စာရွက်စာတမ်း – ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်း COVID-19 အစီရင်ခံစာ

ကျွန်တော်တို့ဟာ ဒီအစီရင်ခံစာကို ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်းကနေ မနေ့က လက်ခံရရှိခဲ့ပါတယ်။ မူလထိုင်းဗားရှင်းကို ဒီမှာ ရရှိနိုင်ပါတယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ ခြုံငုံအလားအလာဟာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားတွေလို အိမ်နီးချင်းနိုင်ငံတွေနဲ့ သေချာပေါက် ဆင်တူ နီးပါးဖြစ်နေမယ်လို့ ယူဆတဲ့အတွက် ကျွန်တော် ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။

အကြောင်းအရာ – ကိုရိုနာဗိုင်းရပ်စ် 2019 (COVID-19) ကူးစက်ခြင်းကို ကြားဖြတ်ရန် ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များနှင့် နည်းလမ်းများကို ပေးရန်

သို့ – ထိုင်းနိုင်ငံရှိ ဆေးကျောင်းတိုင်း၏ မဟာဌာနမှူးများ

တရုတ်ပြည်၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ မှာ စတင်ခဲ့တဲ့ အသက်ရှူလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လက်ရှိအခြေအနေအရ ဒီရောဂါဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းလုံး ကူးစက်ပျံ့နှံ့နေတာကို တွေ့ရှိရပြီး ထိုင်းနိုင်ငံမှာဆိုရင် စုစုပေါင်း လူဦးရေ 212 ဦးကို ကူးစက်ခံနေရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဆီရီရပ်ဂျ်ဆေးရုံဆေးပညာမဟာဌာန၊ မဟီဒေါ်တက္ကသိုလ်ရဲ့ ရာမာဒိပတိဆေးရုံဆေးပညာမဟာဌာနနဲ့ ချူလာလောင်ကွန်းတက္ကသိုလ်ဆေးပညာမဟာဌာနတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်း (ခေါ်ဆော်ပေါ်သော်) ဟာ ကိုရိုနာဗိုင်းရပ် 2019 (COVID-19) ကူးစက်မှုကို ကြားဖြတ်ရပ်တန့်စေနိုင်တဲ့ ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များနဲ့ နည်းလမ်းများကို ပူးပေါင်း တင်ပြပေးထားပါတယ်။ အကြောင်းမှာ ရောဂါပြန့်ပွားမှုအခြေအနေဟာ ထိုင်းနိုင်ငံမှာ အကြီးအကျယ်ဆိုးဝါးလာနိုင်စေတဲ့ သို့မဟုတ် ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်မှုကို နှေးကွေးစေနိုင်တဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

[ပြင်ဆင်ထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်အသေးစိတ်]

ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံရှိ ဆေးကျောင်းတိုင်းရဲ့ မဟာဌာနမှုးတွေအနေနဲ့ အချက်အလက်တွေကို ချင့်ချိန်ဖို့နဲ့ ဒီကာကွယ်ရေးလုပ်ဆောင်ချက်နဲ့ နည်းလမ်းတွေကို နိုင်ငံအတွက် ပိုမိုအသုံးဝင်ပြီး ပြည့်စုံအောင်ပြုလုပ်ဖို့ ထင်မြင်ချက်တွေ ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအကြောင်းအရာရဲ့ အရေးတကြီးအနေအထားကြောင့် ဖြစ်ပေါ်လာတဲ့ အဆင်မပြေမှုတွေ အားလုံးအတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သင့်တော်သလို အသိပေးပါ။ နောက်ထပ်လုပ်ဆောင်ချက်တွေကိုလည်း ဆက်လုပ်ပါ။ ကျွန်တော်တို့ ကျေးဇူးတင်နေမှာပါ။

နက်ရှိုင်းသော မေတ္တာဖြင့်

[ပြုပြင်ထားသည်]


ထိုင်းနိုင်ငံတွင် COVID-19 ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး မူဝါဒ အဆိုပြုလွှာ။ နောက်ရက် 30 အကြာ အခြေအနေသည် အစိုးရ၏ ဆုံးဖြတ်ချက်များပေါ် မူတည်ပါသည်။

