အခြေအနေအစီရင်ခံစာ – ဖိလစ်ပိုင်

အချိန်ကို နောက်ပြန်လှည့်ကြည့်ပါက လွန်ခဲ့သော နှစ်ပတ်ခန့်က ဖိလစ်ပိုင်သည် အမေရိကန်တွင် ဖြစ်ခဲ့သော အခြေအနေကို ရောင်ပြန်ဟပ်နေပါသည်။ ခရီးသွားလာမှုကို မကန့်သတ်ခင် ဇန်နဝါရီလနှောင်းပိုင်းတွင် စမ်းသပ်တွေ့ရှိသော တင်သွင်းကူးစက်လူနာများသည် လက်တစ်ဆုပ်စာသာ ရှိခဲ့ပါသည်။ တင်သွင်းကူးစက် COVID-19 လူနာသုံးဦး (နှစ်ဦးသေဆုံး) ကို ဇန်နဝါရီလနှောင်းပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအချိန်မှ တစ်လကြာသည်အထိ လူနာအသစ် ထပ်မံ မတွေ့ရှိခဲ့ပါ။ ထိုင်ဝမ်သို့ ဖိလစ်ပိုင်မှ ရောဂါပိုး တင်သွင်းကူးစက်ဝင်ရောက်ချိန် မတ်လ ၆-၇ ရက်တွင် အန္တရာယ်လက္ခဏာများ စတင်လာပါသည်။ ထို့နောက် ခရီးသွားခြင်းလည်းမရှိ သို့မဟုတ် ရောဂါပိုးရှိသူနှင့် သိရှိရသလောက် ထိတွေ့ခြင်းလည်း မရှိဘဲ ပြည်တွင်း ကူးစက်လူနာနှစ်ဦးကို ဖိလစ်ပိုင်တွင် တွေ့ရှိခဲ့သည်။

နောက်အပတ်အနည်းငယ်တွင် အရာရှိများနှင့် ပြည်သူများသည် ထိုအရာသည် မည်သည်ကို ဆိုလိုသည်ဟူသော အရှိအရှိအတိုင်းဖြစ်သည့် အမှန်တရားတစ်ခုကို တဖြည်းဖြည်း မြင်တွေ့ခဲ့ရပါသည် – ယခင်က မတွေ့ရှိသော လက်ရှိတွင် ထိန်းချုပ်မရနိုင်အောင် ဖြစ်နေသော လူထုကြားကပ်ရောဂါကူးစက်ပျံ့နှံ့မှုသည် ဖိလစ်ပိုင်တွင် ဖြစ်လာခဲ့ပါသည်။ အမေရိကန်ကဲ့သို့ပင် စမ်းသပ်ကိရိယာ ပြတ်လပ်မှုကြောင့် ၄င်းတို့ကို မတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပတ်ခန့်တိုင်အောင် ဖိလစ်ပိုင် ကျန်းမာရေးဌာနသည် ရောဂါပိုး စမ်းသပ်ရန်အတွက် တိုင်းပြည်ပြင်ပသို့ ပေးပို့နေခဲ့ရပါသည်။ ယခုအချိန်တွင် ကျောင်းဝင်းအတွင်းရှိ အလွန်လုံခြုံသည့် ဇီဝဓာတ်ခွဲခန်းတွင် လုပ်ဆောင်ရသော ၄င်း၏ ကိုယ်ပိုင် PCR စမ်းသပ်နည်းကို ဖိလစ်ပိုင်တက္ကသိုလ်မှ ထုတ်လုပ်ခဲ့ပါသည်။ လွန်ခဲ့သော အပတ်က စမ်းသပ်ချက် ၂၀၀၀ ခန့် လုပ်ဆောင်ခဲ့ပါသည်။

