အင်ပီရီရယ် COVID-19 အစီရင်ခံစာက အာရှအတွက် ဘာကို ဆိုလိုသလဲ

လွန်ခဲ့သော နှစ်ရက်က အင်ပီရီရယ်ကောလိပ်မှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်သည် COVID-19 မရှိ၍ စိတ်အေးချမ်းနေသော တိုင်းပြည်များစွာကို တုန်လှုပ်စေခဲ့ပါသည်။ အစီရင်ခံစာသည် အတော်အတန် ရှည်လျားပါသည်။ သို့သော် ထိုအကြောင်း တင်ပြသော အစီရင်ခံစာနှင့် Ferguson ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ခြင်းမော်ဒယ်၏ အဓိက တွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြပါလိမ့်မည်။ Ferguson မော်ဒယ်သည် အမေရိကန်နှင့် ဗြိတိန်ကို လေ့လာပါသည်။ နှစ်နိုင်ငံစလုံးသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အုပ်စုတစ်ခုတည်းတွင် ထားနိုင်ရန် လုံလောက်သော အခြေခံတူညီမှုများရှိပါသည်။

COVID-19 ကူးစက်ခံတိုင်းပြည် အုပ်စုသုံးစု

အစီရင်ခံစာနှင့် မော်ဒယ်အကြောင်းကို စတင်မရှင်းပြခင် COVID-19 နှင့် ပတ်သက်ပြီး ယခုလက်ရှိအခြေအနေထိအောင် ဖြစ်လာသော မှတ်တမ်းများအပေါ်မူတည်ပြီး အုပ်စုကြီးသုံးစု ခွဲပြောရန် အရေးကြီးသည်ဟု ယူဆပါသည်။ COVID-A တိုင်းပြည်များသည် တရုတ်ပြည်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်ကြသည်။ ထိုနိုင်ငံများသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ကူးစက်သွားစေသော ထိန်းချုပ်ဟန့်တားရန် မစွမ်းနိုင်သည့် ကပ်ရောဂါပျံ့ပွားမှုကို တွေ့ကြုံခံစားခဲ့ရပါသည်။ COVID-B သည် တရုတ်ပြည်နယ်နိမိတ်ထိစပ်နိုင်ငံများ သို့မဟုတ် ပြည်မတရုတ်လူမျိုးများ မြင့်မားစွာဝင်ထွက်သွားလာမှုရှိပြီး SARS ရောဂါကူးစက်မှုမှတ်တမ်းရှိသည်၊ ကူးစက်ခံရမှုများစွာရှိသည်ဟု သတ်မှတ်ခံရပုံပေါ်ပြီး ပထမလှိုင်းလူထုကပ်ရောဂါပျံ့နှံ့မှု ပါဝင်ပါသည်။

COVID-C ကပ်ရောဂါပြန့်ပွားမှုနေရာများတွင် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလ အစောပိုင်းများတွင် ဂရုတစိုက် စောင့်ကြည့်လေ့လာခြင်းများဖြင့် COVID-A တိုင်းပြည်များမှ တင်သွင်းကူးစက်ခံရသော လူနာအနည်းငယ်ကို တွေ့ရှိသော နေရာများ ယေဘုယျအားဖြင့် ပါဝင်ပါသည်။ ဖေဖော်ဝါရီလတွင် ၄င်းတိုင်းပြည်များသည်လည်း ခရီးသွားမှုကို ထိန်းချုပ်ခြင်းကိုလည်းကောင်း တရုတ် (နောက်ပိုင်းတွင် ကိုရီးယား) ခရီးသွားများအား အသွားအလာကန့်သတ်ခြင်းများကိုလည်းကောင်း လုပ်ဆောင်ခဲ့ကြသည်။ ယခုသိရှိရသည်မှာ အကြမ်းဖျင်းအားဖြင့် တင်သွင်းကူးစက်ခံရသူလေးဦးတွင် တစ်ဦးကိုသာလျှင် ပြည်သူ့ကျန်းမာရေးစောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိစစ်ဆေးနိုင်ပါသည်။ စစ်ဆေးမခံရသော တင်သွင်းကူးစက်ခံရသူများ၏ လေးပုံသုံးပုံအနက် တစ်ပုံသည် နောက်ထပ် 45 ရက်အတွင်း နောက်ထပ် လူတစ်ထောင်ကျော်ခန့်ကို ထပ်မံကူးစက်နိုင်ပါသည်။

