင်းကို စဉ်းစားသင့်သည့် တစ်ခုတည်းသော အခြေအနေမှာ ကျန်းမာရေးအရာရှိများအနေဖြင့် အောက်ပါတို့ကို ဆုံးဖြတ်သောအခါ ဖြစ်ပါသည် –

  • လူများသည် မြန်မြန်ရွေ့ဖို့ လိုအပ်သည်
    • ဥပမာအားဖြင့် ‘အနီရောင်ဇုန်များ’ (ဝူဟန်မြို့၊ လွန်ဘာဒီ၊ နယူးယောက်မြို့များကို ကြည့်ပါ)
    • လက်ရှိရောဂါရှိကြောင်းအတည်ပြုအရေအတွက်သည် ကပ်ရောဂါပျံ့နှံ့မှု မည်မျှထိဖြစ်နေသည်ကို ကိုယ်စားမပြုသောအခါ (အိန္ဒိယကို ကြည့်ပါ )
  • လူထုသည် လူလူခြင်း အဝေးတွင် နေထိုင်ခြင်းကို လေးလေးနက်နက် လုံလောက်အောင် မလုပ်ဆောင်ကြပါ။
  • အတင်းအကြပ်မလုပ်ခိုင်းပါက ပုဂ္ဂလိကဘက်ရှိ အဖွဲ့များသည် လုပ်သားများကို အိမ်သို့ မပို့ခြင်း။

COVID-19 ကို ဖိနှိပ်ရာတွင် ပိုမိုပျော့ပျောင်းသော ချဉ်းကပ်နည်းကို ထောက်ခံချက်ပေးခြင်းအဖြစ် ဤစာကို ဖတ်လျှင် မှားယွင်းသွားပါလိမ့်မည်။ အမှန်တကယ်အားဖြင့် ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ပိတ်ဆို့ခြင်း ပုံစံအချို့ကို အသုံးပြုသင့်သည်ဟု ကျွန်တော်တို့ ယူဆပါသည်။ သို့သော်လည်း တရုတ်မှ လုပ်ဆောင်သော မော်ဒယ်သည် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါ။ များပြားလှသော ပြည်သူလူထုအနေဖြင့် ကျန်းမာရေးအကြောင်းမှလွဲ၍ အခြားမည်သည့်အကြောင်းကြောင့်မဆို အိမ်မှ ထွက်ခွာခြင်းကို ပိတ်ပင်ခြင်းဖြင့် စတင်ပါ။

ဗဟိုမှ ချုပ်ကိုင်ပြီး အဆင့်ဆင့် အသွားအလာကန့်သတ်ခြင်း

ဗဟိုမှ ထိန်းချုပ်ထားသော အဆင့်ဆင့် အသွားအလာကန့်သတ်ခြင်းနှင့် နှိုင်းယှဉ်၍ COVID-19 ကို ဖိနှိပ်ရာဝယ် ပိတ်ဆို့ခြင်းတွင် ရှိသော အကျိုးသက်ရောက်မှုကို မကြာမီက ဝူဟန်မြို့မှ ထုတ်ပြန်ခဲ့သော အချက်အလက်များတွင် မေးခွန်းထုတ်ခဲ့ပါသည်။ ရောဂါလက္ခဏာပြင်းထန်မှုကို အခြေပြုပြီး သံသယရှိ၊ အတည်ပြု COVID-19 လူနာများကို ခွဲထားရန်၊ အသွားအလာကန့်သတ်ထားရန် ကပ်ရောဂါစတင်သည့် ပထနေ့ကတည်းကပင် အစီအစဉ်တစ်ရပ်ရှိခဲ့ပါသည်။ သာမန်ပြည်သူများထဲမှ သံသယလူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူများ၊ သံသယလူနာများကို သီးသန့်ထားခြင်းသည် သာမန်ပြည်သူများကို တစ်ဦးနှင့် တစ်ဦး ဝေးအောင်ထားခြင်းထက် ပို၍ အကျိုးသက်ရောက်မှုကောင်းသည်ဟု ယူဆရပါသည်။

ပြဿနာမှာ ကပ်ရောဂါပျံ့နှံ့မှုသည် ဆေးရုံလက်ခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီး အဆောင်များ၊ ဟိုတယ်များကဲ့သို့သော နေရာများသည် အဖျားတိုင်းဆေးခန်းနှင့် အသွားအလာကန့်သတ်နေရာများအဖြစ်သို့ ပြောင်းလဲသွားချိန် ဖေဖော်ဝါရီလအစောပိုင်းအချိန်တိုင်အောင် ၄င်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိခြင်း ဖြစ်ပါသည်။ ပြန်ပြောင်းရှုမြော်ကြည့်ပါက အပူပိုင်းဇုန်တွင် အိမ်တွင်းနေထိုင် အသွားအလာကန့်သတ်ခြင်းသည် ‘အနီရောင်အဆင့်’ အတွက် ထိရောက်သော သို့မဟုတ် လူသားဆန်သော မဟာဗျူဟာတစ်ရပ် ဖြစ်နိုင်ဟန် မတူပါ။ ဗဟိုမှ ချုပ်ကိုင်သော အသွားအလာကန့်သတ်ခြင်းကို အစီအစဉ်တကျမဖြစ်မီတွင် များစွာသော ရောဂါကူးစက်ခံရသူများသည် အိမ်တွင်းနေထိုင်ရန် အသွားအလာကန့်သတ်ခံထားခဲ့ရပါသည်။ အိမ်တွင်းတွင် သူတို့သည် သူတို့၏ မိသားစုဝင်များကို ရောဂါကူးစက်စေခဲ့ပြီး ပိုမိုဆိုးဝါးသော ကျန်းမာရေး ရလဒ်များကို ရရှိခဲ့ပါသည်။

သတ်မှတ် အသွားအလာကန့်သတ် နေရာများသတ်မှတ်ခြင်းနှင့် ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်းများကို ယခုအချိန်တွင် အကြီးအကျယ် အားထုတ် ပြုလုပ်သင့်ပါသည်။ ကောင်းမွန်စွာ စီစဉ်ဆောင်ရွက်ထားခြင်းမရှိသော ဗဟိုမှ ချုပ်ကိုင်သည့် အလောတကြီးနိုင်သော အသွားအလာကန့်သတ်ခြင်းသည် ပြင်းထန်စွာ ပိတ်ဆို့ခြင်းတွင် မြင်ခဲ့ရသော လွန်ကဲမှုထက် ပို၍ပင် ထိန်းသိမ်းရေးစခန်းများကဲ့သို့ ဖြစ်နေမည်ကို ကျွန်တော်တို့ စိုးရိမ်မိပါသည်။ ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်ရန် PPE ပြတ်လပ်နေသော ကမ္ဘာတစ်ဝှမ်းလုံးရှိ ရှေ့တန်းဆရာဝန်များနှင့် သူနာပြုများတွင် ၄င်းသည် ပိုမိုဖြစ်နိုင်ခြေရှိပါသည်။ ဤအကျပ်အတည်းကို အလျင်အမြန်မဖြေရှင်းနိုင်ပါက COVID-19 လူနာများကို ကုသမည့် ဆေးရုံများ၊ ဆေးပညာရှင်များ နည်းပါးသွားပါလိမ့်မည်။

One Reply to “ပြင်းထန်စွာ ပိတ်ဆို့ခြင်း (Hard Lockdown) အပြင် အခြားနည်းလမ်းများ”

  1. ချိတ်ဆက်မှုပြန်လှန်အသိပေးချက် - အခြေအနေအစီရင်ခံစာ – ထိုင်းနိုင်ငံ – Outbreak.Asia

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.