“ထိုင်းနိုင်ငံအတွက် ဗိုင်းရပ်စ်ကို ရပ်တန့်ပါ၊ အိမ်မှာနေပါ။” နှင့် နောက်ရက် 30 အတွက် အနာဂါတ်ပုံရိပ်

နေမြဲအတိုင်း / ဘာမှမလုပ်ပိတ်ဆို့ခြင်း / လူတိုင်းအိမ်မှာနေ
ကူးစက်351,79224,269
ဆေးရုံတက် 52,792 3,630
အထူးကြပ်မတ်ဆောင် 17,597 1,212
သေဆုံး 7,039 485

အစိုးရသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ပါက ၄င်းသည် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် ဖြစ်သော အကျိုးဆက်၏ ပြင်းအားကို လျော့ချပေးပြီး ကူးစက်ခံရသူလူနာအရေအတွက်ကို လျော့ချရာတွင် ကောင်းစွာ ကူညီပေးပါသည်။ စနစ်တကျအနေအထားဖြင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ခြင်းနှင့် အပိုင်းစုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အချိန်အလိုက် တိတိကျကျ ဆောင်ရွက်ခြင်းသည် ထိရောက်ပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ COVID-19 ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး မူဝါဒ အဆိုပြုလွှာမှာ အောက်ပါအချက်များ ပါဝင်ပါသည် –

အဆင့် 1 – မတ်လ 22 ရက်၊ 2020

ထိုင်းနိုင်ငံရှိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ခန့်မှန်းအရေအတွက် – 440 – 882 ဦးဖြစ်သည်။ အစိုးရအနေဖြင့် လုပ်ဆောင်သင့်သော ကာကွယ်ရေးလုပ်ဆောင်ချက်များသည် အောက်ပါ ကာကွယ်ထိန်းချုပ်နည်းလမ်းတို့ ဖြစ်ပါသည် –

  1. ဆေးဝါး၊ ရေမီးစသည့် လူထုဝန်ဆောင်မှုများ၊ အစာရေနှင့် လုံလောက်သော သယ်ယူပို့ဆောင်ရေးအပါအဝင် ဆေးရုံ၊ ဆေးခန်းများကို လုံလောက်သည့် ရင်းမြစ်များ ခွဲဝေပေးပါ။
  2. လူတို့၏ နေ့စဉ်ဘဝများအတွက် မရှိမဖြစ် လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လုံလောက်သော ရင်းမြစ်များကို စီမံရန် အစီအစဉ်ချပါ။
  3. ပြည်သူတို့အတွက် လုံခြုံရေးနှင့် ပြည်သူ့ကောင်းကျိုးချမ်းသာရေးကို စောင့်ရှောက်ရန် အစီအစဉ်ချပါ။
  4. လျှပ်စစ်၊ လောင်စာနှင့် အခြားအရာများအပါအဝင် တိုင်းပြည်၏ စွမ်းအင်စနစ်ကို စီမံရန် အစီအစဉ်ချပါ။
  5. အစိုးရအဖွဲ့အစည်းအချင်းချင်းကြား၊ အစိုးရအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းအကြား၊ အစိုးရအဖွဲ့အစည်းနှင့် ပြည်သူများအကြား၊ ပြည်သူများအချင်းချင်းအကြား ဆက်သွယ်မှုစနစ်ကို စီမံရန် အစီအစဉ်ချပါ။
  6. ပြည်သူများအတွက် မိမိဘာသာ အိမ်တွင် နေထိုင်ရင်း စစ်ဆေးရန်အတွက် စျေးသက်သာပြီး စစ်ဆေးရန်လွယ်ကူသော COVID-19 စမ်းသပ်ကိရိယာကို ခွဲဝေပြီး ထုတ်လုပ်မှုကို အရှိန်မြှင့်ပါ။ စစ်ဆေးပြီးနောက် သက်ဆိုင်ရာအဖွဲ့အစည်းများကို သတင်းပို့နိုင်ရန် ပြည်သူ့ဆက်သွယ်ရေးစနစ်တစ်ခုဖြင့် ချိတ်ဆက်ဆောင်ရွက်ပါ။

အဆင့် 2 – လေးပတ်တာကာလ

အစိုးရအနေဖြင့် စဉ်းစားသင့်သော ကာကွယ်ရေးလုပ်ဆောင်ချက်များ၊ စဉ်းစားသုံးသပ်ရန် အောက်ပါအတိုင်း နည်းလမ်း နှစ်ရပ် ရှိပါသည် –