ဥပမာအားဖြင့် ဖိလစ်ပိုင်နိုင်ငံအတွက် ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ခြင်းမော်ဒယ်သည် ဇန်နဝါရီလနှောင်းပိုင်းတွင် ရှာဖွေ့တွေ့ရှိသော (သို့မဟုတ် တွေ့ရှိမှု နောက်ကျသော) တင်သွင်းကူးစက်ခံလူနာ ဆယ်ဦးမျှရှိသည်ဟု ယူဆခြင်းဖြင့် စတင်ပါသည်။ ၄င်းသည် ယနေ့ဖိလစ်ပိုင်တွင် ခန့်မှန်းလူနာဦးရေ 3 ထောင် 4 ထောင်ကူးစက်ခံရမှုအတွက် ပင်မရင်းမြစ်ဖြစ်လာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းကူးစက်ခံရသူ နှစ်ရာသည် လွန်ခဲ့သော အပတ်က နှစ်သောင်းခန့်ကို ခန့်မှန်းကူးစက်ခံရခြင်းအတွက် ပင်မရင်းမြစ်ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သော အပတ်က COVID-C အုပ်စုသည် လက်ရှိ လူထုကြားကပ်ရောဂါပျံ့ပွားမှုကို ထိန်းချုပ်လာနိုင်သော COVID-A နှင့် -B အုပ်စုဝင်နိုင်ငံများသို့ အဓိက ဒုတိယလှိုင်းရောဂါအန္တရာယ် တင်သွင်းကူးစက်သူ ဖြစ်လာသည်မှာ ထင်ရှားလာပါသည်။

Aတရုတ်ပြည်နှင့် တောင်ကိုရီးယားဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ဝူဟန်မြို့မှ တိုက်ရိုက် ထိန်းချုပ်ဟန့်တားရန် မစွမ်းသာသော ကပ်ရောဂါပြန့်ပွားမှုများကို တွေ့ကြုံခံစားခဲ့ရသော နေရာများ။
လက်ရှိတွင် ထိန်းချုပ်နိုင်သော အနေအထားကို ရောက်ရှိနေပြီဖြစ်သည်။
Bဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် စင်ကာပူ

ဖြစ်နိုင်ခြေ – သြစတေးလျ၊ နယူးဇီလန်
တရုတ်လူမျိုးများမှ တိုက်ရိုက် တင်သွင်းကူးစက်ခံရသော၊ စောစီးစွာ ပြတ်ပြတ်သားသား စီမံဆောင်ရွက်ခဲ့ရသော၊ လူထုကြား ကပ်ရောဂါပျံ့နှံ့မှုကို စောစီးစွာစမ်းသပ်သိရှိပြီး ရပ်တန့်နိုင်ဖွယ်ရှိသော နေရာများ။

ဥရောပနှင့် အမေရိကန်မှ ဒုတိယလှိုင်းတင်သွင်းကူးစက်မှုအန္တရာယ်ကြောင့် လက်ရှိတွင် နယ်စပ်များကို ပိတ်ဆို့ထားသည်။ ဒုတိယလှိုင်း လူထုကြားကပ်ရောဂါပျံ့နှံ့မှုကို စောစီးစွာ ရှာဖွေမတွေ့နိုင်သရွေ့ ၄င်းတို့သည် ကာကွယ်ဆေးရောက်ရှိလာသည့်တိုင် သီးသန့်နေခြင်းဖြင့် ပြန့်ပွားမှုကို စောင့်ကြည့်နေနိုင်ပါသည်။
Cအမေရိကန်၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ဂျာမဏီ၊ ဖိလစ်ပိုင်၊ မလေးရှား