ကပ်ရောဂါပြန့်ပွားမှုသည် မြုပ်နေသောကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပါသည်။ စမ်းသပ်ချက်များ၏ ၁၇% သည် လက်ရှိတွင် ပိုးတွေ့ရှိအဖြစ် ပြန်ဖြစ်လာပါသည်။ ၁၄၂ ဦးကို ပိုးတွေ့ရှိရပြီး ၁၂ ဦးသည် မတ်လ ၁၇ ရက်တွင် COVID-19 ကြောင့် သေဆုံးခဲ့ပြီးဖြစ်ပါသည်။ ၄င်းသည် အလွန်လျင်မြန်စွာ ကူးစက်နှုန်းမြင့်လာခြင်းနှင့် မြင့်မားသော လူနာ/သေနှုန်းအချိုး ၈.၂ ကို ကိုယ်စားပြုနေပါသည်။ ကျန်းမာရေးဌာန ကပ်ရောဂါဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး သမ္မတ ဒူတာတေးသည် လွန်ခဲ့သော သုံးရက်က အနီရောင်အဆင့်သတိပေးချက် ၂ မြို့ပိတ်ဆို့ခြင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထို ‘လူထုကြား အသွားအလာကန့်သတ်ခြင်း’ ကို အောက်တွင် ဆွေးနွေးထားပါသည်။

ရိုးသားစွာဆိုရလျှင် ဖိလစ်ပိုင်တွင် ကပ်ရောဂါကူးစက်မှုသည် မည်မျှအထိ ကျယ်ပြန့်နေသည်ကို မည်သူမျှ မသိရှိနိုင်ခြင်း ဖြစ်သည်။ ကျန်ကမ္ဘာတစ်ဝှမ်းလုံးသည် ဖိလစ်ပိုင်နိုင်ငံ၏ စမ်းသပ်စစ်ဆေးနိုင်စွမ်းကို ကူညီရန် အလွန်အရေးကြီးပါသည်။ သို့မှသာ မြင့်မားသော အပူချိန်နှင့် စိုထိုင်းဆသည် COVID-19 ကပ်ရောဂါပျံ့နှံ့မှုကို နှေးကွေးစေနိုင်ခြင်း ရှိမရှိနှင့် ရှိလျှင် မည်မျှလောက်နှေးကွေးစေနိုင်ကြောင်း သိနိုင်ပါလိမ့်မည်။ အနီးဆုံးသော ကာလမှ ယခုထိတိုင် တစ်ခုတည်းသာ ထုတ်ဝေထားသော ဖိလစ်ပိုင်အတွက် ကူးစက်ရောဂါကာကွယ်တားဆီးရေး မော်ဒယ်သည် အလွန်ဆိုးဝါးသော ပုံရိပ်ကို ဆေးခြယ်ပြခဲ့ပါသည် –

  • လက်ရှိဖိလစ်ပိုင်တွင် ကူးစက်ခံရသူပေါင်း ၃၆၀၀ ခန့် ရှိနေနိုင်ပါသည်။ ၄င်းသည် တွေ့ရှိရသော လူနာများ၏ <၄% ဖြစ်သည်ဟု သွယ်ဝိုက်ရည်ညွှန်းနေပါသည်။
  • လူနာနှစ်ဆတိုးအချိန် သည် ၄ ရက် ဖြစ်ပါသည်။
  • ကပ်ရောဂါသည် ဇွန်လလယ်တွင် 250k ခန့်ဖြင့် ကူးစက်နှုန်း အမြင့်ဆုံး ဖြစ်လာပါလိမ့်မည်။
  • အင်ပီရီရယ်ကောလိပ် COVID-19 ယူဆချက်များကို အသုံးပြုလျှင်
    • ~၂၂၀၀၀ သေဆုံးလိမ့်မည်။ (.၉% CFR)
    • ~၄၉၀၀၀ သည် အောက်ဆီဂျင်ပေးရန် ဆေးရုံတက်ရန် လိုအပ်သည့် ပြင်းထန်လူများဖြစ်ပါလိမ့်မည်။
COVID-19 DJ Darwin Bandoy ၏ ကြိုတင်မှန်းဆချက်