နည်းလမ်း 1 – တစ်နိုင်ငံလုံး လေးပတ်ကြာ ပိတ်ဆို့ပါ

  1. တိုင်းပြည်အတွင်းသို့ အဝင်၊ အထွက်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ချုပ်ထိန်းရန် အရေးပေါ်အခြေအနေတွင် ပြည်သူ့စီမံအုပ်ချုပ်ရေးမှ အရေးပေါ်အမိန့်ဒီကရီထုတ်ပြန်ချက်ကို ကြေညာပါ။
  2. ကျန်းမာရေးအရေးပေါ်ကိစ္စမှလွဲ၍ အမြဲတမ်းအိမ်တွင်းတွင်သာ နေထိုင်ပါ။ ပြည်သူများသည် ဗဟိုညှိနှိုင်းရေးစင်တာ 1669 သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုအတွက် အလုပ်လုပ်နေသော အခြားအဆက်အသွယ်များကို ဆက်သွယ်နိုင်ပါသည်။
  3. အလုပ်လုပ်ခြင်းစနစ်ကို ပိုမိုထိရောက်ကောင်းမွန်ရေးအတွက် လိုအပ်သော အလုပ်များကို လုပ်ဆောင်ရန် တာဝန်ကျ ဝန်ထမ်း/အရာရှိများအတွက် ယာယီနေထိုင်စရာနေရာနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို စီစဉ်ပါ။

စီးပွားရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ချက်များ

  1. လုံလောက်မှု၊ ပါဝင်မှု၊ ဒေသတွင်းဧရိယာများရှိ လူများအတွက် ရရှိနိုင်မှု၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ထည့်သွင်းစဉ်းစားပြီး ဒေသတွင်းစက်ရုံလုပ်ငန်းရှင်အုပ်စုဝင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စားသုံးသူကုန်စည်များကို ထောက်ပံ့ပေးရန်စနစ်တစ်ခုကို စီစဉ်ပါ။
  2. အစားအသောက်အဖွဲ့အစည်းများ/သက်သာချောင်ချိရေးစတိုးများသည် ပါဆယ်သယ်ယူရန် လွယ်ကူသော အစားအစာများကိုသာလျှင် စီစဉ်ထားသင့်ပါသည်။ သို့မှသာ ပြည်သူများအနေဖြင့် အိမ်သို့ ဝယ်ယူစားသောက်နိုင်ပါလိမ့်မည်။
  3. နေ့စဉ်လူမှုဘဝတွင် လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန်အတွက် အချိန်ကို သတ်မှတ်ပါ။ အစိုးရအဖွဲ့အစည်းများမှ ခွင့်ပြုထားသော ဖြန့်ဖြူးရေးဌာနများကို သတ်မှတ်ပါ။
  4. နိုင်ငံကို ပိတ်ဆို့ခြင်းကြောင့် ထိခိုက်သော သူများ အထူးသဖြင့် ဝင်ငွေနည်းသော ပြည်သူများကို ကူညီစောင့်ရှောက်ဆက်ဆံခြင်းအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို မိတ်ဆက်ပြောကြားပါ။

အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးအတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များ

  1. ဆေးဝါး၊ လူမှု၊ စီးပွား အထူးသဖြင့် လူထုဆက်သွယ်ရေးအပါအဝင် COVID-19 ကြောင့်ဖြစ်သော ပြဿနာများကို အချိန်မီ ရှင်းလင်းစွာ ပုံမှန် ထိန်းချုပ်နိုင်ရန် ဂရုတစိုက်ဖြေရှင်းနိုင်ရန် ဗဟိုဌာနတစ်ခုကို တည်ထောင်ပါ။
  2. ဗဟိုဌာန၏ ထိန်းချုပ်မှုအောက်တွင် COVID-19 ကပ်ရောဂါပျံ့နှံ့မှုအတွင်း အရေးအပေါ်ပြဿနာဖြေရှင်းခြင်းဝန်ဆောင်မှုစင်တာကို တည်ထောင်ပါ။