ဖြစ်နိုင်ခြေ – ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ လာအို၊ ကမ်ဘောဒီးယား၊ လက်တင်အမေရိက

ဖြစ်နိုင်သော – ဂျပန်
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ပိုးရှာဖွေ မတွေ့ရှိခဲ့သော၊ နှိုင်းယှဉ်ခြင်းအားဖြင့် တရုတ်ပြည်မှ တင်သွင်းကူးစက်မှုနည်းပါးသော တိုင်းပြည်များ။ နှစ်လကြာပြီးနောက် ၄င်းနိုင်ငံများသည် 4-5 ရက်အတွင်း နှစ်ဆဖြစ်လာပြီး နှစ်လနီးပါးကြာ တည်ဆောက်လာသော လူထုကြားကပ်ရောဂါပြန့်ပွားမှုနှင့် လက်ရှိတွင် ရင်ဆိုင်နေရသည်။

အင်ပီရီရယ်ကောလိပ်အစီရင်ခံစာမှ Ferguson မော်ဒယ်သည် COVID-A နှင့် -B အုပ်စုအတွက် ဂယက်ရိုက်ခတ်နိုင်ခြေရှိသော COVID-C နိုင်ငံများနှင့် အများဆုံး သက်ဆိုင်ပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်က COVID-A နှင့် -C နိုင်ငံများသည် အသွားအလာကန့်သတ်ခြင်းနှင့် ယခုတွင် နိုင်ငံတကာလေကြောင်းလိုင်းများကို တားမြစ်ပိတ်ပင်ခြင်းကိုပါ လုပ်ဆောင်ရန် မူဝါဒများကို ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ထိုမူဝါဒများသည် ကာကွယ်ဆေး မတွေ့ခင်နှင့် ဒုတိယလှိုင်း COVID-C တင်သွင်းကူးစက်မှုများကို ရှာဖွေတွေ့ရှိပြီး ထိန်းသိမ်းနိုင်ကြောင်း သေချာအောင် မပြုလုပ်နိုင်ခင်တွင် ဤမော်ဒယ်သည် သက်ရောက်နိုင်ခြေရှိလိမ့်မည်မဟုတ်ပါ။ ကာကွယ်ဆေးမရမရှိခင်တွင် တိုင်းပြည်တိုင်းသည် COVID-19 ကို ထိန်းချုပ်ပြီး ဖိနှိပ်ရန် မဟာဗျူဟာ လိုအပ်နေခြင်းသည် အဓိက မှတ်သားရမည့် အရာများ ဖြစ်ပါသည်။

COVID-19 ကို “ လူထုရောဂါပြီးခြင်း” မှတစ်ဆင့် ‘ထိန်းချုပ်’နိုင်မည်ဟု ထင်သော သို့မဟုတ် တစ်နည်းအားဖြင့် ဘီးလုံးပေါ်တွင် အိပ်မောကျနေသော COVID-C တိုင်းပြည်များကို ကပ်ဆိုက်မှုသီးသန့်က စောင့်ဆိုင်းနေသည်ဟူသော အချက်အထိတိုင် ဗြိတိန်၊ ဥရောပနှင့် အမေရိကန်မူဝါဒရေးဆွဲသူများအား နိုးထလာစေရန် အစီရင်ခံစာကို ရည်စူးရေးသားခဲ့ပါသည်။ Boris Johnson အပါအဝင် ခေါင်းဆောင်များစွာသည် ဤနေရာတွင် ကပ်ရောဂါပြန့်ပွားမှုနှင့်ပတ်သက်ပြီး လုပ်ဆောင်ရန် များများစားစားမရှိဟု ယုံကြည်ပြီး သူတို့ဘာသာ ကြိတ်မှိတ်လက်ခံထားဟန် တူပါသည်။ COVID-19 ကို “ ဘာမှမလုပ်” ချဉ်းကပ်မှုသည် မေလနှောင်းပိုင်း/ဇွန်လဦးပိုင်းကာလများတွင် ဗြိတိန်၌ ကပ်ရောဂါပျံ့နှံ့မှု ထိပ်ဆုံးရောက်အောင် လုပ်ဆောင်သွားလိမ့်မည်ဟု ဤမော်ဒယ်တွင် တွေ့ရှိခဲ့ပါသည်။ တိုင်းပြည်၏ 80% သည် ကူးစက်ခံရလိမ့်မည်ဖြစ်ပြီး 510k (အမေရိကန်တွင် 2.2 m) သေဆုံးပါလိမ့်မည်။