ထိုအရေအတွက်များသည် မြို့ပိတ်ဆို့ခြင်းပုံစံအချို့အတွက် မူဝါဒ အကြုံပြုချက်များ တွင် အကြံပေးထားသော စံခံနိုင်စွမ်းကို ကျော်လွန်နေပါသည်။ အမှန်တကယ်တော့ ၄င်းသည် ပိုမိုစောစီးစွာ ဖြစ်ပေါ်လာသင့်ပါသည်။ လူထုကြားကပ်ရောဂါပျံ့နှံမှုအဖြစ် လူနာတစ်ဦးတည်းကို မနီလာမြို့လယ်ဧရိယာတွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ပင် ယမန်နေ့တွင် ပိတ်ဆို့ခြင်းကို လူဇန်ကျွန်းတစ်ကျွန်းလုံးသို့ တိုးချဲ့လုပ်ဆောင်ထားခဲ့ပါသည်။ ‘မနီလာမြို့’ ကို ပြင်ပလူများမှ တရားဝင်အားဖြင့် ရိုးရှင်းစွာ ခေါ်ဆိုသည်မှာ နိုင်ငံ၏ မြို့တော်ဒေသကြီး (NCR) ဟူ၍ ဖြစ်ပါသည်။ ၄င်းသည် ထင်ရှားသော မြို့အဆင့် ဒေသကြီး ဆယ့်ခြောက်ခု၏ မြို့တော်ဖြစ်ပါသည်။ ‘လူထုကြားအသွားအလာကန့်သတ်ခြင်း’ ဆိုသည်မှာ အဆင့်တိုင်းရှိ ခရိုင်များအကြား ကပ်ရောဂါကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ပါသည်။ လူသန်းပေါင်းများစွာ နေ့စဉ် ဖြတ်သန်းသွားလာနေသော အုပ်ချုပ်ရေးဆိုင်ရာ နယ်နိမိတ်များတွင် လက်နက်ကိုင်များဖြင့် တားဆီးထားခဲ့ပါသည်။

COVID-19 သည် လူဇန်ကျွန်းသို့ ပျံ့နှံ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ ဆုံးဖြတ်ပြီး ဖြစ်သည်ဟု ယူဆရပါသည်။ ယခုအချိန်တွင် သူတို့၏ ဦးစားပေးသည် တစ်စုံတစ်ယောက် ရရှိသော အကြီးဆုံးမြို့များမှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေး နောက်ထပ် လျင်မြန်စွာ ပျက်စီးယိုယွင်းလာသော စီရင်စုနယ်မြေများသို့ ပြည်တွင်းလူနာများ ပျံ့နှံ့ရောက်ရှိစေခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။ လာမည့် နေ့ရက်များတွင် ပိုမိုပြည့်စုံသော ကိန်းဂဏန်းအချက်အလက်ပုံရိပ်ကို စုစည်းရန် ကျွန်တော်တို့ ကြိုးစားပါမည်။ သို့သော် အများပြည်သူရရှိနိုင်သော ရင်းမြစ်မှ ကျွန်တော်တို့ ရရှိထားသော အချက်အလက်များကို အောက်တွင် ပြထားသည် –

  • ဒေသ ၁၇ ခုအနက် ၄ ခုသာ ဒေသတွင်းကျန်းမာရေးဌာန စံသတ်မှတ်ချက် ဒေသတွင်းဆေးရုံလူနာကုတင်အချိုး ရှိပြီး နိုင်ငံ၏ မြို့တော်ဒေသကြီးသည်သာလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ လမ်းညွှန်ချက်လိုအပ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါသည် [ရင်းမြစ်]
  • အထူးကြပ်မတ်ဆေးရုံကုတင်ဆယ်လုံးတွင် အောက်ဆီဂျင် အသက်ရှူစက် တစ်လုံး [ရင်းမြစ်]