လူ့အဖွဲ့အစည်းအတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များ

  1. ဧရိယာတစ်ချင်းစီတိုင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းမှု၊ လုံခြုံမှုကို ထိန်းသိမ်းရန်အတွက် ရဲဝန်ထမ်း/စစ်သားများကို စီစဉ်ထားရှိပါ။
  2. ပြည်သူများသည် တစ်ဦးနှင့် တစ်ဦး အဝေးမှ ဆက်ဆံခြင်းဖြင့် နေထိုင်သင့်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပါ။

ဆေးဝါးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ချက်များ

  1. အောက်ပါအတိုင်း အမျိုးအစားခွဲခြင်းဖြင့် ဆေးဝါးဝန်ဆောင်မှုများအတွက် စနစ်တကျဖြစ်အောင် ပြုပါ –
    1. ရောဂါလက္ခဏာမပြင်းထန်သော လူနာများအတွက် ဆေးကုဌာန
    2. အထူးကြပ်မတ်ကုသမှု လိုအပ်သော ရောဂါ ပြင်းထန်သည့် လူနာများအတွက် ဗဟိုဌာနနှင့် တိုက်ရိုက်ချိတ်ဆက်လျက်ရှိသည့် ဆေးကုဌာန
  2. အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ဆေးဝါးနှင့် ဆေးပစ္စည်းများ အစဉ်မပြတ် လိုအပ်သော အခြားလူနာအုပ်စုများအနေဖြင့် ဆေးဝါးဝန်ဆောင်မှုများနှင့် ပို့ရန်လိုအပ်သော ဆေးဝါးများ လွယ်ကူချောမောစွာရရှိစေနိုင်ရန် စံ သတ်မှတ်ပါ။

နည်းလမ်း 2 – တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခြင်း

ရောဂါကူးစက်ခံရသူအရေအတွက် မြင့်မားသော ဘန်ကောက်မြို့တော်နယ်နိမိတ်ဒေသတွင်း စီရင်စုများ/အထူးခရိုင်များသည် လေးပတ်ကြာ နိုင်ငံလုံးဆိုင်ရာ အဆင့်မရောက်ခင်တွင် ပိတ်ဆို့ခြင်း ပြုလုပ်မည် ဖြစ်ပါသည်။

  1. မည်သည့်နည်းဖြင့်မဆို စီရင်စုများ/အထူးခရိုင်များကို ဝင်ခြင်း/ထွက်ခြင်း မပြုလုပ်ပါနှင့်။
  2. ကျန်းမာရေးအရေးပေါ်ကိစ္စမှာလွဲ၍ အိမ်တွင်သာ အမြဲနေထိုင်ပါ။ ပြည်သူများသည် ဗဟိုညှိနှိုင်းရေးစင်တာ 1669 သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုအတွက် အလုပ်လုပ်နေသော အခြားအဆက်အသွယ်များကို ဆက်သွယ်နိုင်ပါသည်။
  3. အလုပ်လုပ်ခြင်းစနစ်ကို ပိုမိုထိရောက်ကောင်းမွန်ရေးအတွက် လိုအပ်သော အလုပ်များကို လုပ်ဆောင်ရန် တာဝန်ကျ ဝန်ထမ်း/အရာရှိများအတွက် ယာယီနေထိုင်စရာနေရာနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို စီစဉ်ပါ။

စီးပွားရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ချက်များ

  1. လုံလောက်မှု၊ ပါဝင်မှု၊ ဒေသတွင်းဧရိယာများရှိ လူများအတွက် ရရှိနိုင်မှု၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ထည့်သွင်းစဉ်းစားပြီး ဒေသတွင်းစက်ရုံလုပ်ငန်းရှင်အုပ်စုဝင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စားသုံးသူကုန်စည်များကို ထောက်ပံ့ပေးရန်စနစ်တစ်ခုကို စီစဉ်ပါ။
  2. အစားအသောက်အဖွဲ့အစည်းများ/သက်သာချောင်ချိရေးစတိုးများသည် ပါဆယ်သယ်ယူရန် လွယ်ကူသော အစားအစာများကိုသာလျှင် စီစဉ်ထားသင့်ပါသည်။ သို့မှသာ ပြည်သူများအနေဖြင့် အိမ်သို့ ဝယ်ယူစားသောက်နိုင်ပါလိမ့်မည်။
  3. နေ့စဉ်လူမှုဘဝတွင် မရှိမဖြစ် လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန်အတွက် အချိန်ကို သတ်မှတ်ပါ။ အစိုးရအဖွဲ့အစည်းများမှ ခွင့်ပြုထားသော ဖြန့်ဖြူးရေးဌာနများကို သတ်မှတ်ပါ။
  4. နိုင်ငံကို ပိတ်ဆို့ခြင်းကြောင့် ထိခိုက်သော သူများ အထူးသဖြင့် ဝင်ငွေနည်းသော ပြည်သူများကို ကူညီစောင့်ရှောက်ဆက်ဆံခြင်းအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို မိတ်ဆက်ပြောကြားပါ။
  5. ဆေးဝါး၊ လူမှု၊ စီးပွား အထူးသဖြင့် လူထုဆက်သွယ်ရေးအပါအဝင် COVID-19 ကြောင့်ဖြစ်သော ပြဿနာများကို အချိန်မီ ရှင်းလင်းစွာ ပုံမှန် ထိန်းချုပ်နိုင်ရန် ဂရုတစိုက်ဖြေရှင်းနိုင်ရန် ဗဟိုဌာနတစ်ခုကို တည်ထောင်ပါ။
  6. ဗဟိုဌာန၏ ထိန်းချုပ်မှုအောက်တွင် COVID-19 ကပ်ရောဂါပျံ့နှံ့မှုအတွင်း အရေးအပေါ်ပြဿနာဖြေရှင်းခြင်းဝန်ဆောင်မှုစင်တာကို တည်ထောင်ပါ။

လူ့အဖွဲ့အစည်းအတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ချက်များ Preventive Actions For Society

  • ဧရိယာတစ်ချင်းစီတိုင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းမှု၊ လုံခြုံမှုကို ထိန်းသိမ်းရန်အတွက် ရဲဝန်ထမ်း/စစ်သားများကို စီစဉ်ထားရှိပါ။
  • ပြည်သူများသည် တစ်ဦးနှင့် တစ်ဦး အဝေးမှ ဆက်ဆံခြင်းဖြင့် နေထိုင်သင့်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပါ။

ဆေးဝါးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ချက်များ

  1. အောက်ပါအတိုင်း အမျိုးအစားခွဲခြင်းဖြင့် ဆေးဝါးဝန်ဆောင်မှုများအတွက် စနစ်တကျဖြစ်အောင် ပြုပါ –
    1. ရောဂါလက္ခဏာမပြင်းထန်သော လူနာများအတွက် ဆေးကုဌာန
    2. အထူးကြပ်မတ်ကုသမှု လိုအပ်သော ရောဂါ ပြင်းထန်သည့် လူနာများအတွက် ဗဟိုဌာနနှင့် တိုက်ရိုက်ချိတ်ဆက်လျက်ရှိသည့် ဆေးကုဌာန
  2. အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ဆေးဝါးနှင့် ဆေးပစ္စည်းများ အစဉ်မပြတ် လိုအပ်သော အခြားလူနာအုပ်စုများအနေဖြင့် ဆေးဝါးဝန်ဆောင်မှုများနှင့် ပို့ရန်လိုအပ်သော ဆေးဝါးများ လွယ်ကူချောမောစွာရရှိစေနိုင်ရန် စံ သတ်မှတ်ပါ။

မျှော်လင့်သော ရလဒ်များ

  1. အပြည့်အဝ အကောင်အထည် ဖော်ပါက 4 – 6 ပတ်ကြာပြီးနောက် ရောဂါကူးစက်ခံလူနာအရေအတွက် မြှင့်တက်နှုန်း ကျဆင်းသွားပါလိမ့်မည်။
  2. COVID-19 ကပ်ရောဂါပျံ့နှံ့မှုကို နှေးကွေးစေရန်နှင့် ရောဂါကူးစက်ခံရသူလူနာအရေအတွက်ကို လျော့ချပြီး 6 – 9 လအတွင်း ရောဂါကူးစက်ခြင်းကို အဆုံးသတ်ရန် ဖြစ်ပါသည်။

One Reply to “စာရွက်စာတမ်း – ထိုင်းဆေးကျောင်းပူးပေါင်းအဖွဲ့အစည်း COVID-19 အစီရင်ခံစာ”

  1. ချိတ်ဆက်မှုပြန်လှန်အသိပေးချက် - အခြေအနေအစီရင်ခံစာ – ထိုင်းနိုင်ငံ – Outbreak.Asia

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.