Ferguson မော်ဒယ်

Ferguson မော်ဒယ်သည် ကျွန်တော်တို့တွင် ရရှိနိုင်သော အကန့်အသတ်နှင့် အချက်အလက်များမှ အနည်းငယ်ဖြင့် ယူဆသုံးသပ်ပါသည်။ ပထမဦးစွာ ကူးစက်ခံရသူ၏ ထက်ဝက်ခန့်သည် လက္ခဏာမဲ့ဖြစ်ပြီး ၄င်းသည် တစ်ဖန် လူငယ်များအကြားတွင် ထူးထူးကဲကဲ အစုအပြုံလိုက် ဖြစ်စေပါသည်။ ခြုံငုံရောဂါကူးစက် သေနှုန်းသည် လက်ရှိတွင် အတည်ပြုထားသော လူနာအရေအတွက်ထက်များစွာ နည်းပါးပါသည်။ IFR သည် .9% ဖြစ်ပြီး 4.4% သည် ဆေးရုံတက်ရန်လိုအပ်သော ပြင်းထန်လူနာများဖြစ်ကြသည်။ ဆေးရုံတက်ရန် လိုအပ်သူများထဲမှ 30% သည် စက်သုံး၍ အောက်စီဂျင်အသက်ရှူခြင်း (EMCO) ဖြင့် အထူးဂရုစိုက်စောင့်ရှောက်မှု လိုအပ်ပါသည်။ အီတလီအတွေ့အကြုံပေါ်အခြေခံပါက ထိုအုပ်စုကွဲများ၏ 50% သည် သေဆုံးပါလိမ့်မည်။ အထူးကြပ်မတ်ကုသစွမ်းရည်သည် ဒုက္ခပေးပါက စက်အသက်ရှူခြင်းလိုအပ်ပြီး မရရှိသော လူနာများသည် သေဆုံးနိုင်ပါလိမ့်မည်။

Ferguson မော်ဒယ်သည် ဖြစ်နိုင်သော (2 မှ 2.6 ထိ အတိုင်းအတာကြားရှိသည်)COVID-19 RO’s လေးခုနှင့် မတူညီသော “ အစပြု” စံခံနိုင်စွမ်းငါးခုမှတစ်ဆင့် ကာကွယ်ထိန်းချုပ်နည်းလေးခုကို ကြည့်ပါမည်။ လက်ရှိ အကောင်းဆုံးခန့်မှန်းချက်မှာ 2.4 ဖြစ်သော်လည်း စမ်းသပ်မှု မရှိသူများနှင့် တရုတ်လူနာအရေအတွက်၏ တိကျမှုကို သံသယရှိခြင်းသည် COVID-19’s RO နှင့် ပတ်သက်ပြီး မသေချာမှုများ ရှိနေဆဲဟု ဆိုလိုပါသည်။ ဤအစီရင်ခံစာ သို့မဟုတ် မကြာသေးခင်က ဖိလစ်ပိုင်အတွက် မော်ဒယ်တို့မှ ယူဆလက်ခံမှု မရှိသော်လည်း နွေးထွေးသော ရာသီဥတုနှင့် စိုထိုင်းဆသည် RO ကို လျော့ကျစေရန် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ မော်ဒယ်မှ ထည့်သွင်းစဉ်းစားသော ကာကွယ်ထိန်းချုပ်နည်းလေးနည်းသည် အောက်ပါအတိုင်း ပေါင်းစပ်မှုများဖြစ်ပါသည် –