ဆေးရုံများ ဒုက္ခပေးပြီး ဆိုးဝါးလာသည့်တိုင်အောင် ဆီဘူးမြို့နှင့် NCR ပြင်ပတွင် မထိန်းချုပ်နိုင်သော COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုသည် ရှာဖွေ့မတွေ့ရှိနိုင် ဖြစ်နေပါသည်။ ဖိလစ်ပိုင်သည် ယခုအချိန်တွင် COVID-19 ကပ်ရောဂါပျံ့နှံ့မှုကို တွေ့ကြုံခံစားရန် နိုင်ငံ့စွမ်းဆောင်ရည် အကန့်အသတ်များစွာရှိနေပြီး အီရန်ပြီးလျှင် အစီရင်ခံသော အရေအတွက်ကို မယုံကြည်ရသည့် နေရာတွင် ဒုတိယလိုက်သည့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ စမ်းသပ်စစ်ဆေးခြင်းသည် စီရင်စုနယ်မြေများတွင် ထောက်ပံ့ထားမှု အလွန်နည်းပါးလွန်းပါသည်။ ထို့ကြောင့် ပြင်းထန်ရောဂါလက္ခဏာရှိသော လူနာများကို ကုသရန် ဆေးဘက်ဆိုင်ရာ ကိရိယာများ လိုအပ်နေပါသည်။

https://twitter.com/annedontcare/status/1239769989596364807?s=21

မူဝါဒအကြံပြုချက်များ –

  • ပြည်တွင်း လေကြောင်းလိုင်းအားလုံးနှင့် နိုင်ငံတကာခရီးသွားခြင်းများကို ဖျက်သိမ်းပါ။
  • နိုင်ငံမခွဲခြားဘဲ နိုင်ငံတကာမှ ဆိုက်ရောက်ခရီးသည်များအားလုံးကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ပါ။
  • COVID-19 ကူးစက်ရောဂါ အတည်ပြု သို့မဟုတ် သံသယလူနာတစ်ဦးရှိသော အိမ်ထောင်စုတိုင်းကို အသွားအလာကန့်သတ်ပါ။
  • အသက် ၆၀ အထက် လူများကို လက်ဦးမှုရယူသည့်အနေဖြင့် အသွားအလာကန့်သတ်ပြီး သီးသန့်ထားပါ
  • အခြေအနေကို ပိုမိုကောင်းစွာ နားလည် သို့မဟုတ် ထိန်းချုပ်နိုင်သည့်တိုင်အောင် ဖိလစ်ပိုင်ရှိ မြို့တိုင်းကို ‘လူထုကြားအသွားအလာကန့်သတ်ခြင်း’ လုပ်ဆောင်ပါ။
  • အကူအညီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များအတွက် နိုင်ငံတကာလူထု အထူးသဖြင့် စင်ကာပူကဲ့သို့ အာဆီယံနိုင်ငံနှင့် ကိုရီးယား၊ ဂျပန်၊အမေရိကန်ကဲ့သို့ ယခင် ဖွံ့ဖြိုးရေးမိတ်ဖက်များထံသို့ အကူအညီတောင်းခံပါ။
  • အတိအကျဆိုရလျှင် ဖိလစ်ပိုင်သည် ဓာတ်ခွဲခန်းသို့ ပြန်ပို့ရန်မလိုဘဲ အဖြေကို လျင်မြန်စွာ ထုတ်ပေးနိုင်သော ဆီရမ်စစ်ဆေးခြင်း သောင်းနဲ့ချီပြီး လိုအပ်ပါသည်။
  • တိတိကျကျ စောင့်ကြည့်ထားသော အစားအသောက်လုံခြုံရေးအတိုင်းအတာများ။
  • နှင်ထုတ်ခြင်းကို တားမြစ်မှု ထုတ်ပြန်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို အတိုးမဲ့ငွေချေးမှု ပြုလုပ်ပေးရခြင်းနှင့် အဆင်းရဲဆုံးများအတွက် အစားအသောက်လုံခြုံမှု စသည်တို့ကို ရေရည်လုပ်ဆောင်နိုင်စေရန် ချို့ငဲ့သော ပြည်သူများအတွက် ခြွင်းချက်မရှိ ပြန်ပေးရန်မလိုသော ငွေသား ထောက်ပံ့မှု ပြုလုပ်ခြင်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.