COVID-C တိုင်းပြည်များ သို့မဟုတ် မည်သည့် ဆိုင်းငံ့ -A သို့မဟုတ် B နိုင်ငံများသည် လာမည့် 18-24 လအကြာတွင် COVID-19 ကို ဖိနှိပ်ရန် ကြိုးစားပါလိမ့်မည်ဟု အစီရင်ခံစာမှ ယူဆပါသည်။ ကာကွယ်ဆေး မရရှိခင်တွင် တားဆီးကာကွယ်နည်းလမ်း လေးမျိုးစလုံးသည် ထိန်းချုပ်နိုင်မည် မဟုတ်သောကြောင့် ဖိနှိပ်ရန် အားထုတ်ခြင်းများသည် အသီးသီးသော အစပြု စံခံနိုင်စွမ်းများတွင် လိုအပ်သလို ရပ်ရန်၊ လုပ်ရန် လိုအပ်ပါလိမ့်မည်။ ထိုအစပြုများသည် “ COVID-19 လူနာ Y အရေအတွက်သည် လက်ရှိတွင် တိုင်းပြည်အတွင်းရှိ အထူးကြပ်မတ်ဆောင်လူနာကုတင်များတွင် ရှိနေချိန် X မူဝါဒများ ထုတ်ပြန်သည်” ဟု ဆိုလိုပြီး အစီရင်ခံစာတွင် ဗြိတိန်အတွက် 60 မှ 400အထိ ရှိပါသည်။

အခြားသူများနှင့် ထိတွေ့ရန် အချိန်ကာလတိုတောင်းသောကြောင့် ကျောင်းနှင့် အလုပ်ပိတ်ခြင်းများသည် လူထုစုဝေးရာများကို ပိတ်ပင်ခြင်းထက် အကျိုးသက်ရောက်မှုပိုရှိပါသည်ဟု မော်ဒယ်က ယုံကြည်ပါသည်။ ၄င်းသည် သီးသန့်ထားသော ကူးစက်လူနာတစ်ဦးစီတိုင်းသည် လုံလောက်အောင် ဝေးဝေးမထားသည်ကို လက်ရှိမူဝါဒတွင် နေရာဒေသတိုင်း၌ တွေ့နိုင်ပါသည်။ ရောဂါပိုးတွေ့ရှိပါက အိမ်ထောင်စုတစ်ခုလုံးကို အိမ်တွင်းထောင်ချထားသကဲ့သို့ အိမ်တွင်းတွင် သာနေထိုင်ပြီး အသွားအလာကန့်သတ်ထားရန် လိုအပ်ပါသည်။

COVID-19’s RO သည် 2.1 ဖြစ်ပါက၊ အစပြုခြင်းသည် အထူးကြပ်မတ်ဆောင်တွင် လက်ရှိ ကူးစက်ခံရသူ 60 အဖြစ်ထားရှိပါက တားဆီးကာကွယ်နည်းလမ်းလေးခုလုံး အသုံးပြုခြင်းဖြင့် ဗြိတိန်ကို စုစုပေါင်းသေဆုံးမှု 510k မှ 8600 သို့ လျော့လာစေပါလိမ့်သည်ဟု မော်ဒယ်တွင် တွေ့ရှိခဲ့သည်။ ကပ်ဘေးတွင် သေဆုံးမှုသည် တူညီသော တားဆီးကာကွယ်အစီအစဉ်အောက်တွင် 39k သို့ မြှင့်တက်သွားလိမ့်မည်ဖြစ်သော်လည်း အစပျိုးအထူးကြပ်မတ်လူနာ 400 ဖြင့် ဖြစ်ပါသည်။ အနိမ့်ဆုံး အစပျိုးမှုဖြင့်ပင် လူနာသီးသန့်ထားခြင်း + ယေဘုယျအားဖြင့် လူများနှင့် အဝေးတွင် နေထိုင်ခြင်း + အိမ်တွင်းနေထိုင်ရန် အသွားအလာကန့်သတ်ခြင်းသည် 85k သေဆုံးမှု ဖြစ်သွားစေနိုင်ပါသည်။ အစပျိုးကို 100 ထားပြီး ကာကွယ်တားဆီးရေးအစီအစဉ်လေးရပ်စလုံးကို လုပ်ဆောင်ပါ အောက်ပါကဲ့သို့ ဖြစ်နေပါလိမ့်မည် –

အောင်အောင်မြင်မြင် ‘မျဉ်းကွေးကို ချိုးချခြင်း’ သည် အထူးကြပ်မတ်လူနာများ အမြင့်ဆုံးအရေအတွက် ရောက်ရှိခြင်းကို စောစီးစွာ ဖြစ်စေသည်။ ထို့နောက်တွင် အစပျိုးခြင်းအနေအထားမှ ပြန်လည်စတင်သည့်တိုင်အောင် ဖိနှိပ်မှု ကာကွယ်တားဆီးခြင်းအစီအစဉ် လျှော့လိုက်ခြင်း သံသရာလည်ခြင်းတို့ ဆက်လက်ဖြစ်လာပါလိမ့်မည်။ အကောင်းဆုံး ဖြစ်နိုင်ခြေမှာ COVID-C အုပ်စုဝင်တိုင်းပြည်များသည် ကာကွယ်ဆေး မရှိခင်အချိန်အထိ အကြမ်းဖျင်းအားဖြင့် နှစ်လတစ်ကြိမ် ကပ်ရောဂါပျံ့နှံ့မှုလှိုင်းများကို တိုက်ခိုက်နေရပါလိမ့်မည်။

အာရုတိုက်အတွက် မော်ဒယ်က ဘာကို ဆိုလိုသလဲ

COVID-19 သည် ဤနေရာတွင် သတ်မှတ်ထားသည့် -C အုပ်စုဝင်နိုင်ငံများတွင် ပိုမို၍ သေဆုံးနိုင်ခြေရှိပါလိမ့်မည်။ ရိုးရှင်းစွာ ဆိုရလျှင် ဆေးရုံများ၏ အခြေခံ အသည်းအသန် လူနာပြုစုနိုင်စွမ်းသည် အမေရိကန် သို့မဟုတ် ဗြိတိန်နိုင်ငံများထက် အရှေ့တောင်အာရှနိုင်ငံများတွင် ပိုမိုနည်းနိုင်ခြေများပါသည်။ Ferguson မော်ဒယ်သည် အထူးကြပ်မတ်လူနာကုတင်နှင့် စက်သုံး၍ အောက်ဆီဂျင်အသက်ရှူခြင်း (EMCU) အကြား 1:1 ဆက်နွယ်မှုရှိသည်ဟု ယူဆကြရာ ဖိလစ်ပိုင်တွင် အထူးကြပ်မတ်လူနာကုတင် 10 ခုရှိပါမှ အသက်ရှူစက် 1 ခု သာ ရှိသည်ကို ယမန်နေ့ညက သတိပြုမိခဲ့သည်။ တစ်စုံတစ်ယောက်ရနိုင်သော အဆင့် 1 မြို့များမှ အထူးကြပ်မတ် စောင့်ရှောက်နိုင်စွမ်းသည် နောက်ထပ် လျင်မြန်စွာ ကျဆင်းသွားပါသည်။ တင်းကြပ်စွာ ကာကွယ်တားဆီးခြင်းအစီအစဉ် မရှိ၍ COVID-19 ကြောင့် အသေအပျောက်သည် EMCU စွမ်းဆောင်ရည် အလွန်နည်းသော တိုင်းပြည်များတွင် အောက်ပါကဲ့သို့ ဖြစ်နေနိုင်သည်ကို တွေ့ရပါလိမ့်မည်။

အစီရင်ခံစာသည် ကျွန်တော်တို့အနေအထားထက် တရုတ်နှင့် ကိုရီးယား၏ ဖိနှိပ်မှုမော်ဒယ်ကို ပိုမိုယုံမှား သံသယဖြစ်ဖွယ် ဖြစ်ပါသည်။ ဟောင်ကောင်တွင် အချိန်မှီရောဂါအမည်တပ်ရန် သို့မဟုတ် ရောဂါကုသရန် စွမ်းရည်အား ဒုက္ခပေးသည့် တရုတ်ပြည်မှ တင်သွင်းကူးစက်လူနာလှိုင်းကို ထိန်းချုပ်ခဲ့ပါသည်။ ဟူပေပြည်နယ်တွင် ဒုက္ခအဓိကပေးသော လူနာများရှိနေစဉ် COVID-19 သည် တရုတ်ပြည်ရှိ မြို့တိုင်းသို့ ပြန်နှံ့ပြီးဖြစ်သည်ကို ပြသရန် ကြည်လင်ပြတ်သားမှုနှုန်းမြင့် ပထဝီဝင်မြေပုံ OSINT HK ကို ထုတ်ခဲ့ပါသည်။ HKU ကူးစက်ရောဂါတားဆီးရေးပညာရှင်များသည် ၄င်းမှာ လူထုကြားကပ်ရောဂါပျံ့နှံ့မှုများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါသည်။

ပြန်တွေးကြည့်ပါက ပထမလှိုင်းတွင် ကျွန်တော်တို့ ကြောက်ရွံ့သော ကံကြမ္မာမှ ဟောင်ကောင်ကို ကယ်တင်ခဲ့သော အရေးကြီးသည့် ပြောင်းလဲနိုင်မှုမှာ ကွမ်တုံပြည်နယ်သည် COVID-19 ကို ကာကွယ်သော တံတိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အထူးကြပ်မတ်စွမ်းဆောင်ရည် နိမ့်ပြီး မထိန်းချုပ်နိုင်သော ကပ်ရောဂါပျံ့နှံ့မှုရှိနေသည့် အာရှတိုင်းပြည်များသည် ဝူဟန်မြို့ကိုသာလျှင်ကြည့်ခြင်းထက် ရှန်းကျန်မြို့နှင့် ကွမ်ကျိုးမြို့ကဲ့သို့သော နေရာများကို ပိတ်ဆို့ပစ်ခြင်းသည် လိုက်လုပ်သင့်သော မော်ဒယ်တစ်ခု ဖြစ်လာပါသည်။ သူတို့သည် ဤအစီရင်ခံစာမော်ဒယ်ပါ ကာကွယ်တားဆီးရေးအစီအစဉ်အားလုံးကို လိုက်နာပြီး COVID-19 ကူးစက်နိုင်ခြေမြင့်သော အုပ်စုခွဲများကို သီးသန့်ထားရန်မှလွဲပြီး ဖော်ပြပါခဲ့သည်။

ဇန်နဝါရီလနောင်းပိုင်း တရုတ်ပြည်နယ်များသည် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ ယနေ့ဖြစ်သလို အခြေအနေမျိုးနှင့် ဆင်တူပါသည်။ စမ်းသပ်နိုင်စွမ်းကို မြှင့်တင်လိုက်သည့်တိုင်အောင် ရှာဖွေမတွေ့ရှိဘဲ ကျန်ရစ်သော မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေသည့် ကပ်ရောဂါကူးစက်မှု ဖြစ်နေသည်ဟု အားလုံး သိကြပါသည်။ စမ်းသပ်စစ်ဆေးခြင်းသည် လူထုကြားကူးစက်မှုအများစုကို ရှာဖွေပြီး ၄င်းတို့ကို သီးသန့်ထားရန် လုံလောက်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိချိန်တွင် မြို့ပိတ်ဆို့ခြင်းအရေအတွက်သည် နှစ်လခန့်ကြာပြီးနောက်တွင် ကျဆင်းလာပါလိမ့်သည်။

အစီရင်ခံစာသည် COVID-A နှင့် -B အုပ်စုဝင်တိုင်းပြည်များတွင် တိုးတိုးပြီး မြင်တွေ့လာရခြင်းအတွက် ထည့်မတွက်ပါ – အသွားအလာကန့်သတ်ခြင်း သို့မဟုတ် နိုင်ငံတကာဧည့်သည် ဝင်ရောက်မှုကို လုံးဝပိတ်ပစ်ခြင်းဖြင့် ဒုတိယနှင့် တတိယလှိုင်းများမှ သူတို့ကိုယ်သူတို့ တားဆီးလိုက်ခြင်း ဖြစ်သည်။ အင်ပီရီရယ်အစီရင်ခံစာသည် လှိုင်းလုံးတစ်လုံးကို ထိန်းချုပ်လာနိုင်သော်လည်း နိုင်ငံတကာလေကြောင်းခရီးသွားလာမှုသည် တိုင်းပြည်များကို ရောဂါပြန်လည်ဆက်လက်ကူးစက်စေမည်ဟု ယူဆဟန်ရှိပါသည်။ ထို့ကြောင့် လေကြောင်းခရီးမှာ ရောက်ရှိသော သူများကို အသွားအလာကန့်သတ်ခြင်းနှင့် နေရာတိုင်းတွင် အရေးမကြီးသော နိုင်ငံတကာ ခရီးသွားခြင်းအား ကန့်သတ်ခြင်းကို လေးလေးနက်နက် အကြံပြုခြင်း ဖြစ်ပါသည်။

လိုအပ်သော နေရာများတွင် စမ်းသပ်စစ်ဆေးနိုင်စွမ်းတိုးတက်လာသည့်တိုင်အောင် တိုင်းပြည်များကို ပိတ်ဆို့ခြင်းသည် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ နေရာများတွင် အသေအပျောက်များစွာ ရှိလာခြင်းမှ ကာကွယ်ပေးပါသည်။ သို့သော်လည်း ၄င်းသည် ကူးစက်ရောဂါအသစ်များ ဆက်လက်ရောက်ရှိလာပါက အလုပ်ဖြစ်မည်မဟုတ်ပါ။ ၄င်းသည် နိုင်ငံ၏ စီးပွားရေး ဖွတ်ဖွတ်ကြေစေလိမ့်မည်ဖြစ်ပြီး အစားအသောက်ဖူလုံရေးနှင့် ဆင်းရဲသားများအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ကောင်းပါသည်။ သို့သော်လည်း လက်ရှိတွင် ဤပြင်းထန်သော တစ်စိတ်တစ်ပိုင်းကုသခြင်းနည်းလမ်းကို အသုံးပြုမည်လား၊ လူဦးရေ၏ 60-80% ကို ကူးစက်ခွင့်ပြုပြီး ဖြစ်လာသော လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခြင်းကို လက်ခံမည်လား စဉ်းစားဖွယ်ပင်ဖြစ်ပါသည်။

One Reply to “အင်ပီရီရယ် COVID-19 အစီရင်ခံစာက အာရှအတွက် ဘာကို ဆိုလိုသလဲ”

  1. ချိတ်ဆက်မှုပြန်လှန်အသိပေးချက် - COVID-19 ကို အမြစ်ဖြတ်ရန် နည်းလမ်းငါးသွယ် – Outbreak.Asia